မြက်မစားတဲ့ နွား


ဖောက်ပြန်တတ်တယ်တဲ့ 
အကြောက်ကန်ငြင်းအသံ
အဖန်တလဲလဲမကြားချင်တော့
ထားချင်တဲ့ နေရာမှာထားခဲ့ 
နွားဟဲ့လို့ တော့ မစွတ်ဆွဲနဲ့ 
တနေ့ နေ့  ကျွတ်ကျဲသွားမှာသိတယ်

မလွမ်းဘူးဟေ့
အရမ်းထူးနေတဲ့  အသဲ
အကြိမ်ကြိမ် လှဲကျခဲ့ဖူးတယ်
တချိန်ချိန်မှာ ငါ့မှတ်ညဏ်ကိုခင်း
မာနတွေထက်ပြင်းတဲ့ 
မျှော်လင့်ခြင်း ၀ရဇိန်လက်နက်နဲ့ 
ထွက်သက်ဝင်သက်တိုင်းမှာ
အိပ်ဖန်စောင့်မယ်
အရိပ်ပြန်ခဲ့ရင်လဲကံပေါ့
အတိတ်မှာကျန်ခဲ့တဲ့ အတွေး
လာမေးမနေပါနဲ့ တော့...

ဒါပဲလားတဲ့ အချစ်
လာဆဲလိုက်ပေါ့ကွယ်
မညာပဲစစ်ကြေငြာမယ်ဟဲ့
မေတ္တာတရားခေါင်းပါးတာမဟုတ်
အချစ်သူတောင်းစား
လုံးလုံးဖြစ်နေခဲ့ လို့ 
ပြုံးပြုံးလေးဖွင့်ဟ
အတုန်းအရုံးစွံအ
တွန့် လှတယ်ဒီတသက်
ငါဟာမြက်မစားတာတော့
တကယ်သေချာတယ်.....

မိုးသူ(တောင်ကြီး)
09 Dec 2011/Friday
12:09/PM

No comments:

Post a Comment