မြေခွေးမနှင့်ပတ်သက်မိခြင်း



ကလေးလေး...
ဒေါသကိုလာလာမစွနဲ့ 
သိပ်လှတဲ့မင်း
လောကမှာသင်ယူစရာတွေလိုပါသေးတယ်
ငါအပိုတွေးမှာမဟုတ်ဘူးနော်
လိုသေးတယ်ဆိုတဲ့ အချစ်လဲငါမသိ
ငိုဆွေးတယ်ဆိုတဲ့နှလုံးသား နဲ့ 
နင့်ကိုလဲအမုန်းမပွားချင်ပါဘူးကွယ်

အရှုံးများနဲ့ နောက်ပြန်လှည့်
တခေါက်လာခါစာသင်ပြမလို့ လား
ညာချင်ရာညာလိုက်စမ်းပါ့
ဗလာချည်တော့ပညာမပြနဲ့ 
ငါဟာအထာကျနေတာကြာလှပေါ့
တာဝတက္ကသိုလ်မှာလဲကျောင်းမတက်ခဲ့ဖူးပါ
မင်းရက်စက်မှာကိုအပြုံးတောင်ပျက်
ငါရက်စက်တတ်တာကလေ( မိုင်ကုန်နေပြီ)
မင်းပိုးစိုးပက်စက် ကျရှုံးသွားရင်တောင်
ငါအပြုံးပျက်မယ်ထင်နေလို့ လား
အဲဒီတချက်ထဲနဲ့ မင်းတွက်ကိန်းလွဲသွားတယ်ကွာ
ငါစိတ်ထိန်းရင်းလဲမင်းကိုသိပ်သနားမိတယ်
ငါအရမ်းသွေးအေးတာ မသိလိုက်ဘူးမလား
ငါနွေးထွေးပေးခဲ့တာဒူးထောက်တယ်များထင်နေသလား
ငါဟာအရူးတယောက်မဟုတ်တာတော့အသေအချာပဲ
နေလာခဲ့တဲ့သက်တမ်းတလျှောက်မှာ
 မင်းအံ့မခန်းဖြစ်လောက်စရာပါပဲ
အတတ်စမ်းချင်ရင်လဲပြောပါ..
မပြတ်တမ်းလဲမုန်းပြပါ့မယ်
ဆုံးမချင်တာကိုများဒီလိုအချိုးမျိုးနဲ့ 
သူခိုးလိုမျိုးချဉ်းကပ်ရသလားကွာ
တဖက်သပ်လဲဆန်လွန်းလှပါတယ်
ငါ့ပစ်မှတ်တွေမလွဲခဲ့ဖူးဘူးကွ
နွှဲခဲ့ဖူးတဲ့ ပွဲတွေလဲများခဲ့ ပြီ
ကိုင်း...ဒီတခါလဲ...ထားခဲ့ပါအပီအပြင်ပေါ့
ဒီအစီစဉ်လေးလဲမိုက်ပါတယ်....

မိုးသူ(တောင်ကြီး)
20December2011/Tuesday
07:26/AM

ဒေါသများနဲ့ တန်းစီထားသောစကားလုံးများ
မိုးသူအားဘာမှလာမမေးကျပါရန်

2 comments:

လဲ့ရည် said...

စာလုံးပေါင်းမှားတာရော ပြောလို့ ရလားဟင်

:)

Anonymous said...

ဟစ်ဟစ်...မိုက်သကွာ..ငစစ်....သက်ဆိုင်သူသာဖတ်မိရင်....တိုက်ပေါ်ကခုန်ချလောက်တယ်....ဟားဟား

Post a Comment