ငုတ်ကောင်ပြန်ထွက်တဲ့ ထီပေါက်စဉ် နှင့်ထီလက်မှတ်မီးရှို့ လိုက်မိသူ
ညတွေကိုအစိမ်းလိုက်မော့သောက်မယ်
Blackmore night ရဲ့ တေးသွားတွေထဲမှာ
နင့်အတွက်လွမ်းချင်းမပါဘူး
အဲဒီတော့.....ငါစိတ်ချမ်းသာတယ်
ငုတ်တုတ်ထိုင်နေရင်ထိုင်နေမယ်
ငေးမောလို့ နေရင်နေမယ်
ဒါပေမယ့်.....
နင့်အတွက်ကဗျာတပုဒ်မရေးမိဘူးဆိုရင်
ငါဟာမုသားအသုံးပြုလိုက်တယ်လို့ သိနေပေးပါ
ဟန်ဆောင်ပြီးမုန်းကြည့်ခဲ့ဖူးသေးတယ်
ဒါဟာလဲ.....
ငါ့ရဲ့ ရူးသွပ်မှုတစိတ်တဒေသပါ
အဆမတန်ကြီးမားတဲ့
ပေါက်ကွဲလွင့်စင်မှုတိုင်းဟာ
ဗဟိုချက်မရဲ့ တည်ငြိမ်အားကို
မထိန်းနိုင်တော့လို့ ပါ
ခနဲ့ သလို ၊ ရွဲ့ သလိုနဲ့ 
ပြောခဲ့တဲ့နင့်ရဲ့ စကား
ထင်မှတ်မထားတဲ့ ရှုဒေါင့်ကနေ
ငါ့ကိုရက်ရက်စက်စက်တိုက်ခိုက်တယ်
အဲဒါဟာ
အခန်းလွတ်တခုထဲမှာ
ငါ့မာနတွေကိုပိတ်လှောင်ဖို့ အတွက်
အတွေးတခုနဲ့ အချိုးကျထပ်တူညီတယ်
အဲဒီတော့...ငါထွက်ပြေးမယ်
ငါထွက်ပြေးနေတုန်း
နင့်ရဲ့ လော်လီမှုတွေဆက်ရေးထားပါ
မှင်ဖြည့်ပါ ၊ အသွားထက်ထက်ဓါးကိုအသုံးပြုပါ
အဲဒီနေ့ က.....
ကဗျစ်ကညစ်ဆဲလိုက်တဲ့ ငါ့ရဲ့ ဆဲရေးသံတွေ
နင့်ထမိန်အစွန်းနဲ့ ငြိပါသွားသေးတယ်
နောက်ဆုံးတော့လဲ
ဒုံရင်းဟာ ဒုံရင်းပါပဲ
နင်စိတ်ချမ်းသာတယ်
ငါလွတ်လပ်သွားတယ်
နင်ပျော်ရွှင်နေမယ်
ငါ အချုပ်အနှောင်ကင်းသွားတယ်
နင့်မေးခွန်းတွေအတွက်
ငါ ဟာ အဖြေမဟုတ်တော့ဘူး
ပေါက်ကောင်ဟာအရင်တိုင်းပါပဲ
အားလုံးပြည့်စုံနေခဲ့တယ် ။
ဒါပေမယ့်
နင်နဲ့ ငါနဲ့  ဇာတ်လမ်းဟာ
နောက်အနာဂါတ်အတွက်
သုညဒီဂရီအရောက်မှာအေးခဲသွားခဲ့ပြီ ။   ။
ပြီးပါပြီ ။   ။(ပုထုဇနော ဥမ္မတကော)
မိုးသူ(တောင်ကြီး)
21 July 2012/Saturday
02:57/Pm
6 comments:
စံပယ်ချို said...
ကဗျာလေးကိုရင်ဘတ်နဲ့ခံစားဖတ်ခဲ့ပါတယ်မိုးသူရေ
အမြဲကောင်းအောင်ရေးတတ်တဲ့သူတစ်ယောက်ဟာ မိုးသူပါ
ချစ်စံအိမ် said...
ကဗျာဆန်းဆန်းတွေလာရောက်ဖတ်ခဲ့ပါတယ်.
လွင်ပြင်လှိုင်းငယ် said...
နင့်မေးခွန်းတွေအတွက်
ငါ ဟာ အဖြေမဟုတ်တော့ဘူး
ပေါက်ကောင်ဟာအရင်တိုင်းပါပဲ
ငါကတော့ထီလက်မှတ်မီးရှို့ လိုက်မိလို့ 
အားလုံးပြည့်စုံနေခဲ့တယ် ။
အားပေးရင် ခံစားသွားပါတယ် ။
Unknown said...
နင်နဲ့ ငါနဲ့  ဇာတ်လမ်းဟာ
နောက်အနာဂါတ်အတွက်
သုညဒီဂရီအရောက်မှာအေးခဲသွားခဲ့ပြီ...
ကြိုက်တယ်ဗျာ....အရေးအသားကတော့...:-)
အိပ်မက်ကောင်းကင် said...
ကဗျာလေးကတော်တော်ကောင်းပါတယ်
ခေါင်းစဉ်လေးနဲ့ကို ကဗျာက ရင်ကိုထိနေပြီ ^_^
ကဗျာလေးကိုခံစားသွားတယ်နော်
Phyu Lwin said...
ပြီးဆုံးသွားပြီတဲ့လား... ကဗျာလေးခံစားသွားပါတယ်
Post a Comment