Showing posts with label သရော်ထားသောကဗျာများ. Show all posts
Showing posts with label သရော်ထားသောကဗျာများ. Show all posts
သာဂိရေ ထားကောင်းရောင်းစွံမဟုတ်လို့ ငါထုတ်လိုက်တော့မယ်
သာဂိရေ ထားကောင်းရောင်းစွံမဟုတ်လို့ ငါထုတ်လိုက်တော့မယ်
=====================================
နိုင်ငံတော်ကြီးကိုရောင်းချင်လို့ ပါ
အခုဘယ်ဈေးပေါက်လဲခင်ဗျာ
model ကတော့နောက်ဆုံး model ပါ
နံပါတ်အက္ခရာစဉ်လဲလှပါတယ်
တလက်ကိုင်အိမ်သုံးပါ
အထိအခိုက်အနာအဆာကပြောပလောက်အောင်မရှိသေးပါဘူး
အလည်ဝင်ရိုးမှာတလောကမှထိခိုက်မိထားတာနဲနဲရယ်
အနောက်ဘက်အခြမ်းမှာတိုးတိုက်မိထားတဲ့ဒဏ်ရာဒဏ်ချက်ရှိတယ်
ထင်တလုံးဆီကဖြောင့်ချက်../သို့ သော်/...(မထင်)
ထမင်းလုံးတစ္ဆေခြောက်ခံရသလိုလို ကိုယ့်ကိုယ်ကိုဘ၀င်မြင့်သလိုလို
လမ်းသလားနေတဲ့ အိမ်မက်တွေဟာတကယ်ပဲဖြစ်လာတယ်
ကျော်ခွသွားလို့ မရတဲ့ ဘ၀ရှင်းတမ်းပြဿနာတွေဟာ
မီတာအခွန်ခဘေလ်(bill)ဆောင်ဖို့ တန်းဆီနေသလိုမျိုး
နိုင်ငံကူးလက်မှတ်(passport form)တင်ဖို့ တန်းဆီနေသလိုမျိုး
ချွေးဒီးဒီးဟာဖိနပ်ပါးခြေကုန် မနက်ဖန်အတွက်ဆန်အိုးထဲကကြွက်ချီး
အရက်မြည်းဖို့ အသားကြော်ဟာခါးတူးပေမယ့်အရက်ချိုနဲ့ ပနံတင့်သလိုမျိုး
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးဟာ
ဆိုင်းဘုတ်မှာအထင်းသား သစ်တပင်ခုတ်ထောင်(၃)နှစ်
တောမီးတကွက်မုဆိုးဆိုတာတို့ နိုင်ငံမှာအပေါဆုံးလူသား
ဘယ်နေရာကြည့်လိုက်ကြည့်လိုက်...တောလိုက်သမားတွေချည်း
နေပြည်တော်ကမုဆိုး။ရွှေဘုံသာလမ်းကမုဆိုး၊ကားပွဲစားတန်းထဲကမုဆိုး၊
ရွှေလီကမုဆိုး၊တာချီလိတ်ကမုဆိုး၊မြ၀တီကမုဆိုး၊ရခိုင်ပြည်ကမုဆိုး
ခြံစည်းရိုးမလုံခဲ့တဲ့ ကွင်းပြင်ထဲမှာ သားကောင်တို့ ဟာမျက်နှာငယ်လို့ 
အထွေထွေမုဆိုးတို့ သည်...သားကောင်းအားလစ်လျူပြုသလိုနဲ့
ချောင်းမြောင်းလို့ အားလုံးသောဘ၀တွေဟာတကယ်တိမ်းစောင်းနေခဲ့ပြီ
ဂုဏ်သရေရှိတဲ့ သံတမန်ဆက်ဆံရေးဟာမြောက်ထိုးပင့်ကော်
ထမင်းတစ်လုပ်ဟာပါးစပ်နားရောက်ခါနီးပြုတ်ကျသွားသလိုလို
ခံတွင်းချဉ်တဲ့ပါးစပ်ဟာ ခံတွင်းပျက်လှောင်(ရယ်)သံတွေဆီမှာ
အကောင်းစားဆေးပြင်းလိပ်ကိုဖွာလို့ ဖြေးဖြေးခြင်းခေါင်းခါပြတယ်
တငြိမ့်ငြိမ့်တက်လာတဲ့ ကုန်ဈေးနှုန်းဟာ
ဒေါ်လာဈေးကျတာ ကားပါမစ်ဈေးကျတာ ရွှေဈေးကျတာဟာ
ကန်စွန်းရွက်ဈေး ငစိန်ဆန်ဈေးကျသလောက်ရင်ခုန်ဖို့ မကောင်းတာအမှန်
ထမင်းစားပြီးလက်ရေဆေးလို့ လက်သုတ်ပ၀ါမရှိတဲ့ ဘ၀မှာ
ထမင်းစားနေရခြင်းကိုတော်တော်မုန်းတယ်
ဒါပေမယ့် ထမင်းတစ်ပန်းကန်ဟာတော်တော်အရေးပါတယ်
အဆုပ်လိုက်ပွင့်တော့မယ့်အခြေအနေမှာပွင့်ဖတ်တိုင်းဟာ
.......................ငါတို့ နိုင်ငံဖြစ်စေ............................
