နွားတစ်ကောင်ရဲ့ အတွေး


မိုးပေါ်ကကျလာတဲ့ ရေတစက်
မြေကြီးထဲကထွက်လာတဲ့ ရေတစက်
အဆင်းအရသာတူပါသလား
အချင်းမနက်ဖန်ဖြူပါ့မလား
ဝေဖန်စဉ်းစား
မင်းစကားများမှားခဲ့သလား
ငါပဲနားကြားလွဲခဲ့သလားလို့ 
ထားသွားမယ့်အတူတူတော့
ညူစူတဲ့အတွေး
ခပ်ရဲရဲတောင်မတွေးရက်ပါဘူးကွဲ့ 

အတူတူကတော့...အတူတူပါပဲ
အရာကြီးနဲ့ ဘာဘူကြီး
တူတယ်ဆိုတာ အရင်ကမသိခဲ့
အထင်ကရရှိတဲ့ (ရင်ထဲကမင်း)
အပြင်က မသိပေမဲ့ 
ရင်ထဲမှာ ဗြုန်းခနဲ့ ဖိုလှိုက်
တစ်ရှိုက်ရှိုက်ငိုရင်း
ညနေခင်းဟာ အဓိပ္ပါယ်မဲ့ပေါ့…

သိပ်တော့မထူးပါဘူး
အရူးကတမူးသာတယ်ထင်ချင်ထင်
ငါပြင်ဆင်ချင်သေးတယ်
အသဲကွဲဖို့ ရိက္ခာအတွက်
ဖိတ်စာနဲ့ လိပ်ပြာလုံဖို့ 
အထီးကျန်မယ့်နေရာမှာ
ငါအဖြေရှာလိုက်အုံးမယ်

ကဲ….ဒီနေ့ လဲ ငါ နွားလိုပဲတွေး
မနက်ဖန်လဲ နွားလိုပဲ ဆွေးမယ်ကွယ်…

စစ်စစ်(ခ)မိုးသူ(တောင်ကြီး)
August 30.2011/5:30 P.M

No comments:

Post a Comment