ကဗျာဓါတ်ပုံ(၂) နှင့် ဟိုရောက်ဒီရောက်စာများ

Facebook ပေါ်မှာ မိုးသူ(တောင်ကြီး)

လက်ကမြင်းထားသောစာနှင့်ပုံများ....



 သောက
======
သူငယ်ချင်းရေ...
မနက်ဖန်
ငါထပ်လာခဲ့အုံးမယ်....

မိုးသူ(တောင်ကြီး)
14mAy2012/Monday
04:57/PM

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^



သေမင်း
======
ဒီမှာ....
ကိုယ့်လူ
မကျေနပ်ရင်
လာလမ်းအတိုင်းပြန်...

မိုးသူ(တောင်ကြီး)
12mAy2012/Saturday
06:07/AM

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^



 မြွေပွေး
=====
အဆင်းဘီးတပ်တဲ့
ပြည့်တန်ဆာတွေနဲ့ 
ကခုန်နေခိုက်
ငါဟာ မသိမသာပဲ
တွားသွားတကောင်လို
ဟန်ဆောင်မိတယ် ။

မိုးသူ(တောင်ကြီး)
25 June 2012/Monday
09:53/AM

 ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^



နင်ချရေးလိုက်တဲ့

ပန်းချီကားမှာ

ငါ့အတွက်

ကောက်ကြောင်းမပါခဲ့ဘူး

မိုးသူ(တောင်ကြီး)

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


 စာဖတ်သူ ၊ စာပေဝေဖန်တဲ့သူသာ
>>>>မရှိရင်<<<<
ကဗျာတပုဒ်(သို့ )စာပေတပုဒ်ဟာ
ဘယ်လောက်ပဲကောင်းနေပါစေ
သရုပ်မဲ့စကားလုံး
ပုံဆောင်ခဲတခုမျှသာဖြစ်တယ် ။   ။

မိုးသူ(တောင်ကြီး)

 ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^



 အလွမ်းဆုံးနေ့
========
သမရိုးကျမဟုတ်ပါဘူးကွယ်

နိုးထခဲ့တဲ့ သက်ပြင်းတွေက

ချက်ချင်းကိုအစွမ်းပြ

တမ်းတခြင်းတွေနဲ့သုံးသပ်

နင်ဆုံးဖြတ်တဲ့ အဖြေ

တကယ်ပဲတွေဝေခဲ့တယ်

ပေတေကာနေတဲ့ညနေခင်း

မျက်ဝန်းမှာပုလဲတွေစီ

ညီညီညာညာပဲသီကုံး

အဲဒီနေ့ ဟာအလွမ်းဆုံးပေါ့........

မိုးသူ(တောင်ကြီး)
29December2011/Thursday

 ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^



 အရက်သမားအိမ်မက်

ပလုံခနဲကျ
ဇွတ်ခနဲမြုတ်
ဗြုန်းခနဲငုတ်တုတ်
ဖုတ်လိုက်ဖုတ်လိုက်
အသက်ရှုသံ ။  ။

မိုးသူ(တောင်ကြီး)

 ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


 အပျိုကြီးတယောက်၏ကျိမ်စာ
================
သက်တမ်းလွန်
ပန်းတပွင့်အဖြစ်တော့
မကြွေပါရစေနဲ့ 
နင်စွတ်မှညွှတ်ရမယ့်ဘ၀မို့ 
ငါ့ကိုယ်ငါ ခြွေချပစ်လိုက်တယ်
ငါ့တန်ဖိုးနင်သိစေ
ဒါဟာငါ့ရဲ့ ကျိမ်စာ ။

မိုးသူ(တောင်ကြီး)

19 May 2012
02:14

 ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


 အနာဂတ်ကိုပုံဖော်နေတဲ့ လမ်းကြောင်းမှာ

အမှိုက်ကိုလဲဂရုမစိုက်နဲ့ 

ဒိုက်တွေနဲ့ လဲတုပြီးမမိုက်နဲ့ 

အထိုက်လျှောက်သာရှင်းထုတ်

လိုအပ်ရင်နရင်းပါအုပ်ထည့်လိုက် :P

မိုးသူ(တောင်ကြီး)

၂၁ဇူလိုင်၂၀၁၂စနေနေ့ 

 ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


လက်တွဲဖော်
=======
နင်မပါရင်

အဲဒီခရီးကို

ငါတယောက်ထဲ

မသွားတတ်လို့  ။

မိုးသူ(တောင်ကြီး)
08 June 2012/Friday
07:41/AM

 ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


 ရူးသွပ်စွာလွမ်းဆွတ်ခြင်း
=============
စမ်းရေဟာအေးတယ်
ဒါပေမယ့်....ခမ်းတတ်တယ်နော်

ပန်းတွေဟာမွှေးတယ်
ဒါပေမယ့်.....နွမ်းတတ်တယ်နော်
 
ဇင်မာရေ......
အလွမ်းတွေဟာပူလောင်ပေမယ့်
ကြည်နူးမှုတွေနဲ့ 
ရူးသွပ်စေသတဲ့လေ.......

