ဆုတ်ခွာခြင်း....


အမြင်မတင့်တော့ပေမယ့်
အဆင်သင့်ကလဲမဖြစ်သေးဘူးကွယ်
အရင့်အရင်လွင့်ခဲ့တဲ့ စိတ်
တဖြည်းဖြည်းချုပ်ထိန်း
ရုပ်သိမ်းတော့မယ်......

အဖန်တလဲလဲစစ်ကြော
အပြစ်ပြောလဲ့ ခံမယ်
နစ်မျောခဲ့တာတခဏမဟုတ်
ဘ၀မှာသရုပ်ပေါ်အောင်
ထုပ်ဖော်ကာပြသ
မလှမပနဲ့ စိုးရွံ့
ဝမ်းနည်းစွာနောက်တွန့် ခဲ့ ပြီ......

ရွက်ကျရာအပင်ပေါက်
မထင်လောက်တဲ့ နေရာကပဲချစ်တော့မယ်
ကိုင်းတွေ့ လို့ ခိုနား
မျိုထားမတတ်လဲ ချစ်ခဲ့တယ်
အတူစုံလက်တွဲ
တသက်မခွဲချစ်မယ်လို့ ဆုံးဖြတ်
နှလုံးရပ်မဲ့ အတွေးတွေသာပေကြံ
သေဒဏ်သာပေးလိုက်ပါတော့....


မိုးသူ(တောင်ကြီး)
21Nov2011/Mon
07:39/AM

No comments:

Post a Comment