Showing posts with label မိတ်ဆွေများ၏ကဗျာ. Show all posts
Showing posts with label မိတ်ဆွေများ၏ကဗျာ. Show all posts
ခါးသက်သက်
ခါးသက်သက်.....
~~~~~~~~~~~~~~~
အမှန်တ၇ားကို သစ္စာတိုင်တည်
ရင်ဖွင့်လိုက်ချင်သည်ကွယ်....
အဖြူေ၇ာင်ကိုမြတ်နိုးနှစ်ခြိုက်လို့
ဘဝကိုလဲဖြူစင်၇ိုးစင်းစွာ
နေထိုင်ချင်သူပါ......
အတ္တနဲ့မာနတွေသွေးထိုး
အရောင်တွေဆိုးလာတော့
မခံနိုင်ဖြစ် စွန်းညစ်ခဲ့ပြီ......
သူတော်ကောင်းဖြစ်ချင်ပေမယ့်
ဝမ်းနည်းစွာဘဲ လွဲချော်ခဲ့....
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာ
လက်ခံပါတယ် ဒါပေမယ့်လဲ တခါတလေတော့လွဲ
ချိတ်ချိတ်ချင်းမှချိတ်တာဆိုပေမယ့်
ဖြောင့်တန်းနေတဲ့အရာနဲ့လဲ
ချိတ်မိတတ်ကြတာဘဲ...
ကြုံတွေ့ရပေါင်းများပြီကွာ
နောက်ဆုံးချိန်ထိယုံကြည်မိတယ်ကျောချမှ
ဓါးမြမှန်းသိ နောက်ကျပါဘိနော်....
ကျနော်မှန်သတဲ့
ကျနော်မှန်သတဲ့
ဘဝအတွက်၊
ထွက်ခဲ့ရ ဝေးမြေဆီ။
ချစ်သူတွေ၊ အိမ်မြေနှင့်
မိတ်ဆွေတွေ စွန့်ကာထား
သွားခဲ့ရပြီ။
အောင်မြင်မှု ရှာရမည်၊
ဘဝနေခြည် အတွက်ကွယ့်။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။
မိတ်ဆွေများ ဆုံးရှုံးပြန်၊
အထီးကျန် မြို့တော်ထဲ၊
အဖေါ်ကွဲကာပေ။
သို့ပေမယ့် အောင်မြင်မှုတွေ၊
စောင့်ကာနေလေရဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။
မြတ်နိုးရသူတယောက်၊
ပန်းကောက်ရင်း ဆုံခဲ့ပေ။
သို့သော်လည်း တကိုယ်ရည်၊
ထားခဲ့ရပေ။
နေရစ်တော့ ကြင်သူရေ၊
ငွေရှာရဦးမယ်ကွယ့်။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။
ကောင်းပေရဲ့ ဝင်ငွေ၊
ဒီရေအလား။
သို့ပေမယ့် အားလုံးကို၊
လွမ်းပိုရအား။
မိသားစုကြားဝယ်၊
'ဧည့်သည်' အလားပမာကွယ့်။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။
သူတို့တွေ လိုအပ်တုန်း၊
အနီးဆုံး မနေနိုင်။
သူတို့နားနေချင်စိတ်၊
ထိန်းမရမှိုင်။
ဘဏ်မှာတော့ တိုးလို့လှိုင်၊
အခြေတော့ခိုင်ပါရဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။
သူတို့တွေပျော်ကြတုန်း၊
အဝေးဆုံးရောက်နေ။
သူတို့တွေ ပူဆွေးကြ၊
မျှဝေမရပေ။
တိုးသထက်တိုးလို့နေ၊
လခငွေရှိလေရဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။
ချစ်ခင်ရသူတွေအား၊
နှုတ်ဆက်စကား ဆိုဖို့ကျန်။
ကိုယ့်ကိုယ်ကိုယ် ဒီအတွက်၊
ဖြေသိမ့်ခက်ပြန်။
လကုန်တော့ အချိန်မှန်၊
အလျှံပယ် လစာနဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။
ငါဟာ နတ်ဆိုးစောင့်တဲ့မိန်းမ
# ငါဟာ နတ်ဆိုးစောင့်တဲ့မိန်းမ #
ငါဟာ နတ်ဆိုးစောင့်တဲ့မိန်းမ
တချိန်လုံး ဒေါသတွေပွရွလို့
လောကကို သောကတွေ တနင့်တပိုးနဲ့
သဘောမကျသလိုကြည့်တတ်တယ် ....
ငါဟာ နတ်ဆိုးစောင့်တဲ့မိန်းမ
လူတွေနဲ့အတူ ရယ်မောခြင်းကို စိတ်ပျက်လို့
ငိုကြွေးခြင်းကိုသာ အာသာငမ်းငမ်း တပ်မက်တယ် ...
........ချစ်သူသိစေ ......
ကဗျာဆန်ဆန် ကာရန်အလှတွေနဲ့
တီတီတာတာ မပြောတတ်ပေမယ့်
နှလုံးသားကို အရင်းတည်လို့
တစ်ကယ်ချစ်ခဲ့တယ်ဆိုတာ
ယုံကြည်စေချင်တယ်
ချစ်သူရယ် ............................
မျက်ဝန်းကို အသာမှိတ်
ချစ်သူပုံရိပ် တိတ်တိတ်လေးဖော်
ကြည်နူးစိတ်နဲ့ ရင်ခုန်ခဲ့ရတာ
ချစ်သူသိအောင်....
အရှက်သည်းလို့...
ကျွန်မပြောမထွက်ခြဲ့ပန်ဘူး ........
