အသက် ရူ တတ်သော ပန်းတစ်ပွင့်


မျှော်လင့်ခြင်းခြေသံခတ်ပြင်းပြင်းနဲ့ 

မှော်ဆရာရဲ့ နှလုံးတံခါးကိုရိုက်ချိုး

ပျိုးခင်းရဲ့ လှောင်ရီသံအတွက်

မှောင်မဲနေတဲ့  သမုဒယလွင်ပြင်မှာ

အကြင်နာရုပ်သေးရုပ် ကြိုး ရှုပ်ခဲ့ပြီကွယ်.........

ဒါနဲ့ ပဲ.............

ပန်းတစ်ပွင့်ရဲ့ အသက်ရူသံဟာ

စည်းချက်မမှန်တဲ့ သံစဉ်အတု

ရင်ထဲကနံရံတစ်ခုခုမှာ

ထုစစ်ခဲ့မယ်ကွယ်.......

ရေဆာနေတဲ့ နာရီလက်တံနဲ့ အတူ

အမောဆို့ အောင်အပြေးပြိုင်ချင်ခဲ့ တဲ့ 

အနာဂတ်တစ်ချို့ ဟာအလေးအခိုးခံလိုက်ရပြီးနောက်

အကျဉ်းတန်တဲ့ မှန်တစ်ချပ်

အပြန်အလှန်သုံးသပ်ရင်း

ခေါက်ရိုးကျိုးနေ ခဲ့ ပေါ့ 

ဒီလို နဲ့  ....................

တိမ်မြုပ်တော့မဲ့  ညနေခင်းဆည်းဆာဟာ

လေပြေရိုင်းလေးရဲ့ ငြီးညူသံတွေနဲ့ အတူပျောက်ကွယ်လုပြီ

နောက်တစ်ခေါက်.......

ရင်ခုန်သံတွေနဲ့ စေစား စိမ်မခေါ်ရက်ခဲ့ တဲ့ 

လိပ်ပြာတစ်ကောင်ဟာ

အတိတ်ကဝေဒနာတွေရဲ့ 

့လှပမှု အတိမ်အနက်ကိုဆေးသွင်းချယ်မှုန်း

အလွယ်ဆုံးပန်းချီကားတစ်ချပ်

ညီညာစွာပဲ ပေးဆပ် အပြီးသပ်ခဲ့ ပြီကွယ်...................


မိုးသူ(တောင်ကြီး)

22December2011/Thursday
10:06/AM

No comments:

Post a Comment