ငြိမ်း.....

ဘယ်လိုပင်
တွယ်ငင်ရစ်စေအုံး
နွယ်တပင်သစ်တခက်လို
အရှက်မဲ့စွာချည်နှောင်
ပီပြင်အောင် တိမ်း
ုငြိမ်းရယ်..စိမ်းရက်သတဲ့လား..

သံသရာအဆုံးလဲ
မမုန်းတမ်းချစ်နိုင်တယ်
ပြစ်သွားနိုင်မယ်ထင်ရက်လားကွဲ့ 
ငြိမ်း..နားခါးရင်ခါးနေမှာပေါ့
ထားသွားရင်လဲ အပြစ်မဆို
အချစ်ပိုကာ ချိုသာစကားနဲ့ 
ငြိမ်း..အနားနားနေပါရစေ....


ငါ့အပူငါယူမယ်
သူ့ အပူလဲကူချင်တယ်
အပူအပင်တွေ
အတူယှဉ်ကဝေမျှ
ဒီဘ၀မှာ
အလွမ်းတွေဖေးမကူမလို့ 
တွေးဆယူနော်
အတူတူ လျှောက်မယ့်ခရီးလမ်းမှာ
အမူစိမ်းတွေကိုဖယ်ခွာ
ယိမ်းနွဲ့ ပါဒီတခါတော့
ုငြိမ်းရယ် မတိမ်းလှဲ့ ပါနဲ့ ......

မိုးသူ(တောင်ကြီး)
2Nov2011/Wed
05:31 AM

(¯`v´¯) အလွမ်းပြေ...`*.¸.*´ ?
¸.•´¸.•*¨) ¸.•*¨)?
(¸.•´ (¸.•´ .•´ ¸¸.•¨¯`•.
♥♥♥♥♥♥

1 comment:

Unknown said...

သူသိပါစေ

Post a Comment