နားလည်လို့ မရခဲ့တဲ့အချစ်



အလွမ်းကြွင်းတဲ့ပုစ္ဆာ
ထပ်ခါထပ်ခါအဖြေရှာလို့ 
လေနှင်ရာမျောလွင့်
ကြွေချင်စရာရော်ရွက်ရင့်လို
ရင်တွင်းမှာလဲပင့်သက်တွေနဲ့ ပါကွယ်

အထပ်ထပ်ပြောခဲ့ပါရက်နဲ့ 
မပြတ်မလပ်နှောတဲ့ဥပေက္ခာ
ဒီတခါအရူးဖြစ်တာမဆန်းကျယ်
လမ်းတွေဟာမျက်ကွယ်ပြုလို့ 
မောင့်နှလုံးသားရှက်ဖွယ်အတိဖြစ်ခဲ့တယ်

အပင်အိုတွေတောင်စိမ်းလန်းပေမယ့်
အရင်လိုလဲမငြိမ်းချမ်းခဲ့ပါဘူးကွယ်
တိမ်းစမ်းကွဲ့ နင့်မာယာတွေနဲ့ 
အကြိမ်ကြိမ်အခါခါနစ်ခဲ့တဲ့နှလုံးသား
အခုတော့...ကျင့်သားရခဲ့ပါပြီကွယ်

အရောင်တွေမပြောင်းတဲ့အချစ်
နှောင်းရစ်ကာကျန်ခဲ့ပြီကွယ်
ဒီတဆောင်းသစ်ရင်တော့ဖြင့်
ရင်တွင်းဖြစ်သံစဉ်တွေကြား
နင့်စကားနဲ့ အစားထိုးပါ့မယ်

တကယ့်ကိုမသိခဲ့ပါဘု
မောင့်စိတ်တွေစုစောင်းစဲမှာပဲ
နင့်အတိတ်ကအကြောင်းမဲတွေက
မောင့်အသဲကိုစောင်းဆဲတယ်ကွယ်
ဒီမောင့်ရင်ကွဲချင်လဲကွဲပါစေတော့
မမြဲခဲ့တဲ့အကြင်နာတွေနဲ့ 
တမင်ခွာလို့ ရှောင်ပုန်း
နောက်ဆုံးတခေါက်လောက်ပြုံးပြခဲ့စမ်းကွယ်

မိုးသူ(တောင်ကြီး)

19 Oct 2012/Friday
07:14/PM

4 comments:

3rdthameetaw said...

မိုးသူရေ အရင်ကဗျာတွေကိုလာဖတ်တယ်
ကော်မန့်ပေးတာ ကုတ်တွေမပေါ်တာနဲ့
ပေးလို့ မရဖြစ်ခဲ့တယ် လိုင်းတွေက တအားဆိုးနေတာ

မိုးနတ်ကြယ်စင် said...

မတွေ့ကြရပေမဲ့ အမြဲလိုလိုသတိတရရှိနေခဲ့ပါတယ် မိုးရေ..
မိုး တစ်ယောက် နေမှကောင်းရဲ့လား..
မိုး ချစ်တဲ့ ပိကျိလေးနဲ့ရော အဆင်မှပြေရဲ့လား...
တခါတခါတော့လဲ မိုးအတွက် စိုးရိမ်စိတ်တွေဝင်မိသားကွယ်..
ဘုရား..ဘုရား..တန်တော့...ခုနောက်ဆုံးတင်တဲ့ ပို့စ်လေးကို
ဖတ်ရပုံထောက်ရင်ဖြင့်..ကဗျာဆရာကြီးရဲ့ ရင်တွင်းဝေဒနာ
မဟန်တော့တဲ့ပုံပဲ....ဘယ်လိုလုပ်ကြမလဲ..ဒီမှာမိုးနတ်တောင်
အကြီးအကျယ် အသဲကွဲနေတာ..ကိုယ်ချင်းစာတယ်လေ...မိုးကို..
ဘာလုပ်ပေးရမလဲ မေးနေတာထက်...တကယ်သာ မိုးအသဲကွဲနေတာ
ခံစားနေရတာသေချာရင်....ပိကျိလေးကို တောင်းပန်ချင်တယ်..
ငါ့မိုးသူကို ခံစားရအောင်မလုပ်ပါနဲ့ဟယ်...
မိုးနတ်လဲ မိုးသူကို လေးစားအားကျ တန်ဖိုးထားပြီး ခင်ရသူတစ်ယောက်မို့
မိုးသူခံစားရရင် မိုးနတ်တို့လဲ ခံစားရတာနဲ့အတူတူပါပဲ..
ပိကျိလေးရယ်...ကျေးဇူးပြုပြီးငဲ့ညှာပါဟယ်...မိုးသူကိုယ်စား
တောင်းပန်ပါတယ်....နော်..
ုမိုးရေ..ဘာဆက်ပြောရမှန်းမသိလို့ နှုတ်ဆက်ခဲ့တယ်..
ဒီတခါမန့်ရတာ တမျိုးကြီးပဲ......:(

စံပယ်ချို said...

စဖတ်ဖတ်ချင်းပဲ အရမ်းကြိုက်မိတယ်မိုးသူရေ
ဘာတဲ့ လဲ ပြော ကြည့်ပါအုန်းလေ

( အလွမ်းကြွင်းတဲ့ပုစ္ဆာ
ထပ်ခါထပ်ခါအဖြေရှာလို့ 
လေနှင်ရာမျောလွင့်
ကြွေချင်စရာရော်ရွက်ရင့်လို
ရင်တွင်းမှာလဲပင့်သက်တွေနဲ့ ပါကွယ်)

မြတ်ပန်းနွယ် (Myat Pan Nwe) said...

နူးညံ့ကြင်နာခြင်းတွေနဲ့ ပြည့်လျှံဖုံးလွှမ်းလို့နေသော ကဗျာ ..

ခင်မင်စွာဖြင့်
မြတ်

Post a Comment