သီချင်းတပုဒ်ကိုစဖွင့်လိုက်ကတည်းက/တောတောင်တွေရဲ့ လှည့်စားမှု/ စိမ့်စမ်းတို့ ရဲ့ ပင်ကိုယ်/ပြီးတော့စာသင်ခန်းထဲမှာ....
သီချင်းတပုဒ်ကိုစဖွင့်လိုက်ကတည်းက/တောတောင်တွေရဲ့ လှည့်စားမှု/
စိမ့်စမ်းတို့ ရဲ့ ပင်ကိုယ်/ပြီးတော့စာသင်ခန်းထဲမှာ....
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အထိန်းကွပ်မဲ့သံသရာအနေနဲ့ ပြောရရင်နားမခံနိုင်အောင်ကျယ်ဝန်းလွန်းနေတယ်။
နိမ့်တယ်မြင့်တယ် ၊ မို့ မောက်ပြီတီတယ် ၊ လျှို့ ဝှက်အတတ်တွေမသင်ကြားပဲတတ်မြောက်တယ်
တဖြည်းဖြည်းကျယ်လောင်လာတယ် သံစဉ်တွေကြားမှာ ခင်ဗျားတို့ ပေါက်ကွဲလွင့်စင်ဖူးရမယ်
ပြီးရင် ခပ်ပြေပြေလေး/ခပ်မျဉ်းမျဉ်းလေးနိမ့်ဆင်းသွားတယ် မကြားနိုင်တော့မယ့်အထိ
နောက်ဆုံးမှာ ဘ၀င်ထဲထိခိုက်အောင် အသည်းလှိုက်အူလိုက် နှစ်သက်မယ်
ဒါဟာပြယုဓ်အနေနဲ့ ယုတ္တိဆန်တယ် စိတ်တွေညောင်းညာကိုက်ခဲနေရပြီမလား
အဝေးကကြည့်လိုက်ရင်တော့အပြာမှိုင်းမှိုင်းလေးပဲ ၊ သတိမပြုမိတဲ့ စိတ်တခုရဲ့ မာယာတွေ
ခက်ထန်နေမယ် ရသတခုခုကိုပေးတယ်( ဥပမာ) တခုခုကို လွမ်းဆွတ်ခြင်း၊ မျက်စိပသာဒနဲ့ ကြည်နူးခြင်း
အစွယ်အမောင်းတွေရှိတယ် နေလုံးကိုတောင်ဖုံးကွယ်နိုင်မယ့်လုံခြုံတဲ့နေရာတနေရာကို
တဦးတယောက်ကိုမှဖွင့်မပြောပြပဲသိမ်းစည်းထားတယ်၊ အတတ်ပညာရှင်တို့ ရဲ့ အတုယူဖွယ်
ငြိမ့်ညောင်းတယ် ဂီတသံတွေရောစွက်နေတယ် ညင်သာခြင်းတို့ ကိုပိုင်ဆိုင်မယ်
ငြိမ်းချမ်းရေသင်္ကေတ အပြီးသပ်ထိပုံဖော်မယ်တနေရာရာအရောက်မှာ လှိုင်းတံပိုးတွေနဲ့ ပျော်ရွှင်မယ်
ကွန်ဆက်တွေနဲ့ ထိတွေ့ ခံစားမယ် ပါဖောင့်မန့် တခုခုအသွင်သဏ္ဍာန်တွေကို
စိတ်ပါဝင်စားစွာ အသက်သွင်းရင် အဲဒါဟာ အမှန်တကယ်ဆိုတာလက်ခံနိုင်ရမယ်
ကျန်းမာစွာနေထိုင်ခြင်း၊ ထိတွေ့ ခြင်း၊ မြင်ခြင်း ၊ အာရုံခံနိုင်ခြင်း ၊ ကိုယ်လက်လှုပ်ရှားနိုင်ခြင်း
သင်ရိုးကုန် အာဂုံဆောင် ကြက်တူရွေးနှုတ်သီးလိုမျိုး ဒါလဲမဟုတ်သေးပြန်ဘူး
မကျေညက်နိုင်တဲ့ အူမကြီးထဲကအစာတွေ အစာအိမ်ထဲအရောက်ပို့ 
အင်ဇိုင်းတွေနဲ့ ဓါတ်ပြုလိုက်သလိုမျိုး အသိ သညာ အမှတ်အသား ဘာသာရပ်အမျိုးမျိုး
အဲဒါတွေအားလုံးကိုရောင်းချတဲ့ နေရာ လက်တွေ့ အသုံးပြုဖို့ အတွက်
တခုခုနဲ့ ဂဟေဆက်ပြီးရောက်ရာအရပ်မှာ အရွက်ကျလို့ အပင်ပေါက်ရင်
ဘ၀ကအေးစက်စက် /တင်ပြနိုင်တဲ့ အခြေခံနိဿရည်းမူ / ဂျိုးငှက် ။ ။
တင်ဆက်မှုဟာ ညံ့ဖျင်းနေစဲ .....
မိုးသူ(တောင်ကြီး)
28 July 2012/Saturday
10:29/AM
Subscribe to:
Post Comments (Atom)
1 comment:
အထိန်းကွပ်မဲ့သံသရာအနေနဲ့ ပြောရရင်နားမခံနိုင်အောင်ကျယ်ဝန်းလွန်းနေတယ်။
နိမ့်တယ်မြင့်တယ် ၊ မို့ မောက်ပြီတီတယ် ၊ လျှို့ ဝှက်အတတ်တွေမသင်ကြားပဲတတ်မြောက်တယ်
တဖြည်းဖြည်းကျယ်လောင်လာတယ် သံစဉ်တွေကြားမှာ ခင်ဗျားတို့ ပေါက်ကွဲလွင့်စင်ဖူးရမယ်
ပြီးရင် ခပ်ပြေပြေလေး/ခပ်မျဉ်းမျဉ်းလေးနိမ့်ဆင်းသွားတယ် မကြားနိုင်တော့မယ့်အထိ
နောက်ဆုံးမှာ ဘ၀င်ထဲထိခိုက်အောင် အသည်းလှိုက်အူလိုက် နှစ်သက်မယ်
မိုးရဲ့မော်ဒန်ကဗျာလေးလာဖတ်သွားတယ်နော်....
မော်ဒန်လက်ရာသစ်လေးတွေ မဖတ်ရတာ အတော်ကို ကြာနေပြီ..
ဒီရက်ထဲပြန်ဖတ်ရလို့ ၀မ်းသာမိတယ်........
ခင်မင်နေလျက်....မိုးနတ်
Post a Comment