ညှောင့်



ညှောင့်
====
အဆင်သဖြင့်
ရင်နင့်အောင်ချစ်ရသူ
အမုန်းတွေ မတောင်းပေမဲ့ 
အပြုံးတွေတောင်ဟောင်းခဲ့ပြီလေ
နှောင်းရက်အလီလီမှာငိုကြွေး
ဖြေသာအောင်ဆိုတေးတစ်ပုဒ်နဲ့ 
အရေးမလုပ်တဲ့ ညတွေကိုဖြတ်သန်း
သြော် ...ငါ ဘယ်သူ့ ကိုလွမ်းရပါ့မလဲ နော်

ဘ၀တကွေ့ မှာ
ခဏတွေ့ ရပေမဲ့ 
ထာဝရတွက်မြတ်နိုးရသူ
အလွမ်းတွေနဲ့ ပေးဆပ်ပေမဲ့
အဆန်းတွေချည်းတွေ့ နေရတယ်လေ
မခမ်းနိုင်တဲ့ သောကတွေနဲ့ 
မပမ်းနိုင်တဲ့ သမုဒယတွေကြားမှာ
မျက်ရည်မြစ်တစင်းနဲ့ ထားသွားခဲ့သေးတယ်
အရှက်ပြေ စကားလုံးတွေအသုံးပြု
ငါမမှုခဲ့ လေဘူး

သက်သေပြဆိုပြပါ့မယ်လေ
အမျက်ပြေအောင် အခုဘ၀မှာတော့
အနုအလှကြင်နာစကားတွေကို
ကွယ်ဝှက်ကာထိန်း
မိန်းမောခဲ့ဖူးတဲ့ မင်းအပြောတွေကြားမှာ
ဆင်းလုံးချောငါ မဟုတ်ခဲ့ ပြန်ဘူး
ခွင်းလွှတ်လိုက်တဲ့ မင်းရဲ့ မြှား
မင့်ကိုပြန်စူးစေ့........

မျက်ဝန်းညိုပိုင်ရှင်ရယ်
တသက်ခွန်းဆို ပိုင်ချင်တယ်ဖြင့်
ဒီတနေ့ အားရင့်သီးစွာဖြတ်ကျော်
လျှပ်ပေါ်လော်လီတဲ့ စကား
နားကြားများမှားခဲ့ လေသလားလို့ 
ထားသွားမဲ့နေရာတခုမှာ
မင်းပြုခဲ့ သမျှ အမုန်း
ငါပြုံးပြုံးလေး ပဲ ခံယူလိုက်တော့မယ်

မိုးသူ(တောင်ကြီး)
03Nov2011/Thursday
10:42 AM

No comments:

Post a Comment