တီတီတာတာ မပြောတတ်ပေမယ့်
နှလုံးသားကို အရင်းတည်လို့
တစ်ကယ်ချစ်ခဲ့တယ်ဆိုတာ
ယုံကြည်စေချင်တယ်
ချစ်သူရယ် ............................
မျက်ဝန်းကို အသာမှိတ်
ချစ်သူပုံရိပ် တိတ်တိတ်လေးဖော်
ကြည်နူးစိတ်နဲ့ ရင်ခုန်ခဲ့ရတာ
ချစ်သူသိအောင်....
အရှက်သည်းလို့...
ကျွန်မပြောမထွက်ခြဲ့ပန်ဘူး ........
တမ်းခြင်း
တွယ်တာသမျှတွေနဲ့ 
ကွယ်ရာကပဲ ချစ်မယ်..မောင်
အပယ်ရွာပင်လားပါစေအုံးတော့
တကယ်မခွါချင်ပါလစ်လျူရှုခဲ့
အပြစ်တွေဟာမထင်ရှားသမို့ 
နှစ်သစ်တွေမှာ တမင်ထားခဲ့ ပါတယ်
ကျွန်မ... ရင်ကြားမှာစူးခဲ့ တဲ့  ဆူး နဲ့ 
တသက်လုံးလဲ ရူးရတော့မယ်ထင်ပါရဲ့ 
မောင့်အတ္တတွေကြောင့်
ကျွန်မဖြောင့်ချက်လဲမပေးချင်တော့ဘူးကွယ်
ကြင်နာခြင်းတွေဟာ
နာကျင်ခြင်းအသွင်နဲ့ ဖုံးလွှမ်း
မဆုံးတမ်းလဲ လွမ်းတယ် ...မောင်
ရုန်းမရတဲ့ သံယောဇဉ်
ပြန်ပြောရင်တော့ ရင်နာလှတယ်
အထာကျတယ်လို့ ထင်ချင်ထင်
ကျွန်မဟာ ဘ၀ကိုလဲပြင်ဆင်ခဲ့တယ်
လက်သည်းခွံလေး
အိပ်မက်ဆန်ဆန် ချစ်ခြင်းတွေအတွက် တဘ၀စာ အင်အားသုံးမိတဲ့
တရားလွန် ချစ်ခြင်းတရားတွေက
ပုံပြင်တစ်ခုလုံးရဲ့  သေမိန့်ကျ တစ်ဦးတည်းသော အပြစ်သားပါ ။
သူ့လက်နဲ့ သူ့အစ်ကြိုးကို တရားသေသဘောဖြင့်
ကျစ်သွားရှာတဲ့ ကောင်းကင်လေးရဲ့  ကောက်ရိုးတစ်မျှင်ပေါ့ ...။
ငရဲလောကမှာ စာခြောက်ရုပ်က လူတွေကိုပြန်ခြောက်တယ် ..။
နှလုံးသွေးတွေ တဒိန်းဒိန်းမြည်ဟီး သားကြောက်နေခဲ့တယ် .." မေမေ " ။
လူရိုင်းဟု သမုတ်ခံရသော မျိုးနွယ်စုတစ်စု အရှက်လုံရုံ ၀တ်စားဆင်ယဉ်
မီးပုံပွဲလုပ် ကခုန်ကြတာ သူတို့ယဉ်ကျေးမှုတစ်ခုပဲပေါ့ .. ဗျာ .. ။
❤❤သူ့အတွက်❤❤
ကျေးဇူးပြုပြီး...ကျွန်မ..ကို.. ."အချစ်ကလေး" လို့မခေါ်ပါနဲ့...
ကျွန်မက အနုအရွသိပ်ကြိုက်တတ်တဲ့...မိန်းမဆန်လွန်းသူတစ်ယောက်မဟုတ်ခဲ့ဘူး...
ကြောင်တွေကို အရူးအမူးခင်တွယ်ပြီး...ချစ်သူကို တခါတခါ မခင်တွယ်ချင်သူတစ်ယောက်ပါ....
အနက်ရောင်ကိုကြိုက်ပြီး...အဖြူရောင်ကိုမြတ်နိုးတယ်...
ဆန့်ကျင်ဘက်အရာတွေနဲ့...ပူပန်မှုကိုခုံမင်သူဟာကျွန်မပေါ့...
တကယ်လည်း...ကျွန်မအိပ်ရာဝင်ပုံပြင်တွေဟာ အနက်ရောင်တွေများခဲ့တယ်....
ထိရှလွယ်တတ်တာက မွေးရာပါဗီဇ...ဒီတစ်ခုချွင်းချက်...မိန်းမထဲကမိန်းမတစ်ယောက်မို့ပါ...
ကျေးဇူးပြုပြီး....ကျွန်မ..ကို အပြစ်မတင်ချင်ပါနဲ့လား...
ကျွန်မက ဘယ်သူ့ကိုမှ ဘယ်သူနဲ့မနှိုင်းပါဘူး...
ဒါပေမယ့် ကံမကောင်းခြင်းများစွာနဲ့...အတိတ်မှာ ယုံကြည်စရာလူမရှိခဲ့ဘူး...
"အိမ်" ....
"အိမ်"
ငါတို.အိမ်ထဲမှာ
သားစားကျူးတဲ့
ခြင်္သေ့တွေမရှိဘူး
ငါတို.အိမ်ထဲမှာ
နာပျော်ဖွယ်တွန်တဲ့
ဥဒေါင်းတွေမရှိဘူး
ငါတို.အိမ်ထဲမှာ
တစ်ဦးကိုတစ်ဦး
ရိုင်းပင်းကူညီတတ်သော
ညီရင်းအကို
မောင်နှမများသာလျှင်ရှိတယ်
Subscribe to:
Posts (Atom)






