ကျွန်တော်ဆိုတဲ့ ကောင်က အဲသလို
ကျွန်တော်ဆိုတဲ့ ကောင်က အဲသလို
______________/)________/)_/)__/¯"""/')
¯¯¯¯¯¯¯¯¯(/¯¯¯¯¯¯¯¯¯¯¯(/¯¯¯¯¯¯'\_„„„„\)
လိုက်လျောညီထွေတောထဲမှာအလိုက်သင့်မျောလို့ 
ကိုယ့်ကိုယ်ကိုဘုံးဘောလသြဖြစ်လို့ ဖြစ်နေမှန်းမသိ
မယောင်ရာဆီလူးတဲ့နေရာမှာယောင်ခြောက်ဆယ်တွေနဲ့ အပြိုင်ကျဲတယ်
ကြိုးညှိလို့ တီးခတ်လိုက်မှအသံကြောင်မြည်တဲ့ဂီတာတလုံးရဲ့ အတွင်းစိတ်လိုမျိုး
မြစ်တစင်းလိုကောက်ကွေ့ ပြီးမြှားတစင်းလို ဖြောင့်တန်းအောင်လဲဗရုတ်ကျလိုက်သေးတယ်
အလေအလွင့်စကားတွေကိုနားနှစ်ဖက်ပိတ်လို့ ခိုးနားထောင်တတ်သူလဲဖြစ်ပြန်တယ်
ရီ(ရယ်)ချင်စရာဥပမာတွေနဲ့ မျက်နှာကိုခပ်ထန်ထန်လုပ်ပြီးအတည်ပေါက်နဲ့ နောက်တတ်ပြန်သေးတယ်
ရာသီဥတုဖောက်ပြန်ကြောင်းကိုရေချိုးပြတတ်လွန်းလို့ ချစ်သူကမယုံမရဲဖြစ်ရတဲ့သူပေါ့
အနီရောင်ကို ပန်းရောင်တွေနဲ့ မှားမှားကြိုက်တတ်လို့ အပြစ်တင်ကဲ့ရဲ့ ခံရခြင်းမှမလွတ်တဲ့သူ
နှလုံးအိမ်ထဲက ဟာဒယအလင်းတို့ ကိုတွေ့ ကရာနေရာမှာထိုးစိုက်ရွက်ကျရာအပင်လိုက်လိုက်ပေါက်လို့ 
အိမ်ကမကြည်မသာနဲ့ အမြဲတမ်းငေါက်ခံရတဲ့သူတယောက်ဖြစ်နေခဲ့တယ်
အိမ်မက်တွေအကောင်ထည်ဖော်နေတုန်းဘယ်သူ့ ကိုမဆို
ခပ်လွယ်လွယ်ပဲသွားသုံးဆယ့်နှစ်ချောင်းပေါ်အောင်ပြုံးပြတတ်သေးတယ်
ဆုံးမတတ်တဲ့သူတွေရဲ့ အရှေ့ ရောက်ရင်ခေါင်းလေးကိုအသာငုံ့ လို့ 
ပုံ့ ပုံ့ လေးနေပြရင်းအကြံအစည်တွေနဲ့ ဒူးနံ့ နေတတ်သူလဲဖြစ်တယ်
နောက်ပြီး
ကမ္ဘာကြီးမှာနေထိုင်ပြီးကမ္ဘာကြီးရဲ့ မျက်ရည်တွေကို
တူးစွနေကြတဲ့လူတွေထဲက
ခပ်ညံ့ညံ့ဇာတ်ကောင်တယောက်ပေါ့
မိုးသူ(တောင်ကြီး)
24 april 2013 /WED
04:17 /PM
.,-,*´`'*°☆
/.(  မိုးသူ(တောင်ကြီး)
\ {
`-`☆.¸¸.♥
┊ ┊ ┊ ┊♥
┊ ┊ ┊ ☽
┊ ┊ ☆
☆☆
No comments:
Post a Comment