ငါဟဲ့ ကဗျာဆရာ တဲ့
ပြန်လာပြီးမှပျံထွက်သွားတဲ့ကြေးစည်သံတွေ
သရဏဂုံခပ်တည်တည်ရွတ်လို့ 
အတောင်ပံတွေနှစ်ဖက်စလုံးမှာ
ငြိမ်းချမ်းရေးချိုးငှက်ကူသံတွေနဲ့ ညံနေတယ်
မိုးပြိုတာကိုအိနြေ္ဒရရ ပဲကြည့်မယ်
ပြီးရင်...အလကားမတ်တင်းဝေဖန်မယ်
အသေခံဖို့ မပြောလေနဲ့ လေသံက,ကဗျစ်ကညစ်
ပွဲဈေးတန်းထဲကကြွက်ပစ်သေနပ်နဲ့ ခြောက်ရင်တောင်
သေးထွက်အောင်ကြောက်တတ်တဲ့ ကဗျာဆရာတွေပေါ့
စိတ်ချပါ....
သူရဲကောင်းတွေစစ်ဖိနပ်အောက်မှာပြားဝပ်နေပါတယ်
ရီ(ရယ်)လဲရီ(ရယ်)ရတဲ့ကိုယ့်လူတို့ ရယ်
.......ကြည့်လဲလုပ်ကြပါအုံး.......
နာဂစ် ၊ ဂီရိ ၊ မိုဘိုင်းဖုန်း၊မြစ်စုံ၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်
ဧရာဝတီမြစ်ရေလျှံမှု ၊ ပဲခူးတိုင်းရေကြီးရေလျှံမှု
ယုတ်စွအဆုံး နိုက်ကလပ်နဲ့ အမြိုက်ဇာတ်
တောင်ပြုံးနဲ့ မျောက်ရှုံး ဘောလုံးပွဲလဲမချန်
ရံဖန်ရံခါ မညာစတမ်း ဖာတန်းတောင်ပါလိုက်သေးသဗျ
အဲသလိုနမိတ်တွေက.....
ကဗျာဆရာတွေအတွက်ကုန်ကြမ်းဖြစ်သွားရှာသတဲ့
ကဗျာဆရာတွေပါးစပ်ထဲကအလုံးတွေဖြစ်ကုန်သတဲ့
ပြောလိုက်ရင်တော့စတုထ္ထမဏ္ဍိုင်ကို
တည်ထောင်မယ့်တတိယမျိုးဆက်တဲ့
အင်း........သူခိုးသမက်သာ.....တော်လိုက်ချင်ပါရဲ့ 
ငါ့ကဗျာမှ..ကဗျာထင်....ပေါ်ပင်အရိပ်နင်းလို့ 
့
စိတ်ကြီးတွေလဲဝင်...ကြက်ရင်အုပ်သာသာရှိတဲ့
ရင်ဘတ်ကိုခဏခဏကော့ကော့ပြသေးတယ်
.........တခါတလေများ.....
လေကြီးလို့ ဟန်ဆောင်...ရန်ပါထောင်လိုက်သေးတယ်
မာန်စွယ်တွေကအဖွေးသားနဲ့ ဖရုဿဝါစာကို
ကလေးကစားစရာအဖြစ်အသုံးပြုကြသေးတယ်
ဝါးလုံးခေါင်းထဲလသာသမျှတွေကို
ဝါးလုံးကွဲအောင်ရီ(ရယ်)လိုက်ချင်ပါရဲ့ 
ပေါက်ပန်းဈေးစကားလုံးတွေနဲ့ တန်ဆာဆင်...
သြော်....သူတို့ တတွေ ညင်ကိုက
တမင်တကာညာချင်ရာလဲညာလိုက်မလို့ တဲ့လေ
ကဲ.......အူကြောင်ကြောင်နလပိန်းတုံးတွေရေ....
ဒီတခါ........