မိုးသူ(တောင်ကြီး)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


 တခုခု........ ???
==========
ငါ.....
ငါပေါ့
ငါသူ့ အတွက် ရိုးသား  ရတော့မယ်
ငါသူ့ အတွက် သစ္စာရှိ  ရတော့မယ်
ငါသူ့  အတွက် ရဲရင့်   ရတော့မယ်
ငါသူ့  အတွက်ပေးဆပ် ရတော့မယ်
ငါသူ့  အတွက် အရာရာဖန်ဆင်းနိုင်မယ့်
....လူတယောက်ဖြစ်ခွင့် ရတော့မယ်
သူ....
သူပေါ့
ငိုနဲ့နော်
ချစ်တယ်ကွာ
ရပြီလား
ရှက်လိုက်တာနော်........တဲ့လေ

for someone special
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


စိတ်ဓါတ်
----------
ဟေ့....ဒီမှာ
လောကဓံ
မင်းဖန်တီးလိုက်တာဟာ
ငါ့ဘ၀မဟုတ်သေးဘူး
ငါ့ဘ၀ ငါပိုင်တယ်
ငါ့ဘ၀ ငါဖန်တီးပြမယ်
ငါ့ရဲ့ အနုသုခုမတွေ
အရောင်တငြီးငြီးနဲ့ 
လင်းထိန်စေရမယ် .....

မိုးသူ(တောင်ကြီး)
12 july 2012/Thursday
09:00/PM
 ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


 ကိုယ့်အတွေးနဲ့ကိုယ်
============
စိတ်ကူးဟာ
သိပ်မထူးပေမယ့်
စိတ်ရူးတဲ့အတွေး
ဘေးမတွေ့ ခဲ့ရင်တော့
ငါဟာရှင်ဘုရင်ပေါ့ ။   ။

မိုးသူ(တောင်ကြီး)
07 JUNE 2012/THURSDAY
07:56/PM

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^



သံစဉ်တွေကြားမှာစီးမျှော

မပြီးသေးသောအနာဂတ်မှာ

စာမတတ်ခဲ့တဲ့နောင်တတွေနဲ့ 

နင်လက်ညိုးညွှန်တဲ့ နေရာတိုင်းမှာ

ငါ့ အလွမ်း တွေဖြစ်တည်စေ......

မိုးသူ(တောင်ကြီး)

 ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^



ငါ ၏ မုသား
=======
မနေ့ က....
ငါနင့်ကိုချစ်ခဲ့တယ် ။
ဒီနေ့ လဲ....
ငါနင့်ကိုအရမ်းချစ်နေတယ် ။
မနက်ဖန်လဲ....
ငါနင့်ကိုဒီထက်ပို
ချစ်နိုင်မယ်ထင်တယ် ။   ။

မိုးသူ(တောင်ကြီး)
27mAy2012/Sunday
06:31/Pm
 ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


လူတွေက ရီ(ရယ်)ရတယ်လို့ 
ခင်ဗျားတွေးမိဖူးပါသလား
ခင်ဗျားဟာဘယ်လောက်ရီ(ရယ်)ရလဲ
ဆိုတာကိုကောတွေးမိဖူးလား
အမှန်တရယ်ခင်ဗျားကအရမ်း
ရီ(ရယ်)ရတဲ့သူတယောက်ပါ ။

မိုးသူ(တောင်ကြီး)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


 သူငယ်ချင်းရေ ..
ချစ်စရာရှိတာ....ချစ်လိုက်ပါ
ပစ်စရာရှိတာ....ပစ်လိုက်ပါ
မုန်းစရာရှိတာ....မုန်းလိုက်ပါ
ပြုံးစရာရှိတာ.....ပြုံးလိုက်ပါ
ချစ်ရင်လဲ.....နှလုံးသားမပါစေနဲ့ 
ပစ်ရင်လဲ......အကောင်းတွေမပါစေနဲ့ 
မုန်းရင်လဲ....နာကျဉ်းမှုမပါစေနဲ့ 
ပြုံးရင်လဲ.....ဟန်ဆောင်မပြုံးမိပါစေနဲ့ 

မိုးသူ(တောင်ကြီး)

 ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


ဒီမှာမိတ်ဆွေ... 
စာဖတ်ပျင်းတဲ့
သင့်အတွက်
ဗဟုသုတ
အတတ်ပညာ
အသိတရားသည်
အစဉ်အမြဲ
ခေါင်းပါးနေပေလိမ့်မည် ။  ။

မိုးသူ(တောင်ကြီး)

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
 

Don't be afraid to die ,

You will not live twice

in one life.

Moe Thu (TGI)

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


Try the best in your life

Because

Second chance is no more

 better than now.

