လော်စပီကာ ရွှေပါးစပ်
လော်စပီကာဆိုတာ
ဘော်လီမပါတဲ့ မိန်းမတယောက်နဲ့ ခပ်ဆင်ဆင်
ဟုတ်သယောင်ထင်နေတဲ့အမှန်တရား
နံရံတဖက်ခြားရင်တောင်အသံမြည်တယ်
မဆီလျှော်တဲ့အကျိုးအကြောင်းကိုမှ
အကောင်းအဆိုးဝေဖန်ပြလို့ 
လေကန်တတ်တဲ့အကျင့်ဆိုးနဲ့ 
သူ့ လင်မျိုးကုဋေကြွယ်လေသူမို့ လား
စိတ်လေတယ် တကယ်မနိုင်ပါပေဘု
ကိုယ်နဲ့ မဆိုင်ဂလိုင်ဝင်ခေါက်ကြလေတယ်ဟဲ့
လော်စပီကာစရိုက်မျိုး ။
ခက်တော့လဲခက်သား
အရှက်တော်တကယ်ပွားတယ်
ဇရက်မငယ်လက်ပံပင်ပေါ်နားသလိုပ
စကားတွေကိုတကယ်ကားလို့ 
လျှော်ညီတယ်များထင်နေသေးသတဲ့
လော်စပီကာသေလို့ များဝင်စားသလားကွဲ့
ထွေးပြီးသားတံတွေးကိုပြန်မျို
စကားချိုလေးလဲဆိုချင်သကို
ဟိုအရင်လိုအချိန်ကောင်းက
ကိုယ့်စိတ်ကိုယ်သေချာထောင်းပါလို့ 
အချိန်တွေမနှောင်းသေးခင်မှာပေါ့
သေရွာပြောင်းခါနီးပြီမို့ အကြံယူ
ရန်သူလို့ လဲမသတ်မှတ်ပါဘူး
အဆံမတူလို့ ထပ်ကာမရူးချင်ပါပေါ့
ကိုယ်ကကြူးကိုယ့်ဒူးပင်မယုံချင်
ခုံမင်တဲ့အတင်းစကား
သတင်းလွှင့်စားတတ်သူအကြံဆိုးမို့ 
ဘေးရန်အမျိုးမျိုးငြိမ်းပါစေ
မိုးသူ(တောင်ကြီး)
17 June 2013/Monday
12:48/PM
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မယုံကြည်ရသောပါးစပ်ပေါက်များအားပိုင်ဆိုင်ထားကြသည်
I have known some grils
who possessed unbelievable mouths .
မိုးသူ(တောင်ကြီး)
1 comment:
မြတ်နိုးသူ said...
ကိုယ်ကကြူးကိုယ့်ဒူးပင်မယုံချင်
ခုံမင်တဲ့အတင်းစကား
သတင်းလွှင့်စားတတ်သူအကြံဆိုးမို့ 
ဘေးရန်အမျိုးမျိုးငြိမ်းပါစေ
ထိန်းပါလေကွဲ့ အဲဒီရွှေပါးစပ် ။ ။
ကဗျာလေးမှတ်သားဖတ်ရှုသွားပါတယ်။
Post a Comment