ဝန်ခံခြင်း..

ပန်းအခြောက်
နမ်းဖို့ ကောက်ပေမဲ့ 
အနွမ်းလေးတင်ကျန်
အမြင်မှန်မရသေးသမျှ
ရင်မှာဗျာပါဒတွေနဲ့ 
တခါမကပူဆွေးကာ
ဆက်ချစ်မယ် ယုံ......



ခူးမလို့ ဟန်ပြင်
ဆူးတို့ နဲ့ မာန်ဝင့်သတဲ့
အရူးအဖို့ မှာတော့
မထူးလို့ ခေါင်းစိုက်
တရှိုက်မက်မက်နဲ့ 
နမ်းချင်ခဲ့သူရင်မှာ
ဆန်းပြားစွာနဲ့ 
တခမ်းတနား
ဆက်ချစ်မယ် ယုံ.......

ပိုင်ရှင်အမှန်လဲရှိသကွဲ့ 
ဆိုင်ချင်သူလဲ ရှိလေသတဲ့ကွယ်
ပုံပြင်ဟောင်းလဲ အသက်မသွင်းခဲ့ပါဘု
ယုံချင်အောင်လဲ မပြုမူခဲ့
အခုလူရဲ့ ဘ၀မှာ
ဆက်ကာဆက်ကာအရှုံးတွေနဲ့ 
အမုန်းတွေလဲပြေအောင်
နှောင်ချည်တဲ့ သံယောဇဉ်ကို
ဘောင်မမှီတဲ့ အကြင်နာတွေနဲ့ 
ဆက်ချစ်မယ်ယုံ.....

မိုးသူ(တောင်ကြီး)
03Nov2011/Thursday
05:43 AM

No comments:

Post a Comment