မာယာမဲ့ တမ်းချင်း



 
 
ဖောက်ခနဲပေါက်ကွဲသွားတဲ့
ဒေါသတွေရဲ့ အဆုံးမှာ
ဂရုဏာသံပါသွားသလား
အဲသလိုဆိုရင်တော့
လက်ခုပ်တီးလို့ အော်ရီ(ရယ်)နေပါရစေ

နှစ်ခါစဉ်းစားစရာမလိုတဲ့ခံစားချက်တွေနဲ့ 
မီးလျှံတငြီးငြီးတောက်နေတဲ့ပုရ၀ုဏ်ထဲမှာ
လောင်မြိုက်ခြင်းတို့ ကို
တစိမ့်စိမ့်သောက်သုံးနေမိတယ
ဒီဘဒ္ဒကမ္ဘာမှာအငွေ့ ပျံသွားတဲ့
သံယောဇဉ်တွေက
လူမသိသူမသိနေရာမှာ
ခိုးခိုးပြီးငွေ့ ရည်ဖွဲ့ သတဲ့
မထုံတတ်တေးအကြည့်တို့ နဲ့ 
ဖျော်ဖြေရေးကဏ္ဍမှာအစားထိုးဖို့ 
နင့်အတွက်ငါမလိုအပ်တော့တာ
တကယ်သေချာသွားပြီထင်ပါရဲ့ 

မနစ်မျို့ စရာအဃာတတွေကိုသုတ်လိမ်းလို
နင်ပစ်လွှတ်မယ့်လေးညို့ မှာတင်လို့ ခွင်းလိုက်
ဘယ်ရောက်ရောက်ဘယ်ပေါက်ပေါက်မှုမနေနဲ့ 
စွန့် လွှတ်ခြင်းမှာစွန့် စားခြင်းတွေပါနေမှတော့
ကိုယ့်အတ္တကိုယ့်ကိုယ်ကိုသာထူထူရုံလို့ 
မာနတွေနဲ့ လုံခြုံစေရမှာပေါ့ကွယ်

ဟောကြည့်စမ်းပါအုံး......နင်ငိုရင်
ငါ့ကောင်းကင်ကကြယ်တွေကြွေတယ
အားရအောင်ဆုတောင်းလိုက်စမ်း
ပြီးရင်.....
ငါ့အုတ်ဂူပေါ်မှာပန်းလေးတပွင့်တင်ပေးလှည့်ပါ
သေတပန်သက်တဆုံးဆိုတဲ့စကား
နင်နဲ့ ငါ့အကြားမှာနားခါးစရာလားလို့ ဟယ်
အဲသလိုပြောတော့နင်ကရီ(ရယ်)တယ်
အပြုံးတွေထဲမှာမာယာတွေထည့်သုံးထားလေရော့လားကွယ်

ချစ်သူရေ......
အလွမ်းဇနပုဒ်မှာ
ငါ့ကိုငါမြေမြုတ်လိုက်တော့မယ်
(သွား)သပုတ်လေလွှင့်ကျင့်ချင်တဲ့သူတွေဝမ်းသာကြပါစေ
ငါတို့ နှစ်ဦးရဲ့ အပြောနဲ့ အလုပ်မှာ
တောထုတ်လို့ သံပုံးတီးချင်တဲ့သူတွေက
ပျားအုံကိုဒုတ်နဲ့ ထိုးသလိုဝိုင်းဝိုင်းလည်နေတယ်

ခက်လိုက်တာကွယ်
သံသယတွေကိုလိုက်ဖမ်းနေရတဲ့ဒုက္ခ
ထိကြည့်ကိုင်ကြည့်လို့ မရတဲ့အထဲမှာ
အချစ်ဆိုတာကပါနေပြန်သေးတယ်
ဒီလိုသာကဗျစ်ကညစ်နဲ့ 
နင်နဲ့ ငါ အကြားစစ်ဖြစ်နေကြရင်
ဘေးလူတွေကတစ်တစ်ရစ်ရစ်ပြောကြလိမ့်မယ်ကွဲ့ 
အနှစ်မဲ့အကာမဲ့အတွေးတွေကိုစိတ်ထိန်းလို့ 
အနေစိမ်းနေတဲ့တံခါးနှစ်ချပ်
ညနေခင်းဖက်မှာစပ်ဟတ်လို့ပြန်စိပေးစမ်းပါကွယ် ။ ။

မိုးသူ(တောင်ကြီး)

19 April 2013/Friday
08:48/AM

1 comment:

စံပယ်ချို said...

အနှစ်မဲ့အကာမဲ့အတွေးတွေကိုစိတ်ထိန်းလို့ 
အနေစိမ်းနေတဲ့တံခါးနှစ်ချပ်
ညနေခင်းဖက်မှာစပ်ဟတ်လို့ပြန်စိပေးစမ်းပါကွယ်---------
အဲဒီခံယူချက်ကအမှန်ပါပဲ

Post a Comment