အစိမ်းသေခဲ့သောအမှတ်တရနေ့ စွဲ


ညှိနှိုင်းလို့ မရတော့တဲ့ မာနတစုံအကြားမှာ
သံယောဇဉ်တွေမြေဇာမြက်ပင်ဖြစ်ရတော့မယ်
နားလည်မှုလွဲနေတဲ့လောင်းရိပ်အောက်မှာ
အချစ်ပျိုးပင်မရှင်သန်နိုင်မှန်း
အသိစိတ်တွေနောက်ကျလွန်းခဲ့ရတယ်
စိတ်ကူးတွေထဲမှာစီချယ်ထားတဲ့
အိမ်မက်ကမ္ဘာငယ်လေးဟာ
ဟောင်းနွမ်းလွန်းတဲ့ရေဆေးပန်းချီကားတချပ်လို
တစတစနဲ့ မှုန်ဝါးလာပြန်တော့တယ် ။

ဟန်နီရေ ....
ငါတို့ ဝေးသွားခဲ့ရင်
နင်ငိုနေမှာလား
နင်ပျော်နေမှာလား
ကြည့်လေရာ မြင်လေရာ....အရာရာတိုင်းလိုလို
မပီမသနဲ့ ခပ်မွဲမွဲလေးပဲမြင်ရတယ်....
...သြော်သိပြီ.... ငါမျက်ရည်တွေဝဲနေတာလေ
အဲဒီမျက်ရည်တွေမကျမိအောင်
အံတင်းတင်းကြိတ်ပြီးမျက်နှာပြင်ကို
ကောင်းကင်ဖက်ကိုမျက်နှာမူထားလိုက်တယ်။

အရင်ကနွေးထွေးခဲ့တဲ့အတိတ်ညနေခင်းတွေ
အေးစက်စက်မာကြောကြောနဲ့ 
တောင့်တင်းခက်ထန်နေသလို
ခရမ်းရောင်အခိုးအငွေ့ တဖိတ်ဖိတ်လက်နေတယ်
ငှက်မောင်နှံတူစုံပျံသန်းသွားတာတောင်
ရဲရဲတင်းတင်းမကြည့်ချင်အောင်ဖြစ်နေခဲ့ရတယ် ။

ဟန်နီရေ ..
နင်နဲ့ ခွဲရတော့မယ်ဆိုတဲ့ အသိက
ရင်ပြင်တခုလုံးငရဲမီးနဲ့ ပက်ခံထားရသလို
စပ်ဖျင်းဖျင်းနဲ့ ခံရခက်လှတယ်
နင်အဆုံးအထိများတွေးခဲ့ပြီးလို့ 
ငါတို့ နှစ်ယောက်လမ်းခွဲခဲ့ကျရင်
သမင်လည်ပြန်လှည့်မကြည့်ခဲ့ပါနဲ့ နော်
နင့်ရဲ့ နောက်ကျောပြင်လေးကိုငေးကြည့်ရင်း
ငါတခုဆုတောင်းပေးချင်သေးလို့ ပါ
နောင်လာမဲ့ မနက်ဖန်တိုင်းမှာ
စိတ်ညစ်စရာကင်းကွာစေမယ့်နေ့ တွေကို
အစိုးရတဲ့ဘုရင်မတပါးအဖြစ်
စိုးမိုးချယ်လှယ်နိုင်ပါစေလို့ ..........


