သပ်လျှိုခြင်းခံခဲ့ရသောအတိတ်အကြောင်းအရာများ



အရေခွံတလွှာကိုခွါချပြီုးု
ငြီးငွေ့ ဖွယ်ပင်နီယံစက်သွားတွေမှာ
သံချေးရောင်တွေကပ်ငြိနေခဲ့တယ်
အနှေးဆုံးဥပေက္ခာရပ်ဝန်းဒေသမှာ
ပျော်တတ်အောင်နေရင်း
စိတ္တဇညတွေနဲ့ နပန်းလုံး
ဘ၀မှာအပင်ပန်းဆုံးနေ့ /ညတွေပေါ့

လင်းနို့ ငှက်တို့ ခိုအောင်းရာလှိုဏ်ဂူထဲက
တိတ်ဆိတ်ခြင်းတွေဘယ်သူကများခပ်ယူသွားခဲ့လဲ
အရင်လိုစိတ်အခန့် မသင့်မှုတွေပြန်ပေးပါ
တဟုန်ထိုးထပျံသွားတဲ့
မျက်ဝန်းတွေနောက်လျှောက်လိုက်ရင်း
အဆိပ်သင့်အကျင့်စရိုက်တွေကို
ဆားခပ်ပြီးမျိုချလိုက်ပြီ
တကယ့်ကိုဘဲပင်လယ်ရေဟာ(ငတ်မပြေ/ငန်တယ်)

တဖြည်းဖြည်းနဲ့ ငါ့ရဲ့ နေ့ စွဲတွေ
တခုလပ်မ.....ဖြစ်မှန်းမသိဖြစ်ကုန်တယ်
ချိနဲ့ နဲ့ အလင်းရောင်တို့ ကိုအမှီသဟဲပြုရင်း
စမ်းတ၀ါးဝါးလမ်းတို့ အမှောင်အတိပြီးခဲ့
ညည့်ငှက်တို့ ဟာအဖော်တွေနဲ့ တေးဆိုနေစဲ
တယောတလက်ရဲ့ သာယာနာပျော်ဖွယ်အသံတွေ
ခဏတွင်းမှာဘဲငုတ်လျှိုးဆိတ်သုန်းသွားခဲ့တဲ့နောက်
နင်ငါ့ကိုသေသေချာချာမုန်းလိုက်နိုင်တယ်

ဝမ်းစာမပြည့်တဲ့စိတ် တခါတလေထိတ်လန့် ခြင်းတွေ
ဘ၀င်ကိုစိုးမိုးလို့ ချယ်လှယ် ထွက်ပေါက်တွေဖွင့်ပေးပါ
ဒါတောင်...လမ်းပြကြယ်ကို ခူးစွတ်လို့ 
မွတ်သိပ်တောင့်တခြင်းအသီးနှံတို့ ကို
ဘာ..ပရောဂအကူညီမှမပါဘဲ
အစိမ်းစားလို့ ဝါးမျိုလိုက်တဲ့ .........နင်.......
တော်တော်လေးမိုက်လုံးကြီးတယ်

ချစ်ခြင်းတရားတို့ ကိုဗဟိုပြုလည်ပတ်နေသော
သံသယအတွေးတွေနဲ့ သ၀င်တိုတတ်တဲ့စိတ်တွေလဲ
သူ့ အလိုလို ကြေမွပျက်စီးကုန်တယ်
အင်အားအလွန်ကောင်းမွန်တဲ့ အတိတ်တို့ ဟာ
ရင်အစုံကို စောင့်ကန်လို့ တွန်းဖွင့်လိုက်တဲ့အချိန်
တည်ငြိမ်မှုတွေသိမ်ငယ်ဖျော့တော့ကာနေတဲ့
နှလုံးသွေးလည်ပတ်မှုဟာအေးခဲတောင့်တင်းသွားခဲ့ပါတယ်

ဘ၀ဆိုတာခဏပါပဲ......
ငါဟာ တကယ်ပဲအတ္တကြီးတယ်
ရက်စက်သင့်လို့ ရက်စက်ခဲ့တာပါ
အဆိပ်သင့်လို့ အဆိပ်တက်ခဲ့တာပါ
ကမ္ဘာကြီးလည်နေတာလဲအပြစ်တခုပဲ
အိပ်မွေ့ ချခံခဲ့ရတဲ့ မျှော်လင့်ခြင်းတွေကို
အားနာခဲ့ဖို့ ကောင်းတယ်လို့ မထင်မိဘူးလား
ရှားရှားပါးပါးပျော်ရွှင်ခြင်းတွေပွန်းပဲ့သွားပြီးတဲ့နောက်ပိုင်းမှာ
ဒရွတ်တိုက်ဆွဲလို့ တကောက်ကောက်လိုက်နေတဲ့
ခမ်းနားမှုတွေနဲ့ ကျော်ကြားမှုတွေကို
အခုချိန်မှာ ငါအရမ်းကိုပဲရွံမုန်းသွားတယ်

မိုးသူ(တောင်ကြီး)

01Nov 2012/Thursday
01:14/PM

4 comments:

3rdthameetaw said...

ဘ၀ဆိုတာခဏပါပဲ... ခဏတာ မှာ
ကောင်းခြင်းဆိုးခြင်းတွေ အများကြီးကြုံခဲ့ပြီနော်

အိပ်မက်ကောင်းကင် said...

အဓိပ္ပာယ်ရှိလွန်းလှတဲ့ကဗျာလေးတစ်ပုဒ်ပါပဲလား ကိုမိုးသူရေ
မှန်ပါတယ် ဘ၀ဆိုတာခဏလေးပါ .....
နှစ်သစ်မှာစိတ်သစ်ကိုယ်သစ်နဲ့ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

စံပယ်ချို said...

မိုးသူရေ................
အောက်ဆုံးအပိုဒ်လေးကိုပိုပြီးကြိုက်တယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ချစ်ခြင်းတရားတို့ ကိုဗဟိုပြုလည်ပတ်နေသော
သံသယအတွေးတွေနဲ့ သ၀င်တိုတတ်တဲ့စိတ်တွေလဲ
သူ့ အလိုလို ကြေမွပျက်စီးကုန်တယ်

အဲသည်လို အဖွဲ့အနွဲ့လေးကို မြတ် သဘောကျတယ် ကိုမိုးသူရေ။

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

Post a Comment