...ဒူးထောက်ခဲ့ရတဲ့ မာနများ....

အမုန်းတခါးကိုချိုးဖျက် 
မာနတွေလက်ထဲမှာတင်းတင်းဆုတ်ရင်း
 
ငါ့မနက်ခင်းတွေတောက်လောင်နေခဲ့တယ်
 
ဘယ်လောက်တောင်လဲဆိုရင်
 
ငိုချင်ရက်လက်တို့ သလို
 
ပိုမိုစွာပဲသရုပ်ဆောင်
 
ဟုတ်သယောင်ယောင်ပေါ့
 
အပုတ်ကောင်ကအနံ့ ထွက်တာဆန်းလို့ လား
 
ပြောရရင်တော့သိပ်မခမ်းနားခဲ့ပါဘူး
 
ငါ့ကိုယ်ငါ အရမ်းသနားနေမိတယ်.....



ထိတာနဲ့ ကြွေ ကိုင်တာနဲ့ ပဲ့
 
သောကတွေဟာလှည့်ကျပေါ့
 
ကနွဲ့ ကရဖြစ်မဲ့ စကားလုံး
 
တကယ်ကိုမသုံးနှုန်းဖြစ်ဘူး
 
ဘ၀ဟာဝရုန်းသုံးကားနဲ့ 
 
နှလုံးသားတ၀ှိုက်လဲ ပြတ်ရှ
 
နောင်တတွေဟာအမှတ်တရပေါ့
 
ဖြတ်မရခဲ့ တဲ့ သံယောဇဉ်
 
ပြန်ပြောရင်ပြောသူအမှား
 
ထားသွားမလားလဲစိုးရိမ်တယ်

အခြေမဲ့ တော့မဟုတ်ခဲ့ပေမဲ့ 
 
အနေခက်တဲ့ လတ်တလောမှာ
 
အတတ်ပြောသမျှတွေကိုမျဉ်းတားခဲ့ 
 
မင်းလားဟဲ့ အမှန်း
 
လှောင်ပြုံးကိုအမြည်းလုပ်
 
တကယ်တော့..မင်းဟာချီးထုပ်
 
လက်နှီးစုတ်လောက်တောင်မတန်
 
အပြန်ပြန်အလှန်လှန်စဉ်းစား
 
ဒင်္ဂါးစေ့လို အ၀ိုင်းမျိုးပေါ့
 
ဗလိုင်းကြီးချိုးတာတော့မဟုတ်
 
သံသရာတပတ်ပြည့်ရင်တော့
 
ထပ်တွေ့ မယ်လို့ ကြံရွယ်
 
အမှန်တကယ်စာနာမယ်ဆိုရင်ပေါ့
 
ညှာတာမဲ့ လက်တဖက်
 
ပုတ်ချရက်မယ်မထင်ခဲ့ပါဘူးကွယ်

မိုးသူ(တောင်ကြီး)
27December2011/Tuesday
05:45/AM

ခုတ်ရာတခြား ပြတ်ရာတခြား
ဖြစ်နေခဲ့တဲ့ကဗျာတပုဒ်ပါ
တောင်ကြီးမှာမိုးတွေရွာနေတယ်


___________/)_/)__/¯"""/')
¯¯¯¯¯¯¯¯¯(/¯¯¯¯¯¯'\_„„„„\)
.,-,*´`'*°☆
/.(
\ {
`-`☆.¸¸.♥
┊ ┊ ┊ ┊♥
┊ ┊ ┊ ☽
┊ ┊ ☆
☆☆

No comments:

Post a Comment