ပျောက်ပျက်လွင့်စင်သွားသော " အလွမ်းများ "




တမ်းတစရာမလိုတော့တဲ့အခါ
သီချင်းနားထောင်နေလိုက်တယ်
လေတိုက်နှုန်းပြောင်းသွားတဲ့
ရင်ခုန်သံနောက်ကိုလွင့်မျောရင်း
စောစောပိုင်းဖြစ်ပျက်ခဲ့တဲ့အလွမ်းတွေ
ငါလေ.....သိပ်နှမျောတာပဲ ။

အထင်နဲ့ အမြင်လွဲခဲ့တဲ့ ဒွိဟ
တိကျခိုင်မာမှုတွေရဲ့အစွန်းတဖက်မှာ
ငါ့စိတ်ကိုချွန်းအုပ်လို့ 
ငါကိုယ်တိုင်ပဲထိမ်းသိမ်း
ငါ့အသဲကိုအစိမ်းလိုက်ခွဲ
ငါ့ရဲ့ ကံကလဲမွဲလွန်းနေပြန်တယ် ။

အသွားထက်တဲ့စကားအလှတွေနဲ့ 
နင်..ထားခဲ့အုံးမှာမလား
ငါမကြားချင်တဲ့အမုန်း
နင်ပြုံးပြုံးလေးပေးခဲ့အုံးမှာမလား
နောက်ဆုံးတော့လဲ
ငါဟာတယောက်ထဲကျန်ရစ်
နင်အချစ်သစ်ရှာမယ်ဆိုတာလဲ
ငါတကယ်ပဲသိနှင့်နေပါတယ် ။

ငါလဲနေတတ်ရမှာပေါ့နော်
ငါလဲဖြေတတ်ရမှာပေါ့
မှုန်ဝါးဝါးအဆွေးတွေကြားမှာ
တခြားသံသယတွေလဲတွေးမနေချင်
ဘေးအမြင်မှာအေးဆေးစွာနေတတ်တဲ့စိတ်နဲ့ 
ငါလိပ်ပြာကိုငါနိုင်အောင်ချုပ်တည်း
နင့်ကိုလွမ်းတယ်လို့ လဲမငြီးချင်တော့ပါဘူးကွယ်

ငါ့မာနတွေကိုကလဲလျော့ရဲလွန်းပါတယ်
ပျော့တွဲတွဲနိုင်လှတဲ့အချစ်တွေနဲ့ 
ဒီတခါတော့ငါရေတိမ်နစ်ရပြီပေါ့ကွယ်
အယူအဆခြင်းမတူတဲ့အတွေးတွေကြောင့်
နင်မေးချင်ရာမေးစမ်းပါစေ
ငါမှာအဖြေဆိုတာနင့်အတွက်မချန်ခဲ့ပါဘူး
ကြွင်းကျန်ရစ်တဲ့သံယောဇဉ်အမှုန်လေးတွေကို
ရင်မှာပိုက်လို့ ငါဟာ....ဒီနေ့ တနေကုန်
ခေါင်းငိုက်စိုက်လို့ နေတယ် ...... ။    ။

မိုးသူ(တောင်ကြီး)
30 Sep 2012/Sunday
03:24/PM

3 comments:

စံပယ်ချို said...

နောက်ဆုံအပိုဒ်လေးကိုပိုပြီးသဘောကျမိတယ်
အလွမ်းဆိုတာကလဲ အဲလို ပျောက်ပျက်လွင့်စင်သွးတတ်တဲ့အရာဆိုရင်တော့
အရမ်းကောင်းမှာပဲမိုးသူရေ.................

မိုးနတ်ကြယ်စင် said...

မှုန်ဝါးဝါးအဆွေးတွေကြားမှာ
တခြားသံသယတွေလဲတွေးမနေချင်
ဘေးအမြင်မှာအေးဆေးစွာနေတတ်တဲ့စိတ်နဲ့ 
ငါလိပ်ပြာကိုငါနိုင်အောင်ချုပ်တည်း
နင့်ကိုလွမ်းတယ်လို့ လဲမငြီးချင်တော့ပါဘူးကွယ်
ငါ့မာနတွေကိုကလဲလျော့ရဲလွန်းပါတယ်
ပျော့တွဲတွဲနိုင်လှတဲ့အချစ်တွေနဲ့ 
ဒီတခါတော့ငါရေတိမ်နစ်ရပြီပေါ့ကွယ်
အယူအဆခြင်းမတူတဲ့အတွေးတွေကြောင့်
နင်မေးချင်ရာမေးစမ်းပါစေ
ငါမှာအဖြေဆိုတာနင့်အတွက်မချန်ခဲ့ပါဘူး
ကြွင်းကျန်ရစ်တဲ့သံယောဇဉ်အမှုန်လေးတွေကို
ရင်မှာပိုက်လို့ ငါဟာ....ဒီနေ့ တနေကုန်
ခေါင်းငိုက်စိုက်လို့ နေတယ် ...... ။ ။


အဲဒိ အပုဒ်လေးတွေ အရမ်းကြိုက်တယ်..
တပုဒ်လုံးလဲကောင်းပါတယ်မိုးရေ...ဟုတ်တယ်.
အလွမ်းဆိုတာကိုလေ..မိုးနတ်လဲ မလိုချင်တော့ဘူး..
အဲဒါကြောင့် စာတွေပဲဖိရေးနေတယ်....
မြန်မာကားတွေ တခါမှငှားမကြည့်ဖူးပေမဲ့..
ခုတလောငှားကြည့်ဖြစ်နေတယ်...ငှားတိုင်းလဲမေးတယ်
ဇာတ်သိမ်းမှာညားလားလို့....ငှားဖတ်မိသမျှစာအုပ်ဆိုလဲ
ဇာတ်သိမ်းပေါင်းတာကိုပဲ ငှားတယ်...အဲလို..အဲလိုဖြစ်နေတယ်
ခံနိုင်ရည်မရှိပုံက... ခုမှ အသဲနုနေတာလေ...
ကဗျာလေးလာဖတ်ခဲ့တယ် မိုးရေ...
ခင်မင်နေတဲ့...မိုးနတ်....

ချစ်စံအိမ် said...

ငါ့မာနတွေကိုကလဲလျော့ရဲလွန်းပါတယ်
ပျော့တွဲတွဲနိုင်လှတဲ့အချစ်တွေနဲ့ 
ဒီတခါတော့ငါရေတိမ်နစ်ရပြီပေါ့ကွယ်
အယူအဆခြင်းမတူတဲ့အတွေးတွေကြောင့်
နင်မေးချင်ရာမေးစမ်းပါစေ
ငါမှာအဖြေဆိုတာနင့်အတွက်မချန်ခဲ့ပါဘူး
ကြွင်းကျန်ရစ်တဲ့သံယောဇဉ်အမှုန်လေးတွေကို
ရင်မှာပိုက်လို့ ငါဟာ....ဒီနေ့ တနေကုန်
ခေါင်းငိုက်စိုက်လို့ နေတယ် ...... ။ ။

Post a Comment