အမှန်တွေကိုလိမ်ညာကြည့်ခြင်း
ကျွန်တော့ရဲ့ မျက်ရည်တွေကို
ဥပေက္ခာတရားကကြည့်ရင်း
စိတ်မကောင်းဖြစ်နေရှာသတဲ့
အတိတ်ဟောင်းရဲ့ ဝေဒနာကပြင်းရှတယ်
အချိန်မှန်မှန်ရင်းထတတ်တဲ့
ပေကပ်ကပ်နှလုံးသားကို
ကြောင်တောင်နှိုက်ခံလိုက်ရမှ
သူမအတွက်တံဆိပ်မကပ်ပေးချင်တော့ဘူး။
သံယောဇဉ်ဆိုတဲ့ ငနဲ ကတော့ဖို့ ရို့ ဖားရားပေါ့
သူမတခါလေးနမ်းခဲ့ဖူးတဲ့ နှုတ်ခမ်းကျိမ်စာပါသင့်နေခဲ့တယ်
တစ်....နှစ်....သုံး.....ရေတွက်လို့ မဆုံးခင်
ဟိုး.....အဝေး....ဟိုး....လွန်မြောက်ခဲ့တဲ့ အဝေးကို
ခပ်တည်တည်နဲ့ ရောက်နှင့်ခဲ့ပြီးပြီ
မေ့ထားတယ်ဆိုတဲ့ နောက်ကွယ်ကမေ့လျော့ခြင်းတွေ
ဒီတခါတော့အကြောဆွဲလို့ တွန့် လိမ်ကောက်ကွေး
အသိစိတ်မမှန်တော့တဲ့အလွမ်း နှုတ်ခမ်းမှာလဲ
လိမ်တွန့် ကွေးကောက် အဆုံးရောက်သွားသည်အထိ
ဘယ်တုန်းကမှ
ငါ.....
နင့်ကို.....လေ......
အဲသလိုမတမ်းတခဲ့ဖူးဘူး
(လိမ်ညာလိုက်တာပါ)
မိုးသူ(တောင်ကြီး)
12 August 2012/Sunday
06:18/PM
3 comments:
မိုးနတ်ကြယ်စင် said...
ဦးဆုံးလာပြီး မန့်လိုက်တယ်.မိုးရေ...မိုးကဗျာတွေကတော့..အမြဲလိုလိုလိုက်လို့မမှီခဲ့ပါဘူး....အဆုံးသတ်ကလေးတော့ကြိုက်တယ်..ဘာတဲ့..
“ဘယ်တုန်းကမှ ငါ..နင့်ကို..လေ
အဲသလိုမတမ်းတခဲ့ဖူးဘူး..”....ဆိုပဲ..
လွင်ပြင်လှိုင်းငယ် said...
လိမ်ညာလိုက်တာ ။
အိပ်မက်ကောင်းကင် said...
နူးညံပြီး ဆွဲဆောင်မှုရှိတဲ့ ကဗျာလေးကိုခံစားသွားပါတယ်
အကိုလည်း ကောင်မလေးချောချောနဲ့ တွေ့ပါစေနော် ဟဲ
Post a Comment