အတ္တများနဲ့ ...ငါ....

ငါဟာ ကဗျာဆရာမဟုတ်ဘူး

 ငါ ဟာလွတ်လပ်တယ် ငါဟာ freely falling body တခုဖြစ်တယ်

 ငါ ဟာ ချစ်သူကို ဥပေက္ခာပြုနိုင်တဲ့သူတစ်ယောက်ဖြစ်ပြန်တယ်

ငါဟာ ချစ်သူကို အရမ်းချစ်တဲ့သူတစ်ယောက်လဲဖြစ်ပြန်တယ်

ငါဟာချစ်သူရဲ့ လစ်လျူရှုမှုကိုခံနိုင်တဲ့ သူတစ်ယောက်လဲဖြစ်သေးတယ်

ငါဟာ ချစ်သူရဲ့ တုန့် ပြန်မှုကိုကြည်နူးတတ်သူလဲဖြစ်ပြန်တယ်

ပြီးတော့......

ငါဟာချစ်သူကို အင်မတန်ရွံရှာခဲ့ ဖူးတဲ့ သူတစ်ယောက်လဲ ဖြစ်သေးတယ်

ငါဟာချစ်သူကိုမုန်းလို့ မရတဲ့သူလဲဖြစ်နေခဲ့ပြန်တယ်

ငါ့ရဲ့ အကောင်းဆုံးညာဉ်လေးတခုကတော့......

ငါ ဟာ သူငယ်ချင်းတွေကိုချစ်တဲ့သူလဲဖြစ်တယ်

ငါဟာ သူငယ်ချင်းတွေနဲ  ပျော်နေတတ်သူလဲ ဖြစ်ခဲ့သေးတယ်

ငါဟာ သူငယ်ချင်းတွေကို ငါ့ဘ၀လို့ ထင်မှတ်ထားသူလဲဖြစ်ပြန်တယ်

ငါဟာ သူငယ်ချင်းတွေ မရှိရှင်မနေ တတ်တဲ့ သူလဲ ဟုတ်နေတယ်လေ

ငါဟာ သူငယ်ချင်းတွေ ကို အသက်ထက်ဆုံးထိ

ဖက်တွယ်ထားမဲ့လူတစ်ယောက်အဖြစ်ဆက်လက်အသက်ရှင်ချင်သေးတယ်



မိုးသူ(တောင်ကြီး)

02Dec2011/Fri

07:45/Pm

No comments:

Post a Comment