ပြုစားခံရတဲ့ နှလုံးသား

ဒါအပျင်းပြေမဟုတ်ဘူး
ငါကဗျာရေးနေတယ်
ဗလာအတွေးနဲ့ 
တစဆီပြန့် ကျဲ့ နေတဲ့ 
ငါ့ရဲ့ ပွင့်ဖတ်တွေနောက်
တကောက်ကောက်လိုက်ရင်း
မတော်တဆ(သို့ )တမင်သက်သက်
ထောင်ချောက်ထဲခြေတဖက်ကျွံခဲ့တယ်...
ထားလိုက်ပါတော့......

ဒါအပျင်းပြေမဟုတ်ဘူး
ငါသမိုင်းရေးနေတယ်
လှိုင်းကြက်ခွပ်တွေနဲ့ 
အစုန်အဆန်လွင့်မျောနေတဲ့
ငါ့ရဲ့ ဝတ်မှုန်တွေကိုပေါင်းကူး
ထူးထူးဆန်းဆန်းမျိုးစေ့တွေလဲ
သန္ဓေတည်စေခဲ့တယ်
ထားလိုက်ပါတော့......



တကယ်တော့ ..ငါဟာ
အရှက်မရှိတဲ့ သရက်စေ့မဟုတ်ခဲ့ပြန်ဘူး
နင်အပျင်းပြေတိုင်း
အိပ်ယာဝင်ပုံပြင်တွေကိုဖန်တီး
ငါ့နှလုံးသားတုန်ဟီးသွားအောင်
မပြီးနိုင်တဲ့ လုပ်ဇာတ်တွေနဲ့ ရှုပ်
ပုတ်အယ့်အယ့်နှလုံးသားသုံး
ယုတ်စွအဆုံး
တသက်လုံး ခေါင်းမဖော်ဝံ့အောင်
အယောင်ဆောင်တွေနဲ့ ချယ်သ
မမျှတတဲ့ 
နင့်ကမ္ဘာထဲက
ခဏလောက်ထွက်ခွင့်ပေး.......

မိုးသူ(တောင်ကြီး)
24 OCT 2011 /Monday
7:52 AM

No comments:

Post a Comment