မိုးသူ(တောင်ကြီး)
14 July 2012/Saturday
06:18/PM
နှစ်ဦးနှစ်ဖက်မာနတွေကြောင့်
ကွေကွင်းခဲ့ရတဲ့ ချစ်သူများအတွက်
စကားလုံးအသွင်ချရေးကြည့်မိတာပါ ။   ။
 ╰☆╮╰☆╮╰☆╮ ╰☆╮╰☆╮╰☆╮ ╰☆╮╰☆╮╰☆╮ ╰☆╮╰☆╮╰☆╮ ╰☆╮╰☆╮╰☆╮
 ╰☆╮╰☆╮╰☆╮ ╰☆╮╰☆╮╰☆╮ ╰☆╮╰☆╮╰☆╮ ╰☆╮╰☆╮╰☆╮ ╰☆╮╰☆╮╰☆╮
မိုးသူရဲ့ blog ကို အမြဲလိုလိုလာရောက်အားပေး
မိတ်ဆွေသင်္ဂဟ blogger အပေါင်းတို့ ရေ
မော်ဒန်ကဗျာတွေကိုဖတ်တဲ့ အခါ
စိတ်ထဲမှာရှင်းနေတဲ့ အချိန်မှဖတ်ပါ
နားလည်ချင်ဇောနဲ့ အားစိုက်ထုပ်ပြီးမဖတ်ပါနဲ့ 
မိုးသူရေးတဲ့ ကဗျာတွေက အဆင့်သိပ်မမြင့်သေးပါဘူး
စကာလုံးတွေခိုင်းနိုင်းတန်ဆာဆင်ယုံလေးပါ
အနက်နဲနဲတွေအရမ်းမတွေးပါနဲ့ အပေါ်ယံလေးသာ ရှပ်တွေးပါ
စကားလုံးတွေကို စကားလုံးအသွင်၊အဓိပ္ပါယ်အနေနဲ့ နားလည်ပြီးသာဖတ်ပါ
မိုးသူဆိုလိုချင်တဲ့ ဦးတည်ချက်ကိုဖတ်နေရင်းနဲ့ 
သူ့ ဟာသူ ရောက်သွားပါလိမ့်မယ်
မိုးသူအားကျရတဲ့ ကဗျာဆရာကြီးတွေကို မမှီနိုင်သေးပါဘူး
အဆင့်က သိပ်နိမ့်လွန်းအားကြီးနေပါသေးတယ်
မိုးသူကဗျာတွေက သာမန်အတွေးနဲ့ တင်လုံလောက်ပါတယ်
မိုးသူအားကျရတဲ့ ကဗျာဆရာ ဆရာငြိဏ်းဝေ တို့ ဆရာမောင်ချောနွယ်
ဆရာဖော်ဝေး ဆရာတာရာမင်းဝေ ဆရာဇော်ဇော်အောင်
တို့ ရဲ့ ခြေဖျားကိုတောင်မမှီနိုင်သေးပါဘူး
ဆရာငြိဏ်းဝေရဲ့ ပိုစ့်မော်ဒန် ကဗျာတချို့ ဖတ်ကြည့်ကြည့်ပါ
မိုးသူအရမ်းကြိုက်တဲ့ style နဲ့ 
ဆရာငြိဏ်းဝေကဗျာလေးပါ >>>>>
http://lanolay.wordpress.com/2012/06/13/%E1%80%80%E1%80%BC%E1%80%94%E1%80%B9%E1%80%86%E1%80%80%E1%80%B9%E1%80%9F%E1%80%AC-%E1%80%95%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%B6%E1%80%AF%E1%81%8A-%E1%80%80%E1%80%97%E1%80%BA%E1%80%AC%E1%80%9F/#respond

ဒီဟာက နောက်တပုဒ်ပါ ဆရာငြိဏ်းဝေလက်ရာလေးပါပဲ>>>>>
http://lanolay.wordpress.com/2012/06/13/%E1%80%80%E1%81%BD%E1%80%BC%E1%80%94%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%9E%E1%80%AC%E1%80%B8%E1%80%95%E1%80%B2%E1%81%8B-%E1%80%92%E1%80%AB%E1%80%9F/#respond

မိုးသူကဗျာခပ်ညံ့ညံ့တွေကိုလာဖတ်ပေးတဲ့ 

သူငယ်ချင်းတွေကိုအရမ်းကျေးဇူးတင်ပါတယ်

သူငယ်ချင်းတို့ ရဲ့ အားပေးမှုတွေနဲ့ 

မိုးသူ ကဗျာတွေဆက်ရေးနေပါအုံးမယ်

လေးစားစွာဖြင့်

မိုးသူ(တောင်ကြီး)

(⁀‵⁀,)♥ ♥ ♥♥ ♥ ♥
.`⋎´ ♥¸.•°*”˜˜”*°•. ♥
... ♥¸.•°*”˜˜”*°•. ♥ ♥. :) (⁀‵⁀,)♥ ♥ ♥
.`⋎´ ♥¸.•°*”˜˜”*°•. ♥
... ♥¸.•°*”˜˜”*°•. ♥ ♥. :)
...•°*”˜˜”*°•့
...•°*”˜˜”*°•့

3 comments:

စံပယ်ချို said...

ညှိနှိုင်းလို့ မရတော့တဲ့ မာနတစုံအကြားမှာ
သံယောဇဉ်တွေမြေဇာမြက်ပင်ဖြစ်ရတော့မယ်------
-------
အဲဒီမြေဇာမြက်ကနေ အလွမ်းပင်လေးတွေ ဖူးပွင့်ဝေေ၀စီခဲ့ရတာပေါ့ကွယ်

ချစ်စံအိမ် said...

ကဗျာလေးတွေလာလာဖတ်ပြီး အားကျမိပါတယ် ရေးတတ်ချင်လိုက်တာ
ဘယ်ကစရေးရမလည်းသိဘူး အပျိုကြီးကဗျာယူသွားမယ်နော်
ဖေ့ဘုတ်မှာတင်လိုက်မယ် ကြိုက်လို့ :P

မြတ်နိုးသူ said...

ကဗျာလေးလာခံစားသွားပါတယ်

Post a Comment