အချစ်ကိုနေပူလှန်းကြည့်ခြင်း
ကဲ….ငါသမိုင်းရေးမယ်..
အဲဒီထဲမှာ ကျန်စစ်သားမပါဘူး
အနော်ရထာမပါဘူး
ပျော်ရင်တော့လာခဲ့ပေါ့
လက်ကမ်းလို့ ခေါ်မယ်မထင်နဲ့ 
တော်ရာမှာမစွံခဲ့တဲ့ငါ
နင့်ကိုရွံရှာသွားတာ
ဒီနေ့ ထိတိုင်ပဲ
ကဲ…ငါ့စာမျက်နှာတွေစုတ်ဖြဲပစ်မယ်
အဲဒီထဲမှာ ကဗျာမပါဘူး
အကြင်နာမပါဘူး
လာချင်ရင်တော့လာပေါ့
ကြိုဆိုမယ်တော့မထင်နဲ့ 
ငိုယိုနေတဲ့နောင်တတွေနဲ့ 
ပိုမိုကာ,မလွမ်းရအောင်
တမ်းတခြင်းတွေနဲ့ မှန်းဆလို့ 
အချစ်ကိုခဏနေပူလှန်းမယ်
မဟုတ်မဟ..အရှုပ်ထုပ်တွေနဲ့ 
လုပ်ဇတ်တွေကြားမှာ
ပျော်မွေ့ နေတဲ့ မင်းကို
ခေါ်ထုပ်ဖို့ အကြိမ်ကြိမ်ကြိုးစားဖူးတယ်
ဒါပေမယ့် …ရိုးသားတဲ့ ငါ့နှလုံးသား
အရောင်မှိန်တာပဲ အဖတ်တင်တယ်
အချစ်ရဲ့  ဆန့် ကျင်ဖက်ဟာအမုန်းမဟုတ်ဘူး..
ဥပေက္ခာတဲ့  ….
ပျားရည်သာခါးသွားမယ်..ချစ်သူ
မင်းနှုတ်ခမ်းမခါးဘူးဆိုတာ ငါယုံတယ်
ဒီတော့…မုသားချိုချိုထဲကို
ဆေးသကြားခပ်လို့ 
မပြတ်ဒရစပ်မွှေရော
နင့်အပြောမှာ
စစ်စစ်(ခ)မိုးသူ(တောင်ကြီး)
sep .03.2011(05:14 AM)
No comments:
Post a Comment