အတ္တတွေခုတ်မောင်းတဲ့ ည ....


ကြည့်စမ်းပါအုံးကွယ်
 
စွံအနေတဲ့ အမှောင်ထုကြီး
 
ဘယ်ဖက်ပုခုံး ပွန်းပဲ့ နေတာ
 
မြင်ရက်စရာတောင်မကောင်းတော့ဘူး
 
အညောင်းဆန့် လိုက်တဲ့ 
 
သက်ပြင်းတွေနဲ့ အတူ
 
မျှော်လင့်ခြင်းတွေဟာ
 
သုညဒီဂရီအောက်အေးခဲသွားခဲ့ ရတယ်
 
အဲဒီတချိန်လေးအတွင်းမှာပဲ
 
ယမင်းရုပ်မျက်နှာဖုံးစွတ်ထားတဲ့
 
မျက်ရည်တွေနဲ့ အတင်းတုတ်

ငြင်းချက်တောင်မထုပ်နိုင်ပဲ
ကန့် ကွက်မဲတပြားပေးခဲ့ရသေးတယ်
 
သြော်...ဒါလားကွ အချစ်ဆိုတဲ့ သတ္တ၀ါ
 
ဂျိုမပါပဲ ခွေ့ တတ်တယ်
 
အစွယ်မပါပဲ ပေါက်တတ်လေတယ်
 
သွားမပါပဲ ခဲတတ်လေရဲ့ 
 
ဒါပေမယ့် .....
 
သူလဲ သာမန်အရပ်သားတယောက်ပုံစံထင်ပါရဲ့ 
 
တခါတလေခေါင်းငြိမ့်လွယ်တယ်
 
တခါတလေခေါင်းမာပြန်တယ်
 
တခါတလေအော်ကြောလန်တယ်
 
တခါတလေကြတော့လဲပြေပစ်နေတတ်တယ်
 
တခါတလေကျဉ်းနက်နက်တူး
 
မထူးဇာတ်ခင်းသလို
 
သူ့ ကိုသူသဂြို င်္လ်ဖို့  စဉ်းစားရှာမှာပဲလေ
 
အပြင်ပမ်းတော့လှပေမယ့်
 
ရွှင်လန်းရမယ့်အပြုံးလုံးလုံးဝေးနေတယ်
 
သဖန်းသီးကိုဆန်အိုးထဲအုပ်မှည့်သလိုပေါ့
 
လုပ်မယ့်လုပ်ရင်လဲ တကယ်သာကြေကွဲပါရစေ
 
မရေရာအခြေမဲ့ ဘ၀ကို ဇွဲကြိုးချ
 
အမြဲနိုးထတတ်တဲ့ မာနတွေနဲ့ ဓါတ်ပြု
 
တခုခုအတွက်ပေးဆပ်
 
အပ်ကြောင်းတွေထပ်အောင်ပုံဖော်
 
မလုံလို့ ပေါ်ခဲ့တဲ့ အတ္တ
 
အရှက်မဲ့ ရုံလေးသာပြန်ဖုံးလို့ ရခဲ့တယ်....။

မိုးသူ(တောင်ကြီး)
22December2011/Thursday 
10:51/PM

No comments:

Post a Comment