စုတ်ပြတ်ခဲ့ ရတဲ့ ဝှက်ဖဲများ


ထင်ရှားရာဇ၀င်တခုတွင်စေဖို့ 
သက္ကရစ်တွေခုတ်မောင်း
ရာစုနှစ်တွေကိုဖြတ်ကျော်
နှလုံးသားအော်သံတွေကိုဖန်ဆင်း
ရင်ခုန်သံနဲ့ အသက်သွင်းမယ်

သမိုင်းကောင်းတခုထင်ကျန်စေဖို့ 
အမုန်းတွေကိုဖယ်ခွာ
အပြုံးတွေနဲ့ ထုစစ်
တခုခုဖြစ်အောင်လို့ 
အချစ်တွေနဲ့ ပွေ့ ဖက်
အသက်တည်မျှ
ပီသစွာမော်ကွန်းထိုးမယ်

အခုတော့လဲ
ရာဇ၀င်နဲ့ သမိုင်း
ဘ၀နဲ့ ယှဉ်ပြီးရိုင်းခဲ့ ရပြီ
အတိုင်းဆမဲ့မျှော်လင့်ခြင်း
မဆိုင်းမတွလဲ ချန်လှပ်ခဲ့ရ
ဒါဟာ..တတ်သမျှပညာအကုန်ပေါ့
ပြန်စုံချင်ပါရဲ့ ထိတ်တိုက်
ရင်ဘတ်ထဲနှိုက်ကြည့်တော့သုည
တွေ့ ရဲ့ လား..လှောင်ရီသံတွေနဲ့ ထကခဲ့တဲ့ ညပေါ့......

မိုးသူ(တောင်ကြီး)
20December2011/TUE
09:36/AM

No comments:

Post a Comment