လိုအပ်ရင်လိုအပ်သလိုပြုပြင်ပါ ဒါပေမယ့် သစ္စာမပျက်ပါရစေနဲ့ 
ငါ့စာမျက်နှာတွေကိုပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတဲ့အခါ
နင်ငါ့ကိုတချက်လေးပြုံးပြပါ ။
ငါ့အမှုအကျင့်တွေပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတဲ့ အခါ
နင်ငါ့ကိုတချက်လေးပြုံးပြပါ ။
ငါ့ပစ္စုပ္ပန်ကိုပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတဲ့ အခါ
နင်ငါ့ကိုတချက်လေးပြုံးပြပါ ။
ငါ့နှလုံးခုန်သံတွေပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတဲ့ အခါ
နင်ငါ့ကိုတချက်ပြုံးပြပါ ။
ငါ့အိမ်မက်တွေပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတဲ့ အခါ
နင်ငါ့ကိုတချက်လေးပြုံးပြပါ ။
ငါ့မျှော်လင့်ချက်တွေပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတဲ့ အခါ
နင်ငါ့ကိုတချက်လေးပြုံးပြပါ ။
ငါ့ရည်ရွယ်ချက်တွေပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတဲ့ အခါ
နင်ငါ့ကိုတချက်လေးပြုံးပြပါ ။
ငါစေတနာတွေပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတဲ့ အခါ
နင်ငါ့ကိုတချက်လေးပြုံးပြပါ ။
" နင့်အပြုံးတချက်ထဲနဲ့ အရာရာပြီးပြည့်စုံစေရမယ် "
ငါ့သစ္စာတရားတွေပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတဲ့ အခါ
နင်ငါ့ကိုထားခဲ့ လိုက်ပါ ။
ဘာလို့ လဲဆိုရင် ငါနင့်ကိုဘယ်တော့မှ သစ္စာမဖောက်ချင်လို့ ပါ
နင့်အပေါ်ထားရှိတဲ့ သစ္စာတရားကို ဘာနဲ့ မှလဲလှယ်လို့ မရနိုင်လို့ ပါ ...ချစ်သူ
မိုးသူ(တောင်ကြီး)
First June 2012/Friday
07:04/PM
Subscribe to:
Post Comments (Atom)
10 comments:
အေးဗျာ သစ္စာတရားကိုတော့ လုံးဝ ယုံကြည်ပြီးကိုးစားတယ်
ကိုယ့်ဘက်က အရင်ဘယ်တော့မှသစ္စာမဖေါက်ဘူး
" နင့်အပြုံးတချက်ထဲနဲ့ အရာရာပြီးပြည့်စုံစေရမယ် "
မှန်လိုက်တာ ။
ချစ်သူရဲ့ အပြုံးတချက်က အရာရာပြီးပြည့်စုံတယ်တကယ်ပြောတာ
" နင့်အပြုံးတချက်ထဲနဲ့ အရာရာပြီးပြည့်စုံစေရမယ် "
အဲဒိစာသားလေးတော့ခိုက်တယ်....:P
“ငါ့သစ္စာတရားတွေပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတဲ့ အခါ
နင်ငါ့ကိုထားခဲ့ လိုက်ပါ ။
ဘာလို့ လဲဆိုရင် ငါနင့်ကိုဘယ်တော့မှ သစ္စာမဖောက်ချင်လို့ ပါ
နင့်အပေါ်ထားရှိတဲ့ သစ္စာတရားကို ဘာနဲ့ မှလဲလှယ်လို့ မရနိုင်လို့ ပါ ...ချစ်သူ”
သြော်..သြော်...မိုးသူ...မိုးသူ..
ချစ်သူအပေါ် အတော်သစ္စာကြီးရှာသကိုး...
မိုးနတ်လဲ အဲလိုသစ္စာရှိတဲ့ ချစ်သူမျိုးလေး တစ်ယောက်လောက်လိုချင်လိုက်တာဟယ်....:P
အားပေးသွားတယ်နော်..မိုး..
ခင်မင်နေတဲ့..မိုးနတ်
ချစ်သူရဲ့အပြုံးကတော့ ပျော်ရွှင်စေတာပါပဲ :)
ဘာပဲပြောပြော ဖတ်ပြီးပြုံးသွားတယ်..မိုးသူရေ...။
အရာရာတော့ ဘယ်ပြီးပြည့်စုံမလဲ ချစ်သူအပြုံးမှမဟုတ်တာ..။ ဘုန်းဘုန်းအပြုံပါ..........။
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
ကဗျာလေးက ချစ်စရာကောင်းတယ်နော အားပေးခဲ့ပါတယ်
~ Kk ~
" နင့်အပြုံးတချက်ထဲနဲ့ အရာရာပြီးပြည့်စုံစေရမယ် "
ငါ့သစ္စာတရားတွေပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတဲ့ အခါ
နင်ငါ့ကိုထားခဲ့ လိုက်ပါ ။
ဘာလို့ လဲဆိုရင် ငါနင့်ကိုဘယ်တော့မှ သစ္စာမဖောက်ချင်လို့ ပါ
နင့်အပေါ်ထားရှိတဲ့ သစ္စာတရားကို ဘာနဲ့ မှလဲလှယ်လို့ မရနိုင်လို့ ပါ ...ချစ်သူ
ကြိုက်တယ်ဗျာစာသားလေးတွေကိုသူငယ်ချင်းေ၇
အိအိစက်စက်ကဗျာလေးပါပဲ
အရမ်း နုးညံတယ်ဗျာ
ငါ့သစ္စာတရားတွေပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတဲ့ အခါ
နင်ငါ့ကိုထားခဲ့ လိုက်ပါ ။
ဘာလို့ လဲဆိုရင် ငါနင့်ကိုဘယ်တော့မှ သစ္စာမဖောက်ချင်လို့ ပါ
နင့်အပေါ်ထားရှိတဲ့ သစ္စာတရားကို ဘာနဲ့ မှလဲလှယ်လို့ မရနိုင်လို့ ပါ ...ချစ်သူ
အဲလိုပဲ ဟဲဟဲ
Post a Comment