ဖောင်း/ပိန်/ဖော/ပွ/ဖွ/ ဖြေးဖြေးလုပ်ပါဗျ
ပိန်လိုက်ဖောင်းလိုက်နဲ့ တဖောင်းဖောင်းပေါက်ထွက်သွားတဲ့ဒေါသတွေနဲ့
ဖောင်းလိုက်ပိန်လိုက်ပဲဆက်လက်ရှုမှတ်နေခဲ့တယ်
ဖောင်းပွနေတဲ့ခေတ်ကြီးမှာဖောင်းနေတာတွေကိုပိန်အောင်ကြိုစားရင်း
ကိုယ့်ဟာကိုဖောင်းမှန်းမသိဖောနေခဲ့ရတယ်
ပြန်ပိန်အောင်ဖောရှောအရက်တွေ
သောက်ရင်းစကားလုံးတွေတောင်ဖောင်းကုန်တယ်
ဖောင်းပွနေတဲ့စကားလုံးတွေ ပွယောင်းယောင်းဖြစ်နေတဲ့အသုံးအနှုန်းနဲ့
အခုထိပိန်လို့ မရသေးဘူး
တကယ်ဆို ကျူပ်ကဗျာတွေက ဖောင်းပွနေတာမဟုတ်ဘူး
ခောတ်ကိုက ဖောင်းနေလို့ ကျူပ်ကဗျာတွေက ပွနေရတာ
ပွဖောင်းနေတဲ့ ခေတ်ကြီးမှာ ငွေကြေးတွေဖောင်းပွတယ်
အနုပညာတွေဖောင်းပွတယ် လူမှုရေးတွေဖောင်းပွတယ်
အတပ်ပညာအသိပညာတွေဖောင်းဖွတယ် အရှက်အကြောက်တရားတွေဖောင်းပွတယ်
လူသုံးကုန်တွေဖောင်းပွတယ် ကုန်ဈေးနှုန်းတွေဖောင်းပွတယ်
အကျင့်စာရိတ္တတွေဖောင်းပွတယ် အတ္တမာနတွေဖောင်းပွတယ်
ဒီလိုပဲဖောင်းပွနေတဲ့ ကျူပ်စိတ်ကို ဖောင်းတင်းနေအောင်မှုတ်သွင်းရင်း
ခွန်အားရှိသလောက် ဖွမယ်ပွမယ်ပေါ့ ဒါဟာကဗျာဆရာအလုပ်လား
(ဟင့်အင်းမဟုတ်သေးဘူး) ဖွတဲ့သူနဲ့ပွတဲ့သူက ဖောင်းတဲ့သူနဲ့ ပိန်တဲ့သူကို
ခပ်တည်တည်ပဲယှဉ်မလား ဒါဆိုမှားမယ်ညီလေး သူ့ ဟာသူ ပွပါစေ
သူ့ ဟာသူ ဖွပါစေ မင်းကိစ္စမင်းဖောင်းလိုက်ပိန်လိုက်လုပ်ပါ
အိပ်ကပ်ဖောင်းဖောင်းနဲ့ လူကို ခပ်ဖွဖွ လူတွေက မျက်စပစ်မယ်
ဒါဟာ သမ္မာန်စဉ်နိယာမကို အသက်သွင်းတာ..ဖွမယ်....ပွမယ်ပေါ့လေ
ဟောကြည့်ပါလား အနှပညာရပ်ဝန်းတဲ့
ကျူပ်မြင်တာ ဖောင်းတယ် ဖွတယ် ပွတယ်
ကျူပ်က ငါဖွကြီးနဲ့ ညီအစ်ကိုတော်စပ်ခဲ့ဖူးတဲ့
ငပွကြီးရဲ့ သား ကိုရင် ချက်ဖောင်းလေ
ဒီနေ ရာမှာတခုပြောဖို့ လိုတယ်
လောကမှာအဖောင်းအတိုင်းအပွအတိုင်းပဲဖွတာကောင်းပါတယ်
လူတွေကိုဖောကြည့်တယ် အခုခောတ်လူတွေရဲ့ အသိတွေက
ဖောင်းကြွတံဆိပ်တွေခပ်နိုပ်ထားတယ်
အဲဒီတော့ငပွကြီး ငဖွကြီးဖြစ်ဖြစ်သွားတယ် ဖွတာက ပွတာထက်ဆိုးတယ်
တခါတလေမှန်ထဲမှာကိုယ့်ရုပ်ကိုယ်ကြည့်မိသေးတယ်
ဖောင်းသလိုလို ဖောသလိုလို
ပွသလိုလိုဖွသလိုလိုနဲ့ ခပ်ပိန်ပိန်လေးဖြစ်နေတယ်
ဒီတခါတော့ပွတာတွေ ဖွတာတွေဖောတာတွေနဲနဲလျော့ရင်း
ဖောင်းလိုက်ပိန်လိုက်ပဲ ကမ္မဋ္ဌာန်းရိပ်သာမှာတရားဝင်ကြည့်အုံးမယ် ။ 
မိုးသူ(တောင်ကြီး)
08/August 2012/Wednesday
07:45/Pm
7 comments:
စံပယ်ချို said...