မိုးသူ(တောင်ကြီး)
17 Nov 2012/Saturday
07:37/PM
နိုင်ငံတော်အား ကလောင်လက်နက်ဖြင့်ထူထောင်မည့်သူများသို့ .......
ကဏ္ဍခွဲမမြင်တော့
တလွဲတွေထင်ကုန်တာပေါ့
ဆွဲမယ်ဖြဲမယ်ဆိုတဲ့စိတ်ဓါတ်
မင့်အတိတ်မှာရပ်လိုက်ပါတော့ ။
မရိုးသားတဲ့ချဉ်းကပ်မှု
ကဗျာတွေကတော့နုနေမှာမဟုတ်ဘူးကွာ
တခုခုအတွက်ရည်ရွယ်
စောက်ကြီးစောက်ကျယ်ကောင်တွေက
နာမည်ကောင်းဝင်ယူလို့ ပယ်ဖျက်
သြော်...တကယ်ပဲအရှက်မဲ့လွန်းနေတယ်
ဟေ့ ..... ကဗျာဆရာတွေ 
ရှေ့ တက်စရာရှိတာ ရှေ့ တက်
ကဗျာတွေအတွက်ငဲ့ကွက်သင့်တယ်
ကဗျာတွေအတွက်ထည့်တွက်သင့်တယ် ။
တိုင်းပြည်ကို ကလောင်လက်နက်နဲ့ တည်ထောင်မလို့ တဲ့
မလွယ်ကူတဲ့လူ့ လောကမှာ
သူတို့ အိမ်နောက်ဖေးဆန်အိုးထဲက
ခလောက်သံညံ့ညံ့ပေးလို့ 
အတွေးတွေကနိမ့်နေတာမမြင်
အထင်ဟာအထင် အသွင်မရှိတဲ့ ငနဲ
ဘ၀င်မြင့်နေတာလဲမဆန်းကျယ်
အရမ်းတော့မတွယ်နဲ့ ကိုယ့်လူ
ကိုယ့်အပူကိုယ်ကြည့်
ကိုယ့်ဝမ်းနာကိုယ်သာသိသတဲ့ ။
အတွေးတွေသိပ်မဟိုက်ပါနဲ့ 
တိုက်ခိုက်ချင်တတ်တဲ့စိတ်ညံ့
ကျုပ်ကတော့သိပ်လန့် တယ်ဗျ ။
တချက်လေးတော့မေးလိုက်ချင်ရဲ့
တိုင်းပြည်အတွက်အသာထား
မင့်အိမ်မှာများသောက်ရေအိုးထဲရေဖြည့်ဖူးရဲ့ လား
တကယ့်လက်တွေ့ မှာတော့ယောင်ချာချာ
နောင်နောင်အခါတွေများ
ကိုယ့်မျက်ချေးကိုယ်ကြည့်
ထိခါမှသိတဲ့လူစားလို
တို့ ခါမှရုန်းတဲ့ နွားလိုမလုပ်နဲ့ 
ကိုယ့်အားကိုယ်ကိုယ်ကိုးလို့ 
ညီလေးရေ....ကြိုးစားလိုက်ပါအုံးကွာ ။    ။
မိုးသူ(တောင်ကြီး)
21 December 2012/Friday
10:55/AM
ဟောဟိုမှာကြည့် ... သိလား ..တွေ့ လား ..
