ချဉ်ငံစပ်....သို့ မဟုတ်..... စပ်ဖျဉ်းဖျဉ်း

ကြိုတင်တောင်းပန်ချက်။     ။ဤကဗျာတွင် အဓိပ္ပါယ်သက်ရောက်မှုနှင့်
နမိတ်ပုံပေါ်လွင်ထင်ရှားစေရန်စကားလုံးခပ်ရိုင်းရိုင်းများအသုံးပြုထားသည့်အတွက်
မိုးသူ(တောင်ကြီး)ခင်မင်ရပါသော ချစ်မိတ်ဆွေစာဖတ်သူများနှင့်သူငယ်ချင်းတို့ အား
ကြိုတင်ပြီး အနူးအညွှတ်တောင်းပန်ပါတယ် ကဗျာကို လဲ
L.P (letter for freedom notes) form နဲ့  အသက်သွင်းထားခြင်းဖြစ်ပါတယ်
မော်ဒန်ကဗျာတွေနဲ့ စိမ်းနေသော
စာဖတ်သူချစ်မိတ်ဆွေများတမျိုးတမည်မိုးသူအပေါ်မမြင်ကြပါရန်တောင်းပန်အပ်ပါသည် ။(အားပေးဖတ်ရှုသော ချစ်မိတ်ဆွေစာဖတ်သူများ ကဗျာရည်ရွယ်ချက်နှင့်နမိတ်ပုံများကိုသာအာရုံပြု၍ဖတ်ပေးပါရန်တိုက်တွန်းပါတယ် )







မနေ့ ကအထိလိင်ဆက်ဆံခဲ့ဖူးသမျှ
အပျိုစင်တွေထဲမှာအဲဒီတယောက်မပါသေးဘူး
ကပိုကရိုနဲ့ မိုက်မိုက်ရိုင်းရိုင်းရှင်းသန့် နေတဲ့
ခန္ဓာကိုယ်ကောက်ကြောင်းတွေကြည့်လို့ ကိုမ၀နိုင်ဘူး...
ငွေကြေးတချို့ ပေးလှည့်ပါ ကာမပြန်ပေးမယ်ဆိုတဲ့ခေတ်
ကျောက်ခေတ်ဆင်ယဉ်ထုံးဖွဲ့ မှုတွေကိုအလွဲသုံးစားလုပ်မလို့ 
ဆီဆေးပျယ်နေတဲ့နံရံဘေးကရေဒီယိုကိုပြေးဖွင့်လိုက်တယ်
ဧရာဝတီဆိုတဲ့မိန်းမလှလေးရေ...ဧရာဝတီတိုင်းကိုမှုဒိန်းကျင့်ခံရပြန်ပြီတဲ့
ဘာလုပ်နေကြသလဲ.........
ဥပဒေထုတ်ကျွန်စုတ်တဲ့သရက်စိလိုဖွာလန်ကျဲအောင်ကြည့်နေမှာလား
ဒင်း(သင်း)တို့ ပေါ့....
ဇာခြင်ထောင်ထဲက..ရာဂနှောနေတဲ့ အာဏာသံတွေနဲ့ အမိန့် ပေး
တွက်ရေးချက်ရေးကစက်သူဋ္ဌေးအလား
နံဘေးနားကဈေးစကားပြောတတ်သူတွေလဲရှိသေးတယ်
ခုတင်(ကုတင်)ပေါ်ကလဲဆင်းရော..
သတင်းမရောတဲ့ ၀မ်းတွင်းရူးတဏှာတွေထလို့ 
ကိုယ့်သမီးလောက်ရှိတဲ့မော်ဒယ်လ်ဂဲလ်တွေကို
စပွန်စာပေးဖို့ ကြံစည်ပြန်သေးတယ်....
 ဒို့ ရွာက(နွားအို)တွေများမြက်နု.....တယ်ကြိုက်ရှာသကို........
ခိုးခိုးခစ်ခစ်ရယ်(ရီ)တတ်တဲ့
စက္ကထရီလေးတွေရဲ့ အသားဟာချိုလားမချိုလားတော့မသိ
နင်းပြားတွေရဲ့ ဟင်းအိုးထဲမှာတော့
ချဉ်ပေါင်၊ကန်စွန်း၊ဘူး၊ဖရုံ၊သခွါးနဲ့ ဆူးခြုံကြားမှာနှစ်ပါးသွား
ဗိုက်ကားဖို့ သာအဓိက ဗိုက်ပူတာကသာမညမို
့ညကြေးယူလို့ ပန်းဆိုးတန်းတောက်လျှောက်
ဈေးစကားပြောသံ၊ဈေးစစ်သံတွေတညံညံနဲ့ ဖာခံထွက်ကြသတဲ့ဟေ့
(အဖော်)ဆိုတဲ့ကုမ္ပဏီထုတ်ပစ္စည်းကတော့
တော်တော်အရောင်းသွက်တယ်ဆိုပဲ..
ကဲ.....အခုလဲလုပ်ပြန်ပြီ အနုပညာစိစစ်ရေးတွေလျော့ချ၊
အနုပညာအရည်အသွေးတွေလျော့ချ
စောဒကတော့မတက်လေနဲ့ 
အရှက်တွေကုန်နေတဲ့မော်ဒယ်လ်မပုံတွေအကွက်စိုက်
နှစ်ပေါက်တစ်ပေါက်ရိုက်တာခံလို့ 
(နင်)တို့ တတွေကို လှန်ပြတော့မပေါ့......
(အဲသလိုမျိုး)ဆို အစ်ကိုအောင်တို့ ကတော့မဖုံးနိုင်မဖိနိုင်ပြုံးစိစိနဲ့ 
သူ့ တို့ တတွေရဲ့ ငယ်ပါတွေငုံးတိတိဖြစ်နေတာကိုမသိရှာကြဘူး
ဒါမျိုးကတော့ခေါင်းကိုအသာငိုက်
အိတ်ကပ်ထဲတဆုံးနှိုက်လို့ လက်ပိုက်တော့မကြည့်နေနိုင်ဘူးဟေ့
(ဒါ..မြန်မာပြည်ကွ)

