အနယ်ထိုင်သွားသောအလွမ်းများ
အပြာရောင်အလင်းတန်းတို့ ကြားမှာ
အလွမ်းတွေဟာ,လရောင်တို့ ရဲ့ ခပ်ဖွဖွအနမ်းနဲ့ 
နင့်ကိုတမ်းတမ်းတတလေးသတိရနေမိတယ်
ငြိမ်သက်ခြင်းတို့ နဲ့ တုံ့ ဆိုင်းရစ်ဖွဲ့ ကာ
အုံ့ မှိုင်းနေတဲ့အမှောင်ထုကိုခွင်းလို့ 
ငါ့ရဲ့ ချစ်ခြင်းတွေတောက်ပနေခဲ့တယ်
စိတ်ကူးထဲဦးတည်ရာတွေး
ဟိုး....အဝေးဆီကိုငေးမောလို့ 
မျှော်လင့်ခြင်းတစုံတရာကို
ရင်ဘတ်ထဲမှာအသေအချာထည့်ထားတယ်
မေ့မသွားတဲ့အတိတ်တွေဟာ
ပြကွက်နှေးရုပ်မြင်ပုံရိပ်တွေနဲ့ 
သွေ့ ခြောက်နေတဲ့လမ်းပေါ်
နှလုံးခုန်သံတွေနဲ့ ထပ်တူပြုလို့ 
သပ်ရပ်သန့် ရှင်း ညတို့ ရဲ့ အလင်းနဲ့အတူ
နင်ပဲ...ငါ့ကိုလှပစွာငြင်းခဲ့တယ်
ငါကျေနပ်တယ်...ချစ်သူရေ
ငါ့သမိုင်းငါထွင်းခဲ့တာပဲ
ရင်တွင်းမှာလဲဗလာ
ငါ့ကိုယ်ငါညာတတ်ခဲ့လို့ ပေါ့
တခါတလေ...
ငါ့နှလုံးသားဟာအမောဖောက်တယ်
ပြောလောက်စရာထွေထွေထူးထူးတော့မဟုတ်ပါဘူး
နင်နဲ့ နေဖူးခဲ့တဲ့ရက်တွေကိုလက်ချိုးရေတွက်လို့ 
အနေခက် အသေခက် လေနေခဲ့တဲ့ရက်တွေမှာ
ရနံ့ မပြယ်သွားသေးတဲ့အနမ်းတွေနဲ့ 
ငါ့ရင်အစုံမှာတကယ်ပဲထည်ဝါစွာခမ်းနားခဲ့တယ်
မိုးသူ(တောင်ကြီး)
25 Sep 2012 /Tuesday
02:35/PM
3 comments:
3rdthameetaw said...
စိတ်ကူးထဲဦးတည်ရာတွေး
ဟိုး....အဝေးဆီကိုငေးမောလို့ 
မျှော်လင့်ခြင်းတစုံတရာကို
ရင်ဘတ်ထဲမှာအသေအချာထည့်ထားတယ်..
ခံစားသွားတယ် မိုးသူရေ
Anonymous said...
မိုးသူရေ ကဗျာလေး အားပေးခဲ့ပါတယ် :)
Anonymous said...
တခါတလေ...
လရိပ်ရဲ့ ချိုမြခြင်းတွေမော့သောက်
ငါ့နှလုံးသားဟာအမောဖောက်တယ်
Post a Comment