ပန်းပွင့်လေးသို့ ....ဂတိခံခြင်း
အလွမ်းတွေမရင့်ခင်ကတည်းက
ရင်ထဲမှာပန်းတွေပွင့်နေခဲ့တာပါနော်
အနမ်းလေပြေတင့်ရင်ဖြင့်
စိတ်အစဉ်လေတွင်လွှင့်ပါလို့ 
အရိပ်တွေရင်မှာမထင့်အောင်
မျက်ရည်တို့ သင့်ရပါလိမ့်မယ်....သခင်
အရင်ကနမ်းခဲ့ဖူးတာကိုစာလိုနွဲ့ 
မြင်သမျှပန်းတွေကိုလဲကဗျာဖွဲ့ လို့ 
ထင်သမျှသံသယတွေနဲ့ ရောချ
ပြောသမျှနဲ့ လဲရောင့်ရဲလို့ ကျေနပ်
စေညွှန်းတတ်တဲ့နင့်ရဲ့ အပြောတွေနဲ့ 
ငါ့အချစ်တွေကိုလဲနှမျောတယ်ကွယ်
အကြင်နာအနုအလှစကားတွေနဲ့ 
တမင်တကာသမုဒယတွေဖွဲ့ ခဲ့တာလားကွယ်
အခုတခဏမှာတော့ယုယခံချင်တာမို့ 
ပြုသမျှတွေလဲလည်စင်းခံလို့ 
တကယ်မငြင်းပြန်တဲ့အမုန်း
သခင့်အပြုံးတွေကြောင့်နောင်ကျဉ်
နှလုံးဘ၀င်မှာလဲပြောင်စင်လို့ 
နောင်အမြင်လဲမရှုပ်ထွေးစေရပါဘူး.....တကယ်
မိုးသူ(တောင်ကြီး)
08 Oct 2012/Monday
01:54/PM
Subscribe to:
Post Comments (Atom)
5 comments:
အမလဲ အလွမ်းတွေရင့် မရင့်
ရင်ထဲက ပန်းက အမြဲပွင့်တယ်မိုးသူရေ
အသဲကွဲတာ ကောင်းတဲ့ဖက် ကတွေးလဲ ကောင်းတာပါပဲ
ကဗျာတွေများများရတာပေါ့ အသဲမကွဲ ရင်လဲ ကဗျာကရပါတယ်
ကွဲတော့ ခံစားချက်ပြင်းပြင်းလေးပေါ့နော်
ခင်တဲ့ sis jasmine
မြင်သမျှပန်းတွေကိုလဲကဗျာဖွဲ့ လို့ 
ထင်သမျှသံသယတွေနဲ့ ရောချ
ပြောသမျှနဲ့ လဲရောင့်ရဲလို့ ကျေနပ်
စေညွှန်းတတ်တဲ့နင့်ရဲ့ အပြောတွေနဲ့ 
ငါ့အချစ်တွေကိုလဲနှမျောတယ်ကွယ်
ကဗျာလေးခံစားသွားပါတယ်
အခုတခဏမှာတော့ယုယခံချင်တာမို့ 
ပြုသမျှတွေလဲလည်စင်းခံလို့ 
အဲဒိနေရာလေးအရမ်းကောင်းတယ်..မိုးသူ..
သိပ်ပြီးနူးညံ့တာပဲ..မိုးနတ်အရမ်းကြိုက်တယ်..သိလား..
မိုးနတ်လဲ နူးနူးညံ့ညံ့လေးရေးထားတာရှိတယ်..
မိုးသူလာဖတ်ရမယ်နော်..
ခင်တဲ့..မိုးနတ်
အကြင်နာအနုအလှစကားတွေနဲ့ 
တမင်တကာသမုဒယတွေဖွဲ့ ခဲ့တာလားကွယ်
အခုတခဏမှာတော့ယုယခံချင်တာမို့ 
ပြုသမျှတွေလဲလည်စင်းခံလို့ 
တကယ်မငြင်းပြန်တဲ့အမုန်း
သခင့်အပြုံးတွေကြောင့်နောင်ကျဉ်
နှလုံးဘ၀င်မှာလဲပြောင်စင်လို့ 
နောင်အမြင်လဲမရှုပ်ထွေးစေရပါဘူး.....တကယ်
သူငယ်ချင်းေ၇စာသားတွေကနူးညံ့လှချည်းလား
အတုယူရမယ်မိုးသူလိုေ၇းနိုင်အောင်
ခင်တဲ့....
I love this sentence most
"အကြင်နာအနုအလှစကားတွေနဲ့ 
တမင်တကာသမုဒယတွေဖွဲ့ ခဲ့တာလားကွယ်"
ခင်တဲ့
မြတ်
Post a Comment