ငါဟာ နတ်ဆိုးစောင့်တဲ့မိန်းမ


# ငါဟာ နတ်ဆိုးစောင့်တဲ့မိန်းမ #

ငါဟာ နတ်ဆိုးစောင့်တဲ့မိန်းမ
တချိန်လုံး ဒေါသတွေပွရွလို့
လောကကို သောကတွေ တနင့်တပိုးနဲ့
သဘောမကျသလိုကြည့်တတ်တယ် ....

ငါဟာ နတ်ဆိုးစောင့်တဲ့မိန်းမ
လူတွေနဲ့အတူ ရယ်မောခြင်းကို စိတ်ပျက်လို့
ငိုကြွေးခြင်းကိုသာ အာသာငမ်းငမ်း တပ်မက်တယ် ...

ငါဟာ နတ်ဆိုးစောင့်တဲ့မိန်းမ
ကမ္ဘာကြီးအတွက် ပန်းတွေကို ဖျက်ပြီး
ခက်ထန်တဲ့ အကျင့်ဆိုးတွေသာ နှင်းဆက်တယ် ...

ငါဟာ နတ်ဆိုးစောင့်တဲ့မိန်းမ
အလင်းတံခါးတွေ ပယ်ဖျက်
အမှောင်ယံထဲမှာသာ အသက်ဆက်တယ် ...

ငါဟာ နတ်ဆိုးစောင့်တဲ့မိန်းမ
ကြင်နာယောင် လောင်မီးရမ္မက်တွေနဲ့
နှလုံးသားတွေကို သွေးထွက်စေတယ် ...

နွေလေပြေ 11:17 PM (06 Jan 13 )
Facebook >>> နွေလေပြေ<<<<

5 comments:

အလွမ်းမြို့ said...

မိုးသူရေ

မင်္ဂလာနှစ်သစ်လေးပါ။ မကြီးလွမ်း ရောက်ခဲ့တယ်။
နတ်ဆိုးဘဲ စောင့်စောင့် နတ်ကောင်းဘဲ စောင့်စောင့်
မကြီးလွမ်းကတော့ ဘုမှစောင့်ဘဲ လာအားပေးသွားတယ်။
ကျန်းမာပျော်ရွှင်ပါစေ


ခင်တဲ့
မကြီးလွမ်း

မိုးနတ်ကြယ်စင် said...

ဟမ်...ဒါသူများကဗျာကို တင်ပေးထားတာလား...
မိုးရေးတာမှတ်လို့ လာဖတ်တာ.....အဲလိုလဲ
ကြော်ငြာဝင်ပေးသေးတယ်လား....သိပါဘူး.
ဘာပဲဖြစ်ဖြစ်ဖတ်သွားတယ် ဒါပဲ.......

အိပ်မက်ကောင်းကင် said...

ကဗျာကောင်းလေးတစ်ပုဒ်ကိုလာရောက်ခံစားသွားပါတယ်ကိုမိုးသူ
နှစ်သစ်မှာ အစစအရာရာအဆင်ပြေတယ် ဟုတ် :P
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

စံပယ်ချို said...

မိုးသူရေးတာဟုတ်ဖူးလားကွယ့်
နွေလေပြေတဲ့လား

ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် said...

မင်္ဂလာရှိသောနှစ်သစ်လေးမှာပျော်ရွင်မူအပေါင်းနဲ့
ခညောင်းပါစေလို့ဆန္ဒပြုလိုက်ပါတယ်သူငယ်ချင်း
ကဗျာကောင်းလေးတွေကိုဒီထက်မကထုဆစ်နိုင်ပါစေနော်
အစဉ်အားပေးလျှက်
ခင်တဲ့.........
အသည်းလေး

Post a Comment