ပန်းကလေး.....သို့ 
ပန်းပွင့်ဖြူဖြူ ၊ရနံ့ ကြူသည်
လူသူတကာ၊ဆွတ်ခြူမှာစိုး
တိတ်တခိုးဖြင့်၊ရင်ဝယ်ထင့်၏ ။
ပန်းပင်ယံမြင့်၊ပန်းလိုတင့်သည်
ပန်းပွင့်မာလာ၊ပန်းကဗျာဖြင့်
ပန်းဖြူပွင့်ဆီ ၊ပန်းတွေသီကုံး
ပန်းလေးပြုံးအောင်၊ရစ်ထုံးနှောင်ဖွဲ့ 
လေပြေသွဲ့ တွင် ၊ မှတ်ကျောက်တင်၏ ။
ရနံ့ သင်းထုံ ၊မြိုင်ရဂုံဝယ်
နှောင်ကြိုးနွယ်လို့ ၊ချစ်ခြင်းနယ်၌
ရင်ဝယ်ပိုက်လွှမ်း၊ပန်းဆီလှမ်းသို့ 
အနမ်းစုခြွေ၊ရမ္မက်ပြေကြောင်း
မအိုဟောင်းသော၊ရင်တွင်းဇောဖြင့်
ချစ်တင်းနှောမည် ၊လွမ်းသောကများ
ပြေရပါစေ ၊တောင်းဆုခြွေ၏ ။ ။
မိုးသူ(တောင်ကြီး)
22 August 2012/Wednesday
12:32/PM
Subscribe to:
Post Comments (Atom)
9 comments:
တမူထူးတဲ့ ကဗျာကောင်းလေးပဲ မိုးသူရေ
အရင်ကဗျာတွေနဲ့ နဲနဲကွဲပြားသလိုထင်ရတယ်နော် ။
ပန်းပင်ယံမြင့်၊ပန်းလိုတင့်သည်
ပန်းပွင့်မာလာ၊ပန်းကဗျာဖြင့်
ပန်းဖြူပွင့်ဆီ ၊ပန်းတွေသီကုံး
ပန်းလေးပြုံးအောင်၊ရစ်ထုံးနှောင်ဖွဲ့ 
လေပြေသွဲ့ တွင် ၊ မှတ်ကျောက်တင်
ကဗျာလေးကအ၇မ်းကိုနူးညံ့တယ်မိုးသူ၇ာ
အ၇မ်းလည်းကောင်းတယ်
လေးလုံးစပ် ကဗျာကောင်းလေးတစ်ပုဒ်ပါလား
ခါတိုင်းလို ပေါက်ကွဲသံစဉ် ကဗျာတွေမဟုတ်ပဲ နူးညံ့လှချည်လား သည်ကဗျာက အားပေးသွားတယ်နော်
ခင်တဲ့(အိမ်မက်ကောင်းကင်)
ကဗျာလေး လှလိုက်တာ အရမ်းကြိုက်တယ်
အချစ်တစ်ခုကိုတွေ့ရှိသွားတဲ့လူတစ်ယောက်လို့ 
ထင်မြင်မိပါတယ်
အရင်လိုမဟုတ်ပဲ နူညံတဲ့ချစ်ချင်းတွေတွေ့ နေတယ်
ရေးခဲ့ဖူးတဲ့ကဗျာတွေနဲ့ မတူတာလေးတွေ
ပန်းပွင့်လေးမှာတွေ့လိုက်ရတယ်
တခုခုတော့ တခုခုပါပဲ
ချစ်တတ်လာတာလား
ချစ်ဖူးတာလား
ကဗျာလေးက ချစ်ဖို့ကောင်းလိုက်တာ..အရမ်းကြိုက်တာထက်ကို ပိုနေတယ်
ပြီးတော့ မိုး.သိလား..ကဗျာလေးက နူးနူးညံ့ညံ့လေးရယ်...
မိုးမှာ ချစ်သူရှိလာတာလား...?..ဒါမှမဟုတ်..ခံစားတတ်လာတာလား..?
ဘာမှန်းမသိပေမဲ့...ပြောင်းလဲနေတယ်လို့တော့ထင်ပါတယ်..ဘာပဲဖြစ်ဖြစ်.
ဒီကဗျာလေးကိုတော့ နှစ်သက်မိနေတယ်..အဲလိုလေးတွေများများရေးပါ.မိုးရ..
မိုးဘယ်လောက်တော်တယ်ဆိုတာ..လူတွေသိအောင်ကြွားလိုက်လေ..:P
(မြှောက်ပေးနေတာ...ဒီကလဲ)..စတာပါ..
ခါတိုင်း..မိုးရေးနေကျ မော်ဒန်ကဗျာလေးတွေကိုလဲ စာမလိုက်နိုင်တဲ့ ကလေးတယောက်လို..အပြေးအလွှား ဖတ်ချင်နေမိတုန်းပါ..(လောဘက အဲလိုကြီးတာ..) ဟုတ်ပါဘူး...အားပေးနေတာပါ...
ခံစားသွားတယ်နော်..မိုး..
ခင်မင်နေတဲ့..မိုးနတ်
ရနံ့ သင်းထုံ ၊မြိုင်ရဂုံဝယ်
နှောင်ကြိုးနွယ်လို့ ၊ချစ်ခြင်းနယ်၌
ရင်ဝယ်ပိုက်လွှမ်း၊ပန်းဆီလှမ်းသို့ 
အနမ်းစုခြွေ၊ရမ္မက်ပြေကြောင်း
မအိုဟောင်းသော၊ရင်တွင်းဇောဖြင့်
ချစ်တင်းနှောမည် ၊လွမ်းသောကများ
ပြေရပါစေ ၊တောင်းဆုခြွေ၏
ကဗျာလေးအရမ်းကောင်းတယ်
အားပေးသွားပါတယ်
ဒီကဗျာလေးကြိုက်တယ်..
Post a Comment