ကလင်....ကလင်...ကလင်
ဟလို...ဘယ်သူပါလဲခင်ဗျာ
စိတ်ညစ်ညူးမှုတွေရေချိုးနေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို...ဘယ်သူပါလဲခင်ဗျာ
မာနတွေအ၀တ်စားလဲနေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို....ဘယ်သူပါလဲခင်ဗျာ
အထီးကျန်မှုတွေခေါင်းလျှော်နေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို...ဘယ်သူပါလဲခင်ဗျာ
အတ္တတွေဂျီးတွန်းနေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို....ဘယ်သူပါလဲခင်ဗျာ
အားငယ်မှုတွေဓါတ်ခဲအားဖြည့်နေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို....ဘယ်သူပါလဲခင်ဗျာ
အရှက်အကြောက်တရားတွေမြေမြုပ်နေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို......ဘယ်သူပါလဲခင်ဗျာ
လောဘတွေနဲ့ နပန်းလုံးနေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို....ဘယ်သူပါလဲခင်ဗျာ
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို.....ဘယ်သူပါလဲခင်ဗျာ
အမှန်တရားတွေကိုသိမ်းစည်းနေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို....ဘယ်သူပါလဲခင်ဗျာ
ချွတ်ယွင်းနေတဲ့ မေတ္တာတရားတွေပြုပြင်နေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို.....ဘယ်သူပါလဲခင်ဗျာ
လောကဓံနားရွက်ကိုတံတွေးစွတ်နေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို...ဘယ်သူပါလဲခင်ဗျာ
သိမှုမသိမှုတွေဆက်သွယ်မှုဧရိယာပြင်ပရောက်နေလို့ 
နောက်မှပြန်ဆက်သွယ်ပါ
တွီ....တွီ....တွီ...... တွီ....တွီ....တွီ......
လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ
စက်ပိတ်ထားပါသဖြင့်ခေါ်ဆို၍မရနိုင်ပါရှင်
မိုးသူ(တောင်ကြီး)
19 January 2013/Sunday
03:47/PM
5 comments:
မိုးနတ်ကြယ်စင် said...
မိုက်စ် :)
ကဗျာလေး ကြိုက်တယ်
ခပ်ရှင်းရှင်းနဲ့ ထိမိလှတဲ့ ကဗျာလေးးးးးးးးးးးးးးး
ဒါထက် ကိုမိုးသူတစ်ယောက်ဘယ်တွေပျောက်နေတာလဲ :(
အဲဒါလေး လင်းစမ်းပါအုံးးးးးးးးးးးးး
စံပယ်ချို said...
ဘယ်ပျောက်နေတာလဲ ခုမှပေါ်တော်မူတော့တယ်ဟယ်
ရှင်းရှင်းလေးနဲ့ထိတဲ့ကဗျာပေါ့......ဟုတ်စ
မိုးညချမ်း said...
ကဗျာဖတ်ပြီး သဘောကျစွာနဲ့ ပြုံးမိတယ် ... Idea ကောင်းနဲ့ကဗျာကောင်းလေးပဲ ... မမမိုးနတ်နဲ့ မစံပယ်မေးသလိုပဲ မေးလိုက်မယ် ... “ဘယ်တွေပျောက်နေတာလည်း” ... :)
အိပ်မက်ကောင်းကင် said...
ဟဲလို ဟဲလို
လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ
စက်ပိတ်ထားပါသဖြင့်ခေါ်ဆို၍မရနိုင်ပါရှင်
ခေါ်လို့မရလည်းခေါ်တော့ဘူးတွာ :P
နေကောင်းပါတယ်နော် ကိုမိုးသူ သတိရပါတယ်
ခင်တဲ့(အိပ်မက်ကောင်းကင်)
ငြိမ်းစိုးဦး said...
စိတ်ကူးကောင်းတဲ့ ကဗျာ နဲ့ အတူ လူကြီးမင်းနဲ့ တွေ့ပြီးမှပဲ ဧရိယာထဲသို့ ...
Post a Comment