မညီညာတဲ့အလွမ်း

ချစ်သူရေ …
ဖျားနေတာလား
နားနားနေနေ…..နေပါ…..

အကြင်နာတရက်စွန်းခါမှ
အပြင်မှာမျက်ဝန်းတွေစိုနေတယ်
အမြင်မှာတော့ ပျော်နေသယောင်ယောင်ပေါ့


အဆင်သဖြင့်မျှော်
ရင်နင့်အောင်ခေါ်လိုက်ချင်ရဲ့ 
နင်ပေါ်မလာတာ
တရက်…နှစ်ရက်….သုံးရက်
လက်ချိုးကာရေတွက်
နင်စေရက်တဲ့ အလွမ်းရွာမှာ
ပန်းကဗျာတွေသီကုန်း
အနမ်းဗလာနဲ့  ဒုန်းဆိုင်း
ငါပဲရာဇ၀င်ရိုင်းခဲ့တယ်…….

အနှိုင်းမဲ့ မေတ္တာတွေနဲ့ 
အတိုင်းမရှိ ချစ်ပ်ါကွဲ့ ရယ်လို့ 
အနှစ်မပါတဲ့ သစ္စာတွေဖွဲ့ 
လှစ်ဟာပြခဲ့တာနင့်သဘောလေလား
နစ်မျောခဲ့တာ ဆယ်သက်
်မငဲ့ကွက်တာ ဆယ် ကမ္ဘာ
တကယ်သာ ရှောင်ပုန်းခဲ့ရင်
လှောင်ပြုံးနဲ့ ဟန်ဆောင်ပါ့မယ်ကွဲ့ 
နောင်အဆုံးမဲ့သံသရာမှာ
တဖန်သာလူရယ်လို့  ဖြစ်ခဲ့ ရင်ပေါ့
အပူတွယ်တတ်တဲ့ အသဲ
ငါ့ကိုငါပြန်ခွဲပြမယ်လို့ ကြံ
အဆံမရှိခဲ့တဲ့ စိတ်
အရိပ်မဲ့တွယ်ငြိ
နင်လဲမသိခဲ့ ပါဘူးကွယ်..
…………
……………
ချစ်သူရေ ……….
ဖျားနေတာလား
နားနားနေနေ…..နေပါ………

မိုးသူ(တောင်ကြီး)
03 Oct 2011/10:11AM

No comments:

Post a Comment