သင်းကွပ်ထားသောချယ်ရီပင်အို




မျှော်လင့်ချက်ဆိုတဲ့စကားလုံးကြားတိုင်း
နင့်မျက်ခွက်ကြီးကိုစောင့်ကန်ချင်တယ်...ချယ်ရီမရေ

မျက်ဝန်းအိမ်ထဲမှာ မိုးရေတွေပြည့်လျှံလာလို့ 
တမံများကျိုးရင် နင့်ကိုတကယ်မကျေနပ်ချင်ဘူး
အရိုးအပြိုင်းပြိုင်းထနေတဲ့ချယ်ရီပင်အိုတွေကြား
ရွက်သစ်လေးတွေအညှောင့်ထွက်လာရင်
ငါပဲ...နေရင်းထိုင်ရင်းစိတ်ညစ်ရအုံးမယ်

ဒီနှစ်အတွက် ငါ့ရှေ့ မှောက်ကိုနင်မရောက်လာစေနဲ့ 
နင့်ကိုမမြင်ချင်တော့ဘူး ...ချယ်ရီမရေ

မိုးသူ(တောင်ကြီး)

28 Oct 2012/Sunday
07:24/AM

4 comments:

စံပယ်ချို said...

ခုတလော ချယ်၇ီတွေတွေ့နေရပါလား အကြောင်းလေးတော့ရှိမှာပါ
ရေးတော့လဲသူပဲဟယ် ခုတော့မမြင်ချင်တော့ဘူးတဲ့
သနားစရာချယ်ရီရယ်
ခင်မင်တဲ့ sis jasmine

3rdthameetaw said...

အမျိုးမျိုး ပဲ နော်
အခြေအနေ မကောင်းရင်တော့
ဆေး ကို အချိန်မှီသောက်ပါ မိုးသူ ရေ

မြတ်နိုးသူ said...

မျက်ဝန်းအိမ်ထဲမှာ မိုးရေတွေပြည့်လျှံလာလို့ 
တမံများကျိုးရင် နင့်ကိုတကယ်မကျေနပ်ချင်ဘူး
ကဗျာလေးကြိုက်တယ်ခံစားသွားပါတယ်

မိုးနတ်ကြယ်စင် said...

ဟော..ဟော..ကိုမိုးသူတစ်ယောက်ဟာလေ ဒေါသကလဲကြီးပါ့..
ချယ်ရီမရေ..ရှောင်နိုင်မှ လွတ်မယ်နော်.....:P
မိုးနတ်လဲ လွတ်အောင်ရှောင်မှပဲ.....
မဟုတ်ရင် ကိုရွှေမိုးသူအမျက်တော်ရှနေမှဖြင့်.....:)
ခင်တဲ့..မိုးနတ်

Post a Comment