ကျိမ်ဆဲသံ



ကျိမ်ဆဲသံ
========

မယားငယ်ထား,တဲ့အလွမ်းတွေ
မြေမြိုပါစေ

မျောက်မထား,တဲ့သတိရခြင်းတွေ
မိုးကြိုးပစ်ပါစေ

လင်ငယ်နေတဲ့ခံစားမှုတွေ
ရေနစ်မသာဖြစ်ပါစေ

ကြာကူလီလုပ်တဲ့တမ်းတခြင်းတွေ
လောင်မီးကျလို့ သေပါစေ

လော်လီဖောက်ပြန်တဲ့အချစ်တွေ
ငရဲအိုးထဲကျပါစေ

မှတ်ထား...အဲဒါငါ့ရဲ့ ကျိမ်ဆဲသံ

မိုးသူ(တောင်ကြီး)

No comments:

Post a Comment