သစ္စာမဲ့ခြင်း

ချစ်တာက ချစ်တာပဲ
အနှစ်ပါချင်မှာပါလိမ့်မယ်
မပစ်ခွာရင်ပြီးရောရယ်လို့ 
တွယ်ငင်ရစ်ပတ်
သံယောဇဉ်အထပ်ထပ်ကာရန်
မပြတ်လပ်အောင်နှောင်တည်း
တစ်ကောင်ထဲလဲ ရူးနေတတ်ဘီ


ပြောရအုံးမယ်ကွဲ့ 
အသိစိတ်မရှိတဲ့ နှလုံးသား
ရှေးဘုန်းလဲရှိခဲ့ပါဘူး
ဈေးသုံးလဲမကြွယ်ခဲ့သလို
ရှေးထုံးလဲမပယ်ခဲ့ပါဘူး
လွယ်လွန်းတဲ့လမ်း
ခပ်တမ်းတမ်းနဲ့ ခပ်ကြမ်းကြမ်း
သမရိုးကျပဲ လှမ်းခဲ့တယ်

အတိတ်ကမြူဆွယ်ခဲ့တဲ့နှုတ်ခမ်း
ငါလွမ်းလို့ သေပါစေအုံးတော့
စိတ်ကူးတွေလေနှင်ရာရွေ့ 
ဘယ်၍ဘယ်မျှလွင့်
နင့်အကျင့်မပြင်သေးသမျှ
ဖေးမမယ် ထင်နေလို့လား
ဆွေးရအောင်
ငါ့အသဲငါခွဲထုတ်
နင်ရှုပ်ခဲ့သမျှ
ပုတ်ပွနေအောင်ပေါ်ခဲ့ပြီလေ ....

မိုးသူ(တောင်ကြီး)
27 OCT 2011 /Thursday
06:31/pm

No comments:

Post a Comment