မိုးသူ(တောင်ကြီး)
28 August 2012/Tuesday
11:21/Am

6 comments:

စံပယ်ချို said...

ဇာခြင်ထောင်ထဲက..ရာဂနှောနေတဲ့ အာဏာသံတွေနဲ့ အမိန့် ပေး
တွက်ရေးချက်ရေးကစက်သူဋ္ဌေးအလား
နံဘေးနားကဈေးစကားပြောတတ်သူတွေလဲရှိသေးတယ်
ခုတင်(ကုတင်)ပေါ်ကလဲဆင်းရော..
သတင်းမရောတဲ့ ၀မ်းတွင်းရူးတဏှာတွေထလို့ 
ကိုယ့်သမီးလောက်ရှိတဲ့မော်ဒယ်လ်ဂဲလ်တွေကို
စပွန်စာပေးဖို့ ကြံစည်ပြန်သေးတယ်....

ထိတယ်နော်တဲ့တဲ့ကြီးလို့ထင်ရတာပဲ ဟုတ်ပါပေ့ကွယ်------

မိုးနတ်ကြယ်စင် said...

ဟယ်.....ဟုတ်...ကောင်းပါတယ်..မိုးသူ..
ခါတိုင်းလိုပဲ မိမိုးနတ်တစ်ယောက် ရင်ဘတ်ဖိပြီး လာဖတ်သွားပါတယ်နော်..
ဆရာရေချမ်းပြောသလို မိုက်စ် လို့တော့ပြောချင်သား....
ဒါပေမဲ့ ပြောမထွက်ရဲဘူးမိုးရေ..(ပြောလို့ကတော့ ပြီးသွားပြီ...:P)
အရမ်းကောင်းတယ်...ခုဖြစ်နေတဲ့ မြန်မာပြည်အနေအထားနဲ့ အတော်ကို
အံဝင်ဂွင်ကျရှိတာပဲ...မော်ဒန်ကဗျာ အနေနဲ့ အားပေးသွားပါတယ်..
မိုးသူစကားကို နားထောင်ပြီးတော့လေ.....:P
ခင်မင်နေတဲ့..မိုးနတ်

ချစ်စံအိမ် said...

အားပေးသွားပါတယ်..

အိပ်မက်ကောင်းကင် said...

စပ်ဖျင်းဖျင်း ချဉ်ငံစပ်ကိုစားသွားပါတယ် အဲမှားလို့ ကဗျာကောင်းလေးတစ်ပုဒ်ကိုခံစားသွားပါတယ်
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

လွင်ပြင်လှိုင်းငယ် said...

အမှန်တရားတွေပဲ မိုးသူရေ

3rdthameetaw said...

မဖတ်ရဲပါဘူး မိုးသူရာ
ကြောက်တာနဲ့ အစနားဖတ်ပြီး
ပြန်ပြေးပြီကွာ

Post a Comment