ဖြေတွေး

မကောင်းသူထိပ်ကောင်းသူထိပ်တဲ့
ကဲ တစ်စိတ်အမိန့် ရှိစမ်းပါ
ဒီစကားဘယ်သူတီထွင်ခဲ့သလဲလို့ 
ကံကပဲအပီအပြင်ဆိုးခဲ့သလိုလို
ထီထိုးတော့လဲရှေ့ တလုံးတူ
နောက်ဆုံးတူနဲ့ 
ခလယ်အကုန်လွဲခဲ့သတဲ့လေ....


မိုးတွေရွာတိုင်းစိတ်မချဖြစ်ခဲ့ဖူးတယ်
အတိတ်ကိုအတိတ်မှာထားပါ
ငါကဖြင့်အရိပ်တကြည့်ကြည့်နဲ့ပေါ့
သိပ်ပြီးတိတိကျကျတော့မဟုတ်ပြန်ဘူး
မိမိရရ ဖြစ်ဖူးတဲ့အကြောင်းအရာတွေနောက်မှာ
ပြောင်းပြန်တွေဖြစ်တတ်ခဲ့သေးတယ်

နင်လွန်တာနင်သိလို့ လား
တမင်ပိုကာနင်ပစ်လို့ ထား ခဲ့ရင်
မှားတယ်လို့ မထင်တဲ့ နှလုံးသား
ငါအမုန်းလဲမပွားရက်နိုင်ခဲ့
ပဲ့ ကိုင်မဲ့တဲ့ လှေငယ်ဘ၀မှာ
ပေတေကာအမှောင်ကိုဖြတ်ကူး
မထူးဘူးဟဲ့ရယ်လို့ ကြံ
အဖန်တစ်ရာ တေနေတဲ့ အမေးနဲ့ 
ငါ ဖြေတွေးလေးပဲတွေးလိုက်တယ်...

မိုးသူ(တောင်ကြီး)
25 OCT 2011/TUE
8:36 AM

No comments:

Post a Comment