စိတ်ရိုင်းတွေအားဓါတ်ခွဲခြင်း......


မိုးသားတွေကြည်လင်နေ၏

မရိုးမသားစိတ်တွေလဲအိပ်မောကျနေသည်

သိပ်ပြောပလောက်စရာမရှိပါ

တခုသိတာကတော့

ညက...........မနေ့ ညကပေါ့....

ပျော်ရွှင်မှုတွေကို အလွဲသုံးစားလုပ်

မုသားတွေလဲအန်ထုတ်

အသိမဲ့မျှော်လင့်မှုတွေ

အထုပ်လိုက်အထည်လိုက်

တကယ်မိုက်မဲ့ ရဲရင်ခြင်းနဲ့ 

မာနတွေတသွင်သွင်စီးဆင်းခဲ့တယ်

အရင်းအနှီးလဲမများပါ

အဆင်းဘီးတပ်ပေးလိုက်တာပ ။

တခါတလေများ...

ဇိမ်မယ်တွေအိမ်မှာ

အကြိမ်ကြိမ်ဘာဝနာရှု

သာဓု..သာဓု နဲ့ 

ညာညာထုသွားတဲ့ နှာနုပေါ့

တခုခုပဲထဖြစ်တော့မလိုလို

ပျိုပျိုအိုအိုဆိုတာမတွေး

ဆိုမာလီအငတ်ဘေးကျသလိုမျိုး

တကယ်တော့.......

ငါ့ခန္ဓာကိုယ်ဟာ

ငါနဲ့ လင်လုဖက်မှမဟုတ်တာ

အပြင်ခုထွက်စမ်းဆိုပြီးမောင်းထုတ်

ဆောင်းရုပ်ကိုဖယ်ခွာ

တကယ်သာသိတတ်ခဲ့ရင်

အဇ္ဈတ္တတွေကိုသကာလူး

ဘာမှမထူးတဲ့ ယောင်္ကျားအသွင်နဲ့

မြင်ချင်ရာမြင်စမ်းပါစေ

ထင်ချင်ရာထင်စမ်းပါစေ

ပြောချင်ရာပြောစမ်းပါစေ

ငါ့မြင်းငါစိုင်းခပ်ရိုင်းရိုင်းပဲတွေး

ခပ်မှိုင်းမှိုင်းလေးငေးရင်း

အတ္တတွေနဲ့ ပျော်ဝင်ခဲ့တယ်

အကြံကုန်ဂဠုန်ဆားချက်သပ

ယုံမလားဟဲ့ရယ်လို့ အဆိုသွင်း

ငိုချင်းသည်မကမော်ဒယ်လ်လျှောက်မလို့ တဲ့

ကယ်ကျပါအရပ်ကတို့ ...

တစာစာမြည်တမ်း

ဤစခန်းတောက်လျှောက်

မလောက်မငှရိက္ခာတွေနဲ့ 

သိက္ခာကိုအရည်စုတ်

ငါ့ကိုငါနှင်ထုပ်လိုက်တယ်

အပြင်မှာလဲဒုက္ခတွေကိုဖယ်ခွါ

လောဘကိုအတိုးပေး

မျိုးဆက်လေးကျန်အောင်လို့ 

တဏှာတွေကိုရေလောင်းပေါင်းသင်

မနက်ဖန်ပိတ်ကားပေါ်ရောက်တဲ့ အထိ

ငါ့ရဲ့ ဟီရိသြတ္တပ္ပတရားတွေရှင်ချင်ပါသေးရဲ့ 


မိုးသူ(တောင်ကြီး)
25December2011/Sunday
09:03/AM
Marry X`mas day အမှတ်တရ
(၀န်ခံချက်။ ။ဒီကဗျာရေးပြီးတဲ့ အချိန်ထိ
မိုးသူမျက်နှာမသစ်ရသေးပါ)
✫ ✫ ✫.
`⋎´✫¸.•°*”˜˜”*°•✫
..✫¸.•°*”˜˜”*°•.✫
☻/ღ˚ •。♥ ˚ ˚✰˚ ˛★* 。 ღ˛° 。* °♥ ˚ • ★.* °♥ ˚ • ★ *˚ .ღ 。
/▌*˛˚ ░ ░* °♥ ˚ • ★ *˚ .ღ 。Marry X`mas day...
/ \ ˚. ★ *˛ပျော်ရွှင်ချမ်းမြေ့ကျပါစေနော်... .* °♥ ˚ • ★ *˚ .ღ 。

No comments:

Post a Comment