ရှက်သွေးဖြာနေတဲ့.....ချယ်ရီမလေးသို့ 



ရေခဲရိုက်အသဲနဲ့ 
အေးခဲနေတဲ့
ချယ်ရီရေ....
နင့်ခြေဖ၀ါးနုနုအောက်မှ
နှလုံးသားတခု
ပြားပြားဝပ်သွားခဲ့ပြီ

ချယ်ရီရေ...
ဘယ်ပန်းချီမှတုလို့ 
မမှီတဲ့အလှတွေနဲ့ 
ပြုစားရက်သလားကွယ်
အခုများမှာတော့
ငါ့နှလုံးသားနုနု
သွေးခြေဥနေခဲ့ပြီ

ညို့ မှိုင်းနေတဲ့
တောင်းတန်းတွေကြားမှာ
ငိုရှိုက်နေတဲ့....ငါ
မချိတင်ကဲ
နှလုံးသားနဲ့ 
နင့်ကိုပျော်ရွှင်ခြင်းတွေ
ဆက်သပါ့မယ်

အမုန်းစွေမျက်နှာထားနဲ့ 
အပြုံးတွေဖွက်မထားပါနဲ့ ကွယ်
ရှက်အားရယ်ပိုကဲ
နဂိုကတည်းကမှ
လွမ်းတတ်ဆွေးတတ်တဲ့အသဲနဲ့ 
အခုငိုင်ငေးငေးလေးတွေးနေရတယ်ကွဲ့ 

အချိန်တွေမနှောင်းသေးခင်က
အပင်အိုဟောင်းမှာ
ဗြောင်းဆန်အောင်ပွင့်ခဲ့တဲ့
ချယ်ရီတွေက
ရင်ကိုအေးစေတယ်ကွယ်
တမင်ကိုမေးလိုက်ချင်ပါရဲ့
ဒီဆောင်းမှာရှက်သွေးဖြာလို့ 
ပွင့်နိုင်ပါအုံးတော့မလားကွဲ့ 


မိုးသူ(တောင်ကြီး)

01 Oct 2012/Monday
09:49/AM

3 comments:

စံပယ်ချို said...

အချိန်တွေမနှောင်းသေးခင်က
အပင်အိုဟောင်းမှာ
ဗြောင်းဆန်အောင်ပွင့်ခဲ့တဲ့
ချယ်ရီတွေက
ရင်ကိုအေးစေတယ်ကွယ်
တမင်ကိုမေးလိုက်ချင်ပါရဲ့ 
ဒီဆောင်းမှာရှက်သွေးဖြာလို့ 
ပွင့်နိုင်ပါအုံးတော့မလားကွဲ့ 
................ဟုတ်ပါ့ မိုးသူရေ မေးလိုက်ချင်တယ်
ဒီဆောင်မှာ ပွင့်အုံးမှာလားလို့လေ
ခင်မင်တဲ့ sis jasmine

မြတ်နိုးသူ said...

ချယ်ရီရေ...
ဘယ်ပန်းချီမှတုလို့ 
မမှီတဲ့အလှတွေနဲ့ 
ပြုစားရက်သလားကွယ်
အခုများမှာတော့
ငါ့နှလုံးသားနုနု
သွေးခြေဥနေခဲ့ပြီ
ကဗျာလေးအားပေးသွားပါတယ်

မိုးနတ်ကြယ်စင် said...

အင်း .....
ချယ်ရီ...ချယ်ရီမလေးတဲ့လား..မိုးသူရေ..
ခုတော့ ရှင်ပဲပြော...ရှင်ပဲပြော....
ခုတလော ဒို့မိုးသူတစ်ယောက် ချယ်ရီကို အတော်ဓါတ်ကျနေပါလားကွယ်.....
ကောင်းပါ၏.......ကောင်းပါ၏.......
ကဗျာလေးကတော့ ထုံးစံအတိုင်းပဲ နှစ်သက်မိပါ၏.....
မိုးသူတစ်ယောက် အရာရာအဆင်ပြေနေတယ်ဆိုရင် စိတ်ချမ်းသာပါ၏..
ခင်မင်နေလျက်ပါ...မိုးသူ

Post a Comment