ကြည်နူးခြင်း....ညတညဆီသို့ ....


နံနက်ခင်းလေးနဲ့ မလိုက်ဖက်ပေမဲ့ 

သတိရချင်းတွေပွက်ပွက်ဆူနေတယ်

တချက်ချက်ရိုက်ခပ်လိုက်တဲ့လေပြေညှင်း

တမ်းတခြင်းတွေနဲ့ စိမ့်ခနဲ ပေါ့

သိမ့်ခနဲ့ ဖြစ်သွားတဲ့ ဘယ်ဖက်အခြမ်းနဲ့ 

ဖွဖွလေးလွမ်းနေတယ်ကွယ်

ခဏခဏလဲတွေးဖြစ်တဲ့ အကြောင်း

ထပ်လောင်းပြီးပြောမယ်နော်

အပ်ကြောင်းထပ်ရင်လဲထပ်နေမှာပေါ့

တသက်မဟောင်းတဲ့တွယ်တာခြင်း

ဘယ်မှာငြင်းနိုင်ခဲ့မှာလဲ

တကယ်သာရင်းနှီးတဲ့ရင်ခုန်သံနဲ့ 

အတူတူ တုန်ရီနေရတဲ့....

ညကလေးပဲနော် .....

မိုးသူ(တောင်ကြီး)
27December2011/Tue
10:56/AM
ညလေးသို့ အမှတ်တရ.....
26-Dec-2011(10:27/PM)
----(¯`:´¯)-.
_(¯` .·´`·.´¯)
_(_. ·.¸¸.· ._)
__ ·-(_.:._)-·Love me like there's no tomorrow !!!

No comments:

Post a Comment