ကွဲတတ်သည်
ကွဲတတ်သည်
=========
မဟုတ်တာတွေကိုစာဖွဲ့
ကောင်မရယ်
ကလိမ်ညဏ်တွေကိုကဗျာသီ
လာမပလီနဲ့ 
ကောင်မရယ်
ဟယ်....ကောင်မရယ်
ထောင်ထမနေနဲ့ 
ဗြောင်ပြမယ်
နောင်တတော့မရနဲ့ 
ရော့အင့်...ယူသွားငါ့အသဲ
လွတ်မကျစေနဲ့ ကွဲတတ်သည်
မိုးသူ(တောင်ကြီး)
No comments:
Post a Comment