Moe Thu (TGI)

7 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာတွေအားရပါးရ ခံစားလိုက်ရလို့ ကျေးဇူးပါ မိုးသူရေ ။
စကားမစပ် ကဗျာထဲမှာ ဇင်မာဆိုတာ ဘူလေးလဲဟင် ဟိ ။

ဇင်မာရေ......
အလွမ်းတွေဟာပူလောင်ပေမယ့်
ကြည်နူးမှုတွေနဲ့ 
ရူးသွပ်စေသတဲ့လေ.......

စံပယ်ချို said...

သောကတွေမဖော်ပြုပြီးသေမင်းကိုစောင့်စားရင်း
သူငယ်ချင်းရေ ..
ချစ်စရာရှိတာ....ချစ်လိုက်ပါ
ပစ်စရာရှိတာ....ပစ်လိုက်ပါ
မုန်းစရာရှိတာ....မုန်းလိုက်ပါ
ပြုံးစရာရှိတာ.....ပြုံးလိုက်ပါ
ချစ်ရင်လဲ.....နှလုံးသားမပါစေနဲ့ 
ပစ်ရင်လဲ......အကောင်းတွေမပါစေနဲ့ 
မုန်းရင်လဲ....နာကျဉ်းမှုမပါစေနဲ့ 
ပြုံးရင်လဲ.....ဟန်ဆောင်မပြုံးမိပါစေနဲ့ 
အဲတာ အကောင်းတကာ့ အကောင်းဆုံးပါပဲ

အိပ်မက်ကောင်းကင် said...

လက်စွမ်းပြထားတာတွေတော်တော်ကောင်းပါတယ်
ကျွန်တော်လည်းမမစံပယ်လိုပဲ
သူငယ်ချင်းရေ ..
"ချစ်စရာရှိတာ....ချစ်လိုက်ပါ
ပစ်စရာရှိတာ....ပစ်လိုက်ပါ
မုန်းစရာရှိတာ....မုန်းလိုက်ပါ
ပြုံးစရာရှိတာ.....ပြုံးလိုက်ပါ
ချစ်ရင်လဲ.....နှလုံးသားမပါစေနဲ့ 
ပစ်ရင်လဲ......အကောင်းတွေမပါစေနဲ့ 
မုန်းရင်လဲ....နာကျဉ်းမှုမပါစေနဲ့ 
ပြုံးရင်လဲ.....ဟန်ဆောင်မပြုံးမိပါစေနဲ့ "
သည်အပိုဒ်လေးကို အကြိုက်ဆုံးပဲ ♣ ♥ ♠ ♦

အလွမ်းမြို့ said...

မိုးသူရေ..

တကယ်ထက်တဲ့ အစွမ်းတွေနဲ့ လက်ရည်ပြလိုက်တာဘဲ။
မကြီး အကုန်ဖတ်အားပေးသွားတယ်။
မိုးသူရေးတဲ့
(((အပျိုကြီးတယောက်၏ကျိမ်စာ
================
သက်တမ်းလွန်
ပန်းတပွင့်အဖြစ်တော့
မကြွေပါရစေနဲ့ 
နင်စွတ်မှညွှတ်ရမယ့်ဘ၀မို့ 
ငါ့ကိုယ်ငါ ခြွေချပစ်လိုက်တယ်
ငါ့တန်ဖိုးနင်သိစေ
ဒါဟာငါ့ရဲ့ ကျိမ်စာ ။

မိုးသူ(တောင်ကြီး)
))))) ကို အပျိုကြီး ချစ်စံအိမ်အတွက်များ
ရည်ရွယ်ရေးပေးတာလားဟင်...အဟီး


ခင်တဲ့
မကြီးလွမ်း

3rdthameetaw said...

စာဖတ်သူ ၊ စာပေဝေဖန်တဲ့သူသာ
>>>>မရှိရင်<<<<
ကဗျာတပုဒ်(သို့ )စာပေတပုဒ်ဟာ
ဘယ်လောက်ပဲကောင်းနေပါစေ
သရုပ်မဲ့စကားလုံး
ပုံဆောင်ခဲတခုမျှသာဖြစ်တယ် ။ ။

ဘလော့ကာတွေ အားလုံးအတွက် ဒါလေး က အဓိပ္ပါယ်အရှိဆုံးလို့ ထင်တယ် သိလား..သမီးတော်ဆီ က ပို့စ်တွေကို အဆင်ပြေသလိုသုံးနိုင်ပါတယ် ယူသုံးတဲ့အတွက်ကို ပဲ ကျေးဇူးတင်ပါတယ် နော်

ချစ်စံအိမ် said...

မိုးသူတစ်ယောက်ကဗျာတော်တော်ရေးနိုင်တာပဲ
အရေးအသားတွေကောင်းလို့ အားကျမိပါတယ်..
တစ်မချို့ကဗျာတွေကျတော့လည်းလိုက်မမှီဘူး..
ဝလာလို့ထင်တယ်..ပြေးရတာမောတယ် :P

ကိုရင် said...

မြွေပွေးကို သဘောကျတယ်..

Post a Comment