အဖော်မဲ့အပျော်ကင်းမျှော်လင့်ခြင်းဝေဒနာ


အဲဒီနေ့ က ……
ငါ့ရင်ခုန်သံလှလှပပလေး
နတ်သက်ကြွေခဲ့ရတယ်
နင့်အမှန်းတွေနဲ့ အတူပေါ့
ကမ္ဘာမြေပေါ်ကို
ပန်းသီးလေးတစ်လုံးကြွေတာလောက်
မလှပပါခဲ့ပါဘူး……..
ငယ်ငယ်တုန်းက


အညာခံခဲ့ရဖူးသလိုလေ
သက်တန့် ရောင်စဉ်တွေရဲ့ အဆုံးမှာ
ရွှေအိုးလေးလုံးမြုတ်ထားတယ်တဲ့ 
အစကတော့ ဟုတ်သလိုလိုနဲ့ 
 နှုတ်ချိုချိုလေးကိုမှယုံမိခဲ့တာကို
ဒဿနလေးတစ်ခု
သတိရမိလိုက်သေးတယ်…..
ကြိုးနှစ်စပြန်ဆက်ရင်ဆက်ထုံးလေးနဲ့ ဆို
နင့်ကိုတသက်မမုန်းဘူးဟေ့
နာကြင်စွာဟစ်ကြွေး…..
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တယ်တဲ့ 
တချက်တချက်မှာ မှိန်းမောသွားတဲ့
့ခပ်ပိန်းပိန်းအတွေးတွေလဲ
ဟိုယိမ်းဒီယိုင်နဲ့ 
စစ်ဘီလူးတွေရဲ့ 
စစ်ချီသံတွေနဲ့ ထပ်တူပြုနေခဲ့တယ်နော်
ဘာကိုမှမစဉ်းစားပါရစေနဲ့ တော့
သတင်းမေးတဲ့ သူက မေးကျသေးတယ်
ငါ့နှလုံးသားဆေးရုံက ဆင်းဘီလားတဲ့ လေ
အပြုံးများအတွက်ဓါတ်စာမပါပဲ
လက်ချည်းလာတဲ့ ယင်ကောင်ရိုင်းတွေလိုပဲ
ဗလိုင်းကြီးချေမှုန်း
ခပ်တုံးတုံးငါ့အတ္တကို
အတိုင်းအဆမဲ့…ရက်စက်…
သက်သက်မက်လဲပြက်ရယ်ပြုကျသေးတယ်….
နင့်မျက်ကွယ်အခုချိန်မှာတော့
……………………………….
နင့်မျက်ကွယ်အခုချိန်မှာတော့
………………………………
နင့်မျက်ကွယ်အခုချိန်မှာတော့
…………………………..
တိမ်တွေလိုမျော….

မိုးသူ(တောင်ကြီး)
28 Sep 2011/02:43PM

No comments:

Post a Comment