ပျက်ပြယ်သွားသော အိမ်မက်များ



အဆိုးဆုံးတွေတန်းစီပြီးအဲဒီထဲက
အကောင်းဆုံးတကြိမ်ကိုနှုတ်လိုက်ရင်
ဘာတွေကျန်မယ်ထင်သလဲ
ဒီမှာ...... ချစ်သူရေ....
သိပ်စဉ်းစားမနေပါနဲ့ 
အတိတ်ဆိုးတွေကျန်နေမှာပေါ့ကွာ ။

အသိဉာဏ်တံခါးကြီးတခုလုံးဖွင့်ထားတာ
ငါဝင်မယ်ဆိုတော့ ပုစ္ဆာတပုဒ်မေးတယ်
ပန်းပွင့်လေးတွေသန္ဓေတည်စေတာ ဘာကြောင့်လဲတဲ့
ဒီမှာ......ချစ်သူရေ......
သိပ်စဉ်းစားမနေပါနဲ့ 
လိပ်ပြာလေးတွေနမ်းသွားလို့ နေမှာပေါ့ကွာ ။

သက်တန့် ရင်ဘတ်ကြီးဟောင်းလောင်းပွင့်နေတာ
 ငါငေးကြည့်နေတုန်း ပဟေဋ္ဌိတခုမေးခံရဖူးတယ်
ရောင်စဉ်တွေထဲမှာအရောင်ဘယ်နှစ်မျိုးရှိသလဲတဲ့
ဒီမှာ....ချစ်သူရေ.....
သိပ်စဉ်းစားမနေပါနဲ့ 
အလှပဆုံးဒိုင်မန်းရှင်းဆုံချက်တိုင်းမှာ
ရောင်စဉ်ခုနှစ်သွယ်လင်းနေမှာပေါ့ကွာ ။

ငါ့ရဲ့ အတိတ်ဆိုးတွေမတိုင်မှီက
လိပ်ပြာလေးတွေရဲ့ အနမ်းနောက်ကျခဲ့ လို့ 
ငါ့ရဲ့ စိတ်ကူးတချို့ ဟာလဲ
ရောင်စဉ်တွေပျယ်နေခဲ့ရပြီကော ။   ။

မိုးသူ(တောင်ကြီး)
15 July 2012/Sunday
11:03/PM

8 comments:

ချစ်စံအိမ် said...

ကဗျာဆရာတို့ ပျောက်နေတာလိုင်းမကောင်းလို့ ကို..
ကဗျာတွေစောင့်ဖတ်နေပါတယ်။။။

အလွမ်းမြို့ said...

သားမက်လေး...

ပန်းပွင့်လေးတွေသန္ဓေတည်စေတာ ဘာကြောင့်လဲတဲ့
ဒီမှာ......ချစ်သူရေ......
သိပ်စဉ်းစားမနေပါနဲ့ 
လိပ်ပြာလေးတွေနမ်းသွားလို့ နေမှာပေါ့ကွာ ။


လိပ်ပြာနမ်းသွားတာ သေချာလားဟင်။ ဒီနေ့မှ ရောက်ဖြစ်တယ်
မောင်ငယ်။ အားပေးသွားတယ်။ သီချင်းလာနားထောင်လို့
ကျေးဇူးပါ။သမီးလေးကို ချစ်တယ်ဟုတ်။


ခင်တဲ့
မကြီး

လွင်ပြင်လှိုင်းငယ် said...

အသိဉာဏ်တံခါးကြီးတခုလုံးဖွင့်ထားတာ
ငါဝင်မယ်ဆိုတော့ ပုစ္ဆာတပုဒ်မေးတယ်
ပန်းပွင့်လေးတွေသန္ဓေတည်စေတာ ဘာကြောင့်လဲတဲ့
ဒီမှာ......ချစ်သူရေ......
သိပ်စဉ်းစားမနေပါနဲ့ 
လိပ်ပြာလေးတွေနမ်းသွားလို့ နေမှာပေါ့ကွာ ။

ကဗျာလေးမိုက်တယ် ။လက်တလော အလုပ်တွေများနေလို့ မရောက်နိုင်ဘူး
မရောက်လို့ စိတ်မဆိုးရဘူးနော် ဟိ ။

Phyu Lwin said...

တစ်ကယ်လေးစားပါတယ် ကဗျာဆရာရယ် ... ရေးလိုက်တိုင်းကို ကောင်းနေတာပဲ ..ဒီကဗျာလေးကတော့ စတိုင်တစ်မျိုးလေးနော် ပေါ့ပေါ့ပါးပါးပုံစံမျိုးပေါ့

မြတ်နိုးသူ said...

ငါ့ရဲ့ အတိတ်ဆိုးတွေမတိုင်မှီက
လိပ်ပြာလေးတွေရဲ့ အနမ်းနောက်ကျခဲ့ လို့ 
ငါ့ရဲ့ စိတ်ကူးတချို့ ဟာလဲ
ရောင်စဉ်တွေပျယ်နေခဲ့ရပြီကော ။
လိပ်ပြာလေးကလဲဘာလို့နောက်ကျတာလဲမသိဘူးနော်

မိုးနတ်ကြယ်စင် said...

ဟုတ်ပါ့..လိုင်းမကောင်းလို့ပျောက်နေတယ်ဟုတ်စ...ဒါပေမဲ့လည်း..စိတ်ရှည်စွာစောင့်ဖတ်နေပါတယ်...ကိုယ်ကကဗျာချစ်သူမို့ပါကွယ်...မိုးသူရေ...အမြဲအားပေးနေတယ်နော်...

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာလေးကို ခံစားဖတ်မှုသွားပါတယ် ။

လိပ်ပြာလေးတွေ နမ်းသွားလို့ နေမှာပေါ့ကွယ်တဲ့.. နူးညံ့လိုက်တာ သဘောကျမိတယ်။

ဟိုးရက်တွေက အလုပ်တွေ များနေလို့ မလာဖြစ်ဘူး။ အကြွေးတင်နေတာလေးတွေကိုပါ ဖတ်သွားလိုက်ပြီနော်။

အိပ်မက်ကောင်းကင် said...

နူးညံ့ပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကဗျာလေးကိုခံစားသွားပါတယ်
နောက်လည်းသည်ထက်မကရေးသားနိုင်ပါစေ

Post a Comment