ခုလောလောဆယ် လူတချို့ကိုဖောင်းနေမိတယ်
အင်း----ကမ္မဋ္ဌာန်းရိပ်သာမှာတရားဝင်ကြည့်ရဦးမယ်ထင်တယ်
ခင်တဲ့ မဂျီး
3rdthameetaw said...
ဝါမထွက်ခင် တရားစခန်းသွားရင်ကောင်းမလားပဲနော်
ဒီကလည်း စိတ်တော့ကူးနေတာ
Phyu Lwin said...
အခုခောတ်လူတွေရဲ့ အသိတွေက
ဖောင်းကြွတံဆိပ်တွေခပ်နိုပ်ထားတယ်
အဲဒီတော့ငပွကြီး ငဖွကြီးဖြစ်ဖြစ်သွားတယ် ဖွတာက ပွတာထက်ဆိုးတယ်
မှန်တယ် ကဗျာဆရာ :)
လွင်ပြင်လှိုင်းငယ် said...
အားပါးပါး ကောင်းလှချေလား
မိုးနတ်ကြယ်စင် said...
“တခါတလေမှန်ထဲမှာကိုယ့်ရုပ်ကိုယ်ကြည့်မိသေးတယ်
ဖောင်းသလိုလို ဖောသလိုလို
ပွသလိုလိုဖွသလိုလိုနဲ့ ခပ်ပိန်ပိန်လေးဖြစ်နေတယ်
ဒီတခါတော့ပွတာတွေ ဖွတာတွေဖောတာတွေနဲနဲလျော့ရင်း
ဖောင်းလိုက်ပိန်လိုက်ပဲ ကမ္မဋ္ဌာန်းရိပ်သာမှာတရားဝင်ကြည့်အုံးမယ် ။ ”
အဟွတ်..အဟွတ်..တကယ်လားမိုးသူ....ဘယ်တော့လဲ....?
မိုးနတ်လဲ မိုးသူကဗျာဖတ်ပြီး တရားဝင်ရင် ကောင်းမလားစိတ်ကူးနေတယ်....:P
အာပေးသွားတယ်နော်..မိုး..
ခင်မင်နေတဲ့..မိုးနတ်....
ချစ်စံအိမ် said...
ဖောင်းလိုက်ပိန်လိုက်ပဲ ကမ္မဋ္ဌာန်းရိပ်သာမှာတရားဝင်ကြည့်အုံးမယ် ။
စိတ်အေးချမ်းအောင်..:)
အိပ်မက်ကောင်းကင် said...
ဖောင်းလိုက်ပိန်လိုက်နဲ့ ကဗျာလေးလည်းဖတ်ပြီးရော မောလိုက်တာ :P
ဟောဟဲ ဟောဟဲ
ကဗျာလေးကိုအားပေးသွားတယ်နော်
ခင်တဲ့(အိမ်မက်ကောင်းကင်)
Post a Comment