အလွမ်းကြွေတဲ့ ဆောင်း


ဒီမနက်ခင်းလေး
 
ဆောင်းနှင်းစက်တွေရပ်တန့် 
 
အလွမ်းတွေလဲအညောင်းဆန့် ခဲ့ တယ်
 
ဝဋ်ကြွေးဟောင်းတွေလန့် နိုးတဲ့ နေ့ 
 
ဒီတသက်မမေ့တော့ဘူးနော်
ဒီနေ့ သာယာနေတယ်
 
လာပါကွယ်လို့ ခေါ်ဘူးမို့ လား
 
အပျော်ထူးတဲ့ မျှော်လင့်ခြင်း
 
မှော်ဆရာဖန်ဆင်းသလို
 
တမ်းတခြင်းတွေအဆုံးသတ်
 
နှလုံးရပ်မတတ်ချစ်ခဲ့ တယ်
ဆောင်းရက်တွေဟာအေးပါတယ် နှောင်းရက်တွေမှာနွေးထွေးအောင်လို့ 
 
ဖြေးညှင်းစွာဆိုပြတဲ့ သီချင်း
 
မျက်လုံးလေးမှေးဆင်းကာနားစွင့်
 
တခြားလွင့်မဲ့ စိတ်ကိုစုစည်း
 
တခုတည်းသာနှောင်တွယ်
 
ဂျောင်ကွယ်မှာပဲကြိတ်မှိတ်
 
တိတ်တိတ်ကလေးလွမ်းတယ်

မိုးသူ(တောင်ကြီး)
25December2011/SUNDAY
11:57/AM
ညလေးသို့ အမှတ်တရ.......

*.˛.°★。˛°.★**Marry X`mas day*★* *˛.
˛ °_██_*。*./ ♥ \ .˛* .˛.*.★* *★ 。*
˛. (´• ̮•)*˛°*/.♫.♫\*˛.* ˛_Π_____. * ♥ ˛*
.°( . • . ) ˛°./• '♫ ' •\.˛*./______/~\*. ˛*.。˛* ˛. *。
*(...'•'.. ) *˛╬╬╬╬╬˛°.|田田 |門|╬╬╬╬ .:

No comments:

Post a Comment