ဟောဟိုမှာကြည့် ... သိလား ..တွေ့ လား ..
ကိုယ်သင်းရနံ့ တွေသင်းထုံနေတဲ့ခေတ်ကြမ်းကြီးထဲမှာ
ဒီလူနည်းစုပေါ့....ချွေးဒီးဒီမကျခဲ့ပါပဲ
စနစ်ဆိုးတွေကြောင့်ရွှေရောင်အိမ်မက်တွေမက်
ရက်စက်ခံလူတန်းစားသန်းခြောက်ဆယ်ကျော်ရဲ့သတင်းတွေဟာ
ရင်အစုံကိုအပ်ဖြားနဲ့စွသလိုခံပြင်းလှသဟဲ့ ။
ဟောဟိုမှာကြည့် ... သိလား ..တွေ့ လား ..
သမိုင်းကွေ့ တခုမှာတော့...
အလောင်းစည်သူမင်းတရားကြီးရဲ့ ဝရဇိန်
 ကြိမ်စင်္ကြာနဲ့ ရိုက်တိုင်းရေပြင်ဖြစ်သတဲ့
 အာဏာမှိုင်းတိုက် ဒိလူနည်းစုတသိုက်မှာတော့
လက်ညိုးညွှန်တိုင်းငွေပင်ဖြစ်လေသတဲ့ကွယ် ။
ခိုးကူးခံခဲ့ရသောကဗျာများဆီသို့ ငြီးခြင်း
တကယ့်ရိုးရိုးကဗျာပါပဲ
အမျိုးမျိုးလဲတွေးကြည့်ပါတယ်
သူခိုးဆိုးဘေးလဲကြောက်ရ
ခိုးကူးတဲ့ဗလာနကိုလန့် ရနဲ့ 
အန္ဓတွေဟာအရှက်မရှိကြတာယုံပြီ ။
အက္ခရာ ရစ်သန်
အမြင်မှန်တဲ့နမိတ်ပုံ
အရိပ်စုံအောင်ဖော်ကျူး
စကားလုံးတွေနဲ့ပျော်မြူးချင်ပေမယ့်
ဒီအရူးကတော့..ခိုးကူးဖို့ 
လောက်ပဲစဉ်းစားမှာပေါ့ ။
ဒလ (သို့ ) ကျူပ်ကျောပြင်ကို ချခံရခြင်း
လေတယ် ...စိတ်
တအိတ်ကိုတစိပ်ဖြစ်အောင်ပြောပစ်မယ်.....
တို့ နိုင်ငံရဲမြေပြင်အောက်မှာ
သုံးမကုန်နိုင်တဲ့ရေချိုမြစ်ပြင်ရှိသပဆို
အမိအရနဲ့ အတိအကျ ငိုလိုက်ချင်ပါရဲ့ 
နဂိုကတည်းက ငိုက်နေတဲ့ ပရဟိတစိတ်
တရိပ်ရိပ်နဲ့ အငွေ့ ပြန်
အတွေ့ မခံတဲ့ စာနာစိတ်
ဒီတခါတော့ ..ကျူပ်ကျောကို ချတယ်
ရောင်းရန်မဟုတ်
ဂူအောင်းနေတဲ့ ပြည်တစိုစိုအနာဖေးတွေအချပ်လိုက်ကွာကြဖို့ 
အနက်ရောင်ပတ်တီးစရဲ့ ခေါက်တွန့် ကိုဆွဲဖွင့်
မျှော်လင့်ခြင်းလက်တို့ နဲ့ တလွှာချင်းဖြည်ချလို့ 
သိပ်လှလွန်းမဲ့ အလင်းရောင်ဟာ တဖြည်းဖြည်းပျို့ တက်လာတယ်
အတိတ်ရဲ့ သွေးစက်တွေ မျက်ရည်စတွေကိုနှစ်သိမ့်ပေးပါ
သို့ .....နိုင်ငံရေးလုပ်စားကျသူများ
အဆင်ကွဲကာ
အမြင်လွဲရှုပ်
အထင်ထုတ်နိုက်
အတွင်းလှိုက်ဟောင်
အဆံချောင်လို့ 
ရန်ထောင်မာန်တင်း
ဟန်ဆောင်ခြင်းနဲ့ 
သံယောင်နင်းပြား
လုပ်စားကျသည်
နှုတ်အားပျမ်းမျှ
အပုတ်ချ၍
ယုတ်စွအဆုံး
ချစ်သူများနေ့ အားဂုဏ်ပြုခြင်း....