စိတ်ထိန်းရင်းနဲ့ ဒီကဗျာ..ဒီမှာတင်ခေါက်သိမ်းလိုက်အုံးမကွဲ့ ။ ။
မိုးသူ(တောင်ကြီး)
ဝန်ခံချက်။ ။
ရေးထားတဲ့ရက်စွဲမမှတ်မိတော့ဘူး
တိုက်ဆိုင်သွားရင်လဲအံကြိတ်ပြီးအောင့်ခံဖတ်ပေါ့
ဘယ်သူ့ ကိုမှမရည်ရွယ်ပါ
စိတ်မြူးလို့ စိတ်ရူးလေးနဲ့ စိတ်ကူးပေါက်တုန်းက
ရေးထားတာလေးပါနော်
-
-
-
-
-
Subscribe to:
Post Comments (Atom)
7 comments:
ကို မိုးသူလေးရဲ့ ကဗျာလေးရေးထားတာ စိတ်ကူးကောင်းတယ်နော်
ကဗျာ ကောင်းလေးကိုခံစားသွားပါတယ်
ပျော်ရွှင်နိုင်ပါစေဗျာ
ခင်တဲ့(အိမ်မက်ကောင်းကင်)
သေးထွက်အောင်ကြောက်တတ်တဲ့ ကဗျာဆရာတွေပေါ့
စိတ်ချပါ....
သူရဲကောင်းတွေစစ်ဖိနပ်အောက်မှာပြားဝပ်နေပါတယ်
ရီ(ရယ်)လဲရီ(ရယ်)ရတဲ့ကိုယ့်လူတို့ ရယ်
.......ကြည့်လဲလုပ်ကြပါအုံး.......
လုပ်တုန်းကတော့ ကြည့်မယ်ထင်တယ် ဒါပေမယ့် မမြင်ဘူးဟ
မြင်တာတွေလဲ ကွယ်ထားတာကိုး-----
ခင်မင်တဲ့ sis jasmine
ကောင်းလိုက်တဲ့ကဗျာလေး။အလုပ်တွေများလို့ မရောက်နိုင်လို့ ဒီနေ့တော့
စာကြွေးတွေရှင်းသွားအုံးမယ်
ကဗျာလေးအရမ်းကောင်းတယ်အားပေးသွားပါတယ်
မိုးသူတို့ ရေးချက်လန်ထွက်နေအောင်ကောင်း]တယ်
မိမိုးနတ်တစ်ယောက် တိုးတိုးလေးပဲ တကိုယ်တည်းကြားအောင်ရေရွတ်...
ကဗျာလေးကို အစကအဆုံး ဘယ်နှစ်ကြိမ်မှန်းမသိအောင် ပြန်ဖတ်မိနေတော့.
ဆိတ်ဆိတ်နေခြင်းဟာ ၀န်ခံခြင်းဆိုတဲ့ စကား ခဏငှားသုံးကြည့်မယ်.
(ကဗျာလေးကို အရမ်းကြိုက်တယ်) .....
လာထားကွယ် မိုးသူဆိုတဲ့ ကဗျာဆရာကြီး ..ရှင်ကပဲရေးနိုင်မလား..
ကျွန်မကပဲ အားပေးနိုင်မလား...ရှင်ရေးတဲ့ ကဗျာတိုင်းကို ရူးသွပ်စွာနဲ့
အားပေးနေမယ်.....ဒီက ခင်မင်နေတဲ့...မိုးနတ်ပါရှင်...
ဟာ...ဟ...စတန့်ထွင်ပြီး မန့်ကြည့်တာ...
အဲလို ..အဲလို အရူးထတာ....:P
မိုးသူရေ တကယ်ပညာရှိတွေက တော့ ကြောက်စရာကောင်းတဲ့
ဒီလောကကို အုပ်ချုပ်ဖို့ မလုပ်ဘူး အေးအေးဆေးဆေးနေဖို့ ပဲ
စိတ်ကူးကြတယ် လောဘ ဒေါသ ဦးစီးတဲ့သူတွေပဲ ဦးဆောင်ကြ
တာပါ အနည်းနဲ့အများတော့ ဟန်ဆောင်ကောင်းကြတယ်
ယုံလွယ်သူတွေအတွက်တော့ ကျေးဇူးတင်နေကြတာပေါ့
တော်တဲ့ သူတွေ ဂျောင်ထဲ့မှာရှိနေတယ်လေ
Post a Comment