အဲဒီနေ့ ကပေါ့
နှလုံးသားကိုအန်ထုတ်
ဘာဆိုဘာမှပြန်မလုပ်ရဲအောင်
အကြံတွေလဲခလုပ်တိုက်ခဲ့တယ်
အဟုတ်မိုက်ခဲ့တဲ့ ဥပေက္ခာတရား
ဆူးတွေရစ်ခါထားခဲ့ သလားကွယ်
အမှားများတယ်လို့ လဲဆိုချင်ဆို
နင်ငိုနေတာလဲငါသိခဲ့တယ်ပေါ့
အညှာမရှိခဲ့တဲ့ အကြင်နာများနဲ့ 
ထားပါ.....သွားပါ.......ရပါတယ်
အနားမလာနဲ့ လို့ ပြောလိုက်လေ
မောဟိုက်ကာနေတဲ့ အချစ်
လစ်လျူရှုမှုတွေကနိုပ်စက်
အိပ်ရေးပျက်တဲ့ သစ္စာတရားနဲ့ 
ရင်ဘတ်တစုံလုံးလစ်ဟာမသွားရအောင်
ငါပဲပြစ်မှုတွေကိုမော့သောက်
ဟောဒီလောက်မှညဏ်နည်းတဲ့ဦးနှောက်
အရှုံးတွေလောက်တက်နေတာ
နဲတောင်နဲသေးသပ
ဘာ.......ဘာပြောတယ်
ညာပြောမယ်တဲ့လား
ပြန်ပြောကြည့်ပါအုံး
အဆံကောရှိရဲ့ လားလို့ 
အမှန်ကောသိရဲ့ သေးလားလို့ ပေါ့
တန်ဖိုးမရှိခဲ့တဲ့အချိန်ဇယား
အလိမ်တွေကြားမှာပဲ ပိပိနေတယ်
ငါလဲသိသိနေတာပဲ.....
ဒါများဟာ....
ရေချိုးခန်းထဲငုတ်တုတ်ထိုင်နေရတယ်လို့ 
အရှုပ်ထုပ်တွေထိုင်တွေးနေပါတော့လား
ငါ့မှာတော့ ငိုင်ငေး မပိုင်သေးဘ၀မို့ 
အမျှ........အမျှ..........အမျှလို့ 
ဝိုင်းသမ တာခံလိုက်ရသေးတယ်
နှိုင်းပြခဲ့ ဥပမာတွေက
အတိုင်းဆမဲ့ အခုခါမှာတော့
စိုးရိမ်မျဉ်းထက်ကျော်လွန်
မသိကျိုးနွံတွေပြုတာခံ
နောင်တဖန်သစ်မဲ့အတွေး
ခပ်ရေးရေးလေးပြုံးပြ
နှလုံးသားလဲ မလှမပ
အပြုံးများလဲ တစတစနဲ့ ပြောက်
အဆုံးထိများရောက်ခဲ့ရင်.......
အဆုံးထိများရောက်ခဲ့ရင်.......
အဆုံးထိများရောက်ခဲ့ရင်......
မိုးသူ(တောင်ကြီး)
24December2011/Sat
08:36/AM
1 comment:
ကဗျာတွေကကောင်းပါတယ် အားပေးနေတယ်နော် မိုးသူရေ........
Post a Comment