Saint Valentineရေ ခွင့်လွှတ်ပေးပါ
ဒီကဗျာကို...ငါရေးမိပြီ...
ဖေဖော်ဝါရီ ၁၄ ရက်က မင်းကို ဂုဏ်ပြုခြင်းလား
မင်းက ဖေဖော်ဝါရီ ၁၄ ရက်ကို ကိုယ်စားပြုလိုက်တာလား
ငါမသိ.. ငါတကယ်မသိခဲ့.....
ဈေးကွက်ထွင်ချဲ့ 
အိုဘယ့် လူတွင်ကျယ်ရေပေါ်ဆီတို့ 
ညီညာသတ်မှတ်ထိုရက်မြတ်ကို
ချစ်သူများနေ့ ....တွင်လေ့ရှိအောင်
ခပ်ပြောင်ပြောင်နှင့်မသမာလောဘ
အတောမသတ်ပဲ ဒီမိုကရေစီအကြောင်းပြ
ရောင်းမရတဲ့ (show) ရှိုးပွဲလက်မှတ်တွေနဲ့ 
ကံစမ်းမဲဖောက်...စကောလောက်မှဇောက်မနက်
ခွေးလောက်မှာအသိညဏ်မရှိ
ဘယ်သူသိသိမသိသိ ..ဘယ်သူထိထိမထိထိ
မိမိတို့ စီးပွားဖြစ်ဖို့ အရေး
အပြစ်ဖို့ ချင်သလောက်ဖို့ 
ကိုယ့်ဘို့ ကိုယ်ကြည့်တဲ့ နွား
အယားပြေမလားလို့ ပွားစီးရေးကိုတီထွင်
ပီပီပြင်ပြင်နဲ့ အစောတလျင်
နိုင်ငံ့ယဉ်ကျေးမှုကိုဖျက်သတဲ့......
အရိပ်နဲ့ အတိတ် တို့ အားတွန်းလှန်ကြည့်ခြင်း...
သိတယ်..ငါသိတယ်
မနှစ်ကတည်းက....
လော်မာထားတဲ့ကိုယ်ကျင့်တရားတွေ
ဒီဖက်နှစ်ကိုမယူလာဘူးဆိုပေမဲ့ 
အကြောင်းကြောင့်အကျိုးနိယာမအရ
ကိုယ်ဝန်အရင့်အမာဖြစ်ခဲ့တာပေါ့
ဒါမျိုးမရဘူးလေ....
ခေါင်းခေါက်ပြီးမှ(sorry)ဆိုတဲ့ ယဉ်ကျေးမှု
ငါတို့ တတွေ အဆင်ရှေးရှုလို့ မဖြစ်ပေဘူး
ဒီနှစ်ဦးမှာအောင်မြင်ခဲ့ တဲ့ ငြိမ်းချမ်းရေး
ဘာမှမဆိုင်တဲ့ စိမ်းလန်းရေးအတွက်
သာဂိခင်မျာမယ် ရွာဆော်လိုက်လုပ်နေရာရှာတယ်
သူ့ အတွက်ထန်းရေဖိုးလောက်ပေးရင်ရသတဲ့
ရွာဦးကျောင်းအောက်ကခွေးတွေတအူအူနဲ့ 
ကြေးစည်သံကလဲတဒူဒူပေါ့ (မထင်...)တဲ့လေ
ဒါဟာစုန်းပြူးတွေအတွက်မျှော်လင့်ချက်လား
တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေး....... ဒို့ အရေး
အတ္တတွေနဲ့ ပဲ
ရှင်သန်နေပါရစေ
ကြားထဲက ဝေဖန်တာမလုပ်
လေကန်တာတွေခဏရပ်
ဘ၀ဟာအထပ်ထပ်ငုတ်လျှိုးနေခဲ့တယ်။
အိမ်မြောင်စုတ်ထိုးတိုင်းလာဘ်ရွှင်သတဲ့
ထပ်ဘ၀င်မြင့်အောင်များ
ပင့်မြှောက်လေသလားဟဲ့
အကျင့်ပြောက်အောင်တော့ မပြုပြင်
အခုပင် ဖိနိုပ်
အခုပင် ချုပ်ချယ်
အခုပင် ပိတ်ပင်
အခုပင် တာဆီး
တခြားနည်းတွေများ
မရှိတော့ဘူးလားဟဲ့ ။ 
သြော်...တကယ်ကတည်းမှ
ပွားစီးအောင်တော့ မကြံဆောင်
ရန်ထောင်ကာ ကိုယ့်လူမျိုးကိုယ်
နိုပ်ကွပ်သတဲ့.............
အရိပ်ကတော့ အထွဋ်မှာပေါ့
ခွပ်ပစ်ကြစမ်းလိုက်ပါဟ
အိမ်ကြက်အချင်းချင်း
လိမ်ဟဲ့သတင်းအဖျင်း
VOA,BBC -
စရံမရှုံးရအောင်
အကြံတုံးပေးနေသည်
RFA,DVB-
ကျန်းမာချမ်းသာဖို့ 
တပါးသူတို့ ပေးစာကမ်းစာနဲ့ 
ရပ်တည်နေသည်။
ဟိုက်ခ်ျ..တလွဲ...
ငမွဲစရင်း
သွတ်သွင်းခံရတဲ့ပြည်
တို့ ပြည် ......
ဂုဏ်ယူစွာနဲ့ မော်ကြွား
ခေါ်မကြားအော်မကြားနဲ့ 
သင်းတို့ တတွေအပျော်မယားထားကြသတဲ့
မတော်မတရားမေးလိုက်ပါချင်ရဲ့ 
အတွေးတွေဟိုက်ကာရင်တွေကွဲ
အထင်အမြင်တွေလွဲနေတဲ့သံသယ
ပြန်မရနိုင်သေးတဲ့ညီညွှတ်မှု
တို့ တတွေအစဉ်ရှေးရှုရန်ကြံဆောင်
ရန်ထောင်တာတွေပြန်တွေး
ကျူပ်တို့ တွေရင်ထဲမအေးနိုင်တဲ့စရိုက်နဲ့ 
စစ်တိုက်နေတဲ့ထိုးစစ်
ကျူပ်တို့ နိုင်ငံမှာ
ခဏဖြစ်ဖြစ်..........ရပ်ကြပါတော့။   ။
......................
...............
.........
ကျုပ်တို့ ရဲ့ ဆွေမျိုး
.....ကချင်ပြည်နယ်သို့ .....
မိုးသူ(တောင်ကြီး)
07January2012/Sat
07:52/AM
တည်ငြိမ်အေးချမ်းမှ တိုင်းပြည်
ဖွံ့ ဖြိုးတိုးတက်မည်။
တည်ငြိမ်အေးချမ်းမှ ဒီမိုကရေစီ
ဖော်ဆောင်အောင်မြင်နိုင်မည် ။
ခောတ်မှီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ 
ကဲ...ဘယ်လိုလုပ်ကြမလဲ
ငါ့..အယူအဆတွေ
အူတူတူနဲ့ အငြူစူတောင်
မခံနိုင်တော့ဘူး..
သက္ကရာဇ်တွေကြားမှာ
တွားသွားနေတဲ့
စားဖားတကောင်
ယောင်တောင်တောင်လဲဖြစ်ခဲ့တယ်
ကြောင်တောင်နှိုက်တတ်တဲ့  စရိုက်
မကြိုက်ဆုံးပဲကွာ...
အမိုက်ဖုံးတဲ့ သြကာသမှာ
ထောပနာတွေသာပြုခဲ့တယ်....