ပရုပ်လုံးကဲ့သို့ သော ကျွန်တော်






နေ့ ရက်အသေတွေထဲမှာ
ငါ့ကိုငါမြုပ်နှံရင်း
နင်ထားခဲ့တော့မယ့်မနက်ဖန်တွေကို
စိတ်ထဲမှာကြံဖန်တွေးလို့ 
ကြောက်ရွံနေမိတယ်

ဝါကျတွေခဏခဏမှားတဲ့ညတိုင်း
ငါ့ပုလင်းအဖုံးထဲကပေါက်မဲဟာ
အမြဲတန်းဗလာပါပဲ
ငါဟာအဲသလို
ကံကောင်းဖူးခဲ့ပါတယ်



ပြောပြစမ်းပါအုံး
နောက်ကြည့်မှန်တချပ်ရဲ့ ဘာသာစကား
ပယင်းရောင်ခွက်ထဲမှာ
အသည်းတခုလုံးနစ်ခိုင်းပြီးမှ
အချစ်ဆိုတဲ့အဘိဓါန်ကိုလှန်ကြည့်မလို့ လား

တော်စမ်းပါဟာ
ရိုးအီနေတဲ့
နင့်နှုတ်ခမ်းဖျားကအချိုသကာတွေ
အညှီရှိတဲ့နေရာ
ယင်ကောင်တွေအုံတာမဆန်းပါဘူး

အတွေးပေါက်လို့ ငါစဉ်းစားခဲ့ဖူးတာ
သေချာပြောပြမယ်
နင်သာငါ့ကိုတကယ်ချစ်ရိုးမှန်ရင်...
တော်ပါပြီ........
ဒီကဗျာငါဆက်မရေးချင်တော့ဘူး
ဒီမှာတင်ပဲရပ်လိုက်တော့မလို့ .....

မိုးသူ(တောင်ကြီး)

18 Oct 2012/Thursday
07:14/Pm

4 comments:

စံပယ်ချို said...

ဆက်မရေးချင်တော့ဘူးဆိုလို့ ရေးတဲ့ထိပဲ ဖတ်ခဲ့ရတယ်
ခင်တဲ့ sis jasmine

မြတ်နိုးသူ said...

နေ့ ရက်အသေတွေထဲမှာ
ငါ့ကိုငါမြုပ်နှံရင်း
နင်ထားခဲ့တော့မယ့်မနက်ဖန်တွေကို
စိတ်ထဲမှာကြံဖန်တွေးလို့ 
ကြောက်ရွံနေမိတယ်
ကဗျာလေးအားပေးသွားပါတယ်။

3rdthameetaw said...

ဆက်ရေးရင်ဆက်ဖတ်မလို့ ပါ
ရပ်လိုက်တော့လည်း နားလိုက်တာပေါ့

မိုးနတ်ကြယ်စင် said...

ဟွန်း...တော်တော်စိတ်ပုပ်တဲ့မိုးသူ....
အရှိန်နဲ့လျှောက်လာတဲ့သူကို ခြေထိုးခံလိုက်သလိုပဲ....
ဒီက mood အပြည့်နဲ့ဖတ်လာတာ...ရုတ်တရက်ရပ်ပစ်လိုက်ရသလား..
ဘယ်လိုလူလဲဟင် ..အဲဒါကြောင့် ပိကျိက စိတ်ပျက်သွားတာဖြစ်မယ်..
(စတာနော်မိုး..ချိတ်ချိုးနဲ့အုံး..တော်ကြာနာ့မိုးသူ စိတ်မကောင်းဖြစ်သွားအုံးမယ်) အလကားပြောတာ..
အဆုံးသတ်လေး အရမ်းကောင်းတယ်...
မထင်မှတ်တဲ့...ကဗျာအဆုံးသတ်လေးပေါ့....အဲလိုရုတ်တရက်
ရပ်ပစ်လိုက်တာကိုက ကဗျာလေးကို ဆွဲဆောင်မှုရှိစေတာ..
တော်တော်လဲ တော်လိုက်တဲ့..မိုးသူ...
ခင်မင်နေတဲ့..မိုးနတ်ကြယ်စင်